ဘိုင်ယန်ကို တစ်သင်းလုံးနဲ့ တစ်ယောက်ရင်ဆိုင်သွားတဲ့ ယန်ဆွန်မာ

ဘိုင်ယန်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို လက်စွမ်းပြကာကွယ်သွားခဲ့တဲ့ ဂလက်ဘတ်ဂိုးသမား ယန်ဆွန်မာရဲ့ကာကွယ်မှုတွေကတော့ အံ့မခန်းဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဂိုးအဖြစ် ပြောင်းလဲနိုင်မယ့် ဂိုးကန်သွင်းချက် ၁၉ ကြိမ်စလုံးကို

ယန်ဆွန်မာက ဂလက်ဘတ်အတွက် ကာကွယ်ပေးသွားနိုင် ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ ဘိုင်ယန်ဟာ အိမ်ကွင်းပွဲဖြစ်ခဲ့ပေမယ့် ဂလက်ဘတ်ကို ဦးဆောင်ဂိုးပေးခဲ့ရပြီး နောက်ကနေ ပြန်လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဂလက်ဘတ်ဟာ ဘိုင်ယန်နဲ့တွေ့တိုင်း

ဒုက္ခပေးတတ်တဲ့အသင်းဖြစ်ပြီး အခုပွဲ မှာလည်း အဲဒီအစဉ်အလာကိုဆက်ထိန်းပြသွားနိုင်ခဲ့တာလည်းဖြစ်တယ်။ ပွဲချိန် ၈၃ မိနစ်မှာ လီရွိုင်းဆာနေး ချေးပ ဂိုးမသွင်းပေးနိုင်ခဲ့ရင် ဘိုင်ယန်တောင် ရှုံးသွားရမယ့်အခြေအနေရှိခဲ့တာပါ။ ပထမပိုင်း ၄၃ မိနစ်မှာ

ဂလက်ဘတ် အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး မားကပ်စ်တူရမ်ကသွင်းထားပေးခဲ့တာဖြစ်ပြီး ဘိုင်ယန်ကချေပဂိုးရဖို့အတွက် အသည်းအသန် တိုက်စစ်ဆင် ကစားသွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဆာနေး၊ မာနေး၊ ပါဗက်၊ မူလာ၊

ဂျီနာ ဘရီတို့ရဲ့ဂိုးအဖြစ်ပြောင်းလဲမယ့် တစ်ကြိမ်မကတဲ့ကန်ချက်တွေကို ဂလက်ဘတ်ဂိုးသမား ယန်ဆွန်မာ က ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဘိုင်ယန်အနေနဲ့ သရေရလဒ်နဲ့ပဲကျေနပ်သွားခဲ့ရတာပါ။ နည်းပြ နာဂယ်စမန် ကတော့ အခုပွဲမှာ ၃၅ ကြိမ်လောက်

ဂိုးပေါက်ကန်သွင်းနိုင်ခဲ့တဲ့ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ် ပြီးအပြစ်တင်စရာမရှိဘူးလို့ဆိုခဲ့ပါတယ်။ ဂလက်ဘတ်အတွက် အကောင်းဆုံးကာကွယ်မှုတွေ ပြုလုပ်ပေးသွားတဲ့ ယန်ဆွန်မာတော့ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်

ဂိုးကာကွယ်မှု ၁၉ ကြိမ်နဲ့ အမြင့်ဆုံး စံချိန်တင်သွားနိုင်ခဲ့ ပါတယ်။ သူ့မတိုင်ခင် စံချိန်တင်ထားခဲ့တာကတော့ ဟာသာဘာလင်ဂိုးသမား အလက်ဇန္ဒားဖြစ်ပြီး ၁၄ ကြိမ် ကာကွယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ဘိုင္ယန္နဲ႔ပြဲမွာ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြကို လက္စြမ္းျပကာကြယ္သြားခဲ့တဲ့ ဂလက္ဘတ္ဂိုးသမား ယန္ဆြန္မာရဲ႕ကာကြယ္မႈေတြကေတာ့ အံ့မခန္းျဖစ္ခဲ့ပါတယ္။ ဘိုင္ယန္အတြက္ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္မယ့္ ဂိုးကန္သြင္းခ်က္ ၁၉ ႀကိမ္စလုံးကို

