ဘိုင်ယန်ကို ကျွန်တော်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူးဗျာ (ဘာစီလိုနာနည်းပြ ဇာဗီး)

ဘိုင်ယန်မြူးနစ်ကို ၃-၀ ဂိုးနဲ့ ဒူးထောက်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလို နာအသင်းဟာ

ဂျာမန်ကလပ်ကို ပခုံးချင်းမယှဉ်နိုင်ခဲ့ဘူးလို့ ဘာစီလိုနာနည်း ပြ ဇာဗီးက ဝန်ခံလိုက်ပါတယ်။

အစောပိုင်း ပွဲစဉ်မှာ အင်တာမီလန်က ဗစ်တိုးရီးယား ပဲလ်ဇန်ကို အနိုင်ရခဲ့တာကြောင့်

နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဘာစီလိုနာဟာ ဘိုင်ယန်နဲ့ ပွဲစဉ်ရဲ့ ရလဒ်ကို

စောင့်ဆိုင်းစရာ မလိုတော့ဘဲ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ အသင်းပါ။

ဒါကြောင့် အင်တာနဲ့ပွဲစဉ်ရဲ့ ရလဒ်ဟာ အသင်းရဲ့ စိတ်ဓာတ်ရေးရာအပေါ်မှာလည်း ထိခိုက်စေခဲ့ပြီး

တကယ်တမ်း ယှဉ်ပြိုင်ကစားတဲ့အခါမှာလည်း ပြိုင်ဘက်အသင်းကိုမယှဉ်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

‘’ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ သူတို့အသင်းရဲ့ အဆင့်အတန်းမျိုး မရှိခဲ့ဘူး။ သူတို့က ပိုကောင်းခဲ့တာပါ။

မြူးနစ်မှာတုန်းက ကျွန်တော်တို့က ကောင်းခဲ့တာဗျ။ ဒါပေမဲ့ ဒီနေ့ပွဲမှာ သူတို့က ပိုကောင်းခဲ့တယ်။

ပိုပြီးတော့လည်း မာမာချာချာ ကစားနိုင်ခဲ့တယ်။ ပြိုင်ပွဲကနေပြီး ထွက်လိုက်ရပြီဆိုတဲ့ အသိက

ကျွန်တော်တို့ကို ရုပ်ပိုင်းဆိုင်ရာအရ အများကြီး သက်ရောက်မှုရှိခဲ့ပါတယ်။ မနက်ဖြန်ကျရင်တော့ ကျွန်တော်တို့ လေ့ကျင့်ခန်းဆင်းရင်းနဲ့

လာလီဂါအကြောင်းပဲ စဉ်းစား ရပါမယ်။ ဒီအုပ်စုက အရမ်းကို ခက်ခဲလွန်းပြီး မျှော်လင့်ချက်တွေကလည်း

အရမ်းကို မြင့်မားလွန်းတဲ့ အုပ်စုမျိုးဖြစ်တယ်။ ကျွန်တော်တို့အတွက် အရာ အားလုံးက ဖြစ်နိုင်တာမျိုးပါ။

ရက်စက်လွန်းတယ်ဗျာ။ ဒီနေ့ပွဲမှာ သူတို့ကို ကျွန်တော်တို့ လုံးဝကို မယှဉ်နိုင်ခဲ့တာပါ’’ လို့ ဇာဗီးက

ဘိုင်ယန်နဲ့ပွဲအပြီး သ တင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ အင်တာမီလန်အသင်း

ရလဒ် မထွက်ခင်အချိန်ကတည်းက ဘာစီလိုနာဟာ ပြိုင်ပွဲကနေ ထွက်သွားရဖို့ ရှိနေတယ်လို့

ပြောဆိုမှုတွေရှိခဲ့တဲ့အပေါ် လုံးဝကို ဂရုမစိုက်ခဲ့ဘဲ အကောင်း ဘက်ကိုသာ

ဦးတည်ထားခဲ့တာမျိုးဖြစ်ပေမယ့် ဒီကနေ့ ပွဲစဉ်မှာတော့ ဘိုင်ယန်ကို ဘယ်လိုနည်းနဲ့မှ ယှဉ်ကစားလို့ မရခဲ့တဲ့ အတွက်ကြောင့်

အခုလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာဖြစ်တယ်လို့လည်း ဇာဗီးက တစ်ဆက်တည်း ဝန်ခံသွား ခဲ့ပါတယ်။

(Zawgyi)

ဘိုင္ယန္ကို ကြၽန္ေတာ္တို႔ ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့ဘူးဗ်ာ (ဘာစီလိုနာနည္းျပ ဇာဗီး)

ဘိုင္ယန္ျမဴးနစ္ကို ၃-၀ ဂိုးနဲ႔ ဒူးေထာက္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘာစီလို နာအသင္းဟာ