ယန္ဆြန္မာက ဂလက္ဘတ္အတြက္ ကာကြယ္ေပးသြားႏိုင္ ခဲ့တာပါ။ အဲဒီပြဲစဥ္မွာ ဘိုင္ယန္ဟာ အိမ္ကြင္းပြဲျဖစ္ခဲ့ေပမယ့္ ဂလက္ဘတ္ကို ဦးေဆာင္ဂိုးေပးခဲ့ရၿပီး ေနာက္ကေန ျပန္လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။ ဂလက္ဘတ္ဟာ ဘိုင္ယန္နဲ႔ေတြ႕တိုင္း ဒုကၡေပးတတ္တဲ့အသင္းျဖစ္ၿပီး

အခုပြဲ မွာလည္း အဲဒီအစဥ္အလာကိုဆက္ထိန္းျပသြားႏိုင္ခဲ့တာလည္းျဖစ္တယ္။ ပြဲခ်ိန္ ၈၃ မိနစ္မွာ လီ႐ြိဳင္းဆာေနး ေခ်းပ ဂိုးမသြင္းေပးႏိုင္ခဲ့ရင္ ဘိုင္ယန္ေတာင္ ရႈံးသြားရမယ့္အေျခအေနရွိခဲ့တာပါ။ ပထမပိုင္း ၄၃ မိနစ္မွာ ဂလက္ဘတ္ အတြက္ ဦးေဆာင္ဂိုးကို

တိုက္စစ္မႉး မားကပ္စ္တူရမ္ကသြင္းထားေပးခဲ့တာျဖစ္ၿပီး ဘိုင္ယန္ကေခ်ပဂိုးရဖို႔အတြက္ အသည္းအသန္ တိုက္စစ္ဆင္ ကစားသြားခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ ဆာေနး၊ မာေနး၊ ပါဗက္၊ မူလာ၊ ဂ်ီနာ ဘရီတို႔ရဲ႕ဂိုးအျဖစ္ေျပာင္းလဲမယ့္

တစ္ႀကိမ္မကတဲ့ကန္ခ်က္ေတြကို ဂလက္ဘတ္ဂိုးသမား ယန္ဆြန္မာ က ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဘိုင္ယန္အေနနဲ႔ သေရရလဒ္နဲ႔ပဲေက်နပ္သြားခဲ့ရတာပါ။ နည္းျပ နာဂယ္စမန္ ကေတာ့

အခုပြဲမွာ ၃၅ ႀကိမ္ေလာက္ဂိုးေပါက္ကန္သြင္းႏိုင္ခဲ့တဲ့ သူ႔ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္ ၿပီးအျပစ္တင္စရာမရွိဘူးလို႔ဆိုခဲ့ပါတယ္။ ဂလက္ဘတ္အတြက္ အေကာင္းဆုံးကာကြယ္မႈေတြ ျပဳလုပ္ေပးသြားတဲ့

ယန္ဆြန္မာေတာ့ ဘြန္ဒက္စ္လီဂါသမိုင္းတစ္ေလွ်ာက္ ဂိုးကာကြယ္မႈ ၁၉ ႀကိမ္နဲ႔ အျမင့္ဆုံး စံခ်ိန္တင္သြားႏိုင္ခဲ့ ပါတယ္။ သူ႔မတိုင္ခင္ စံခ်ိန္တင္ထားခဲ့တာကေတာ့ ဟာသာဘာလင္ဂိုးသမား အလက္ဇႏၵားျဖစ္ၿပီး ၁၄ ႀကိမ္ ကာကြယ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။