ဂ်ာမန္ကလပ္ကို ပခုံးခ်င္းမယွဥ္ႏိုင္ခဲ့ဘူးလို႔ ဘာစီလိုနာနည္း ျပ ဇာဗီးက ဝန္ခံလိုက္ပါတယ္။

အေစာပိုင္း ပြဲစဥ္မွာ အင္တာမီလန္က ဗစ္တိုးရီးယား ပဲလ္ဇန္ကို အႏိုင္ရခဲ့တာေၾကာင့္ ႏူးကမ့္ကြင္းမွာ

ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဒီပြဲစဥ္မွာ ဘာစီလိုနာဟာ ဘိုင္ယန္နဲ႔ ပြဲစဥ္ရဲ႕ ရလဒ္ကို ေစာင့္ဆိုင္းစရာ မလိုေတာ့ဘဲ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတဲ့ အသင္းပါ။

ဒါေၾကာင့္ အင္တာနဲ႔ပြဲစဥ္ရဲ႕ ရလဒ္ဟာ အသင္းရဲ႕ စိတ္ဓာတ္ေရးရာအေပၚမွာ လည္း ထိခိုက္ေစခဲ့ၿပီး

တကယ္တမ္း ယွဥ္ၿပိဳင္ကစားတဲ့အခါမွာလည္း ၿပိဳင္ ဘက္အသင္းကို မယွဥ္ႏိုင္ေအာင္ ျဖစ္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

‘’ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ဟာ သူတို႔အသင္းရဲ႕ အဆင့္အတန္းမ်ိဳး မရွိခဲ့ဘူး။ သူတို႔က ပိုေကာင္းခဲ့တာပါ။

ျမဴးနစ္မွာတုန္းက ကြၽန္ေတာ္တို႔က ေကာင္းခဲ့တာဗ်။ ဒါေပ မဲ့ ဒီေန႔ပြဲမွာ သူတို႔က ပိုေကာင္းခဲ့တယ္။

ပိုၿပီးေတာ့လည္း မာမာခ်ာခ်ာ ကစား ႏိုင္ခဲ့တယ္။ ၿပိဳင္ပြဲကေနၿပီး ထြက္လိုက္ရၿပီဆိုတဲ့ အသိက

ကြၽန္ေတာ္တို႔ကို ႐ုပ္ပိုင္းဆိုင္ရာအရ အမ်ားႀကီး သက္ေရာက္မႈရွိခဲ့ပါတယ္။ မနက္ျဖန္က်ရင္ ေတာ့ ကြၽန္ေတာ္တို႔ ေလ့က်င့္ခန္းဆင္းရင္းနဲ႔ လာလီဂါအေၾကာင္းပဲ စဥ္းစား ရပါမယ္။

ဒီအုပ္စုက အရမ္းကို ခက္ခဲလြန္းၿပီး ေမွ်ာ္လင့္ခ်က္ေတြကလည္း အရမ္းကို ျမင့္မားလြန္းတဲ့ အုပ္စုမ်ိဳးျဖစ္တယ္။ ကြၽန္ေတာ္တို႔အတြက္ အရာ အားလုံးက ျဖစ္ႏိုင္တာမ်ိဳးပါ။

ရက္စက္လြန္းတယ္ဗ်ာ။ ဒီေန႔ပြဲမွာ သူတို႔ကို ကြၽန္ေတာ္တို႔ လုံးဝကို မယွဥ္ႏိုင္ခဲ့တာပါ’’ လို႔ ဇာဗီးက ဘိုင္ယန္နဲ႔ပြဲအၿပီး သ တင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။

အင္တာမီလန္အသင္း ရလဒ္ မထြက္ခင္အခ်ိန္ကတည္းက ဘာစီလိုနာဟာ ၿပိဳင္ပြဲကေန ထြက္သြားရဖို႔ ရွိေနတယ္လို႔ ေျပာဆိုမႈေတြရွိခဲ့တဲ့အေပၚ လုံးဝကို ဂ႐ုမစိုက္ခဲ့ဘဲ အေကာင္း ဘက္ကိုသာ

ဦးတည္ထားခဲ့တာမ်ိဳးျဖစ္ေပမယ့္ ဒီကေန႔ ပြဲစဥ္မွာေတာ့ ဘိုင္ ယန္ကို ဘယ္လိုနည္းနဲ႔မွ ယွဥ္ကစားလို႔ မရခဲ့တဲ့ အတြက္ေၾကာင့္ အခုလို အျဖစ္မ်ိဳးနဲ႔ ႀကဳံခဲ့ရတာျဖစ္တယ္လို႔လည္း ဇာဗီးက တစ္ဆက္တည္း ဝန္ခံသြား ခဲ့ပါတယ္။