





အုပ်စုအဖွင့်ပွဲစဉ်မှာ ဆားဘီးယားဘက်ကို ၂ဂိုးသွင်းနိုင်ခဲ့တဲ့နောက် ဘရာဇီးတိုက်စစ်မှူးရစ်ချာလီဆန်ရဲ့ ဆိုရှယ်စာမျက်နှာ စိတ်ဝင်စားမှုနှုန်းက ကြောက်စရာကောင်းလောက်အောင်တိုးပွားခဲ့ပါတယ်။
ဘရာဇီးရဲ့ အထောင်တိုက်စစ်နေရာမှာ ပါဝင်ကစားခဲ့တဲ့ ရစ်ချာလီဆန်ရဲ့ ဘိုင်စကယ်ကစ်ဟာ လူပြောများလာခဲ့သလို သူ့ရဲ့ အင်စတာဂရမ်မှာ Followers ၃သန်းအထိထပ်တိုးလာခဲ့တာဖြစ်တယ်။





ဗင်နီယက်စ်ဆီကထွက်လာတဲ့ ဘောလုံးကိုတစ်ချက်ထိန်းပြီး လေပေါ်မှာ ခန္ဓာကိုယ်တစ်ပတ်လှည့်ကန်သွင်းခဲ့တဲ့ ရစ်ချာလီဆန်ရဲ့သွင်းဂိုးက တကယ့်ကိုအဆင့်အတန်းမြင့်လွန်းခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအစမှာ ဘရာဇီးသားရဲ့ အင်စတာဂရမ်နောက်လိုက်က ၈သန်း ဝန်းကျင်သာရှိခဲ့ပေမဲ့ အုပ်စုအဖွင့်ပွဲကစားအပြီးမှာတော့ ၃သန်း ထပ်တိုးခဲ့ပြီး Followers ၁၁သန်းအထိ ရှိလာခဲ့ပါတယ်။





အဲဗာတန်ကနေ စပါးကိုပြောင်းရွှေ့လာကတည်းက လန်ဒန်ကလပ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုးမရသေးတဲ့ ရစ်ချာလီဆန်ဟာ ဘရာဇီးအသင်းမှာတော့ ဂျီဆပ်စ်၊ အန်တိုနီ၊ ရိုဒရီဂိုထက် ဦးစားပေးခံနေရတာကတော့
စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ကစားသမားနဲ့ပတ်သတ်လို့ ဘရာဇီးနည်းပြတီတီက “ရစ်ချာလီဆန်က တကယ်စိတ်လှုပ်ရှားစရာဖြစ်ပါတယ်။ ဘောလုံးကိုဘယ်လိုထိန်းခဲ့သလဲဆိုတာ အားလုံးမြင်ကြမှာပါ။





ဒုတိယပိုင်းမှာ သူ့ကစားပုံပိုမိုတည်ငြိမ်လာခဲ့ပြီး ပေးပို့မှုတွေလိုရာရောက်လာသလို နေရာလွတ်တွေဖန်တီးနိုင်ခဲ့ပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။
(Zawgyi)





ဘိုင္စကယ္ကစ္ရဲ႕တန္ခိုးနဲ႔ အင္စတာဂရမ္မွာ Followers ၃သန္းထပ္တိုးလာတဲ့ ရစ္ခ်ာလီဆန္
အုပ္စုအဖြင့္ပြဲစဥ္မွာ ဆားဘီးယားဘက္ကို ၂ဂိုးသြင္းႏိုင္ခဲ့တဲ့ေနာက္ ဘရာဇီးတိုက္စစ္မႉးရစ္ခ်ာလီဆန္ရဲ႕ ဆိုရွယ္စာမ်က္ႏွာစိတ္ဝင္စားမႈႏႈန္းကေၾကာက္စရာေကာင္းေလာက္ေအာင္တိုးပြားခဲ့ပါတယ္။





ဘရာဇီးရဲ႕ အေထာင္တိုက္စစ္ေနရာမွာ ပါဝင္ကစားခဲ့တဲ့ ရစ္ခ်ာလီဆန္ရဲ႕ ဘိုင္စကယ္ကစ္ဟာ လူေျပာမ်ားလာခဲ့သလို သူ႔ရဲ႕ အင္စတာဂရမ္မွာ Followers ၃သန္းအထိထပ္တိုးလာခဲ့တာျဖစ္တယ္။
ဗင္နီယက္စ္ဆီကထြက္လာတဲ့ ေဘာလုံးကိုတစ္ခ်က္ထိန္းၿပီး ေလေပၚမွာ ခႏၶာကိုယ္တစ္ပတ္လွည့္ကန္သြင္းခဲ့တဲ့ ရစ္ခ်ာလီဆန္ရဲ႕သြင္းဂိုးက တကယ့္ကိုအဆင့္အတန္းျမင့္လြန္းခဲ့ပါတယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲအစမွာ ဘရာဇီးသားရဲ႕ အင္စတာဂရမ္ေနာက္လိုက္က ၈သန္း ဝန္းက်င္သာရွိခဲ့ေပမဲ့ အုပ္စုအဖြင့္ပြဲကစားအၿပီးမွာေတာ့ ၃သန္း ထပ္တိုးခဲ့ၿပီး Followers ၁၁သန္းအထိ ရွိလာခဲ့ပါတယ္။





အဲဗာတန္ကေန စပါးကိုေျပာင္းေ႐ႊ႕လာကတည္းက လန္ဒန္ကလပ္အတြက္ ပရီးမီးယားလိဂ္သြင္းဂိုးမရေသးတဲ့ ရစ္ခ်ာလီဆန္ဟာ ဘရာဇီးအသင္းမွာေတာ့ ဂ်ီဆပ္စ္၊ အန္တိုနီ၊ ႐ိုဒရီဂိုထက္
ဦးစားေပးခံေနရတာကေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။ ကစားသမားနဲ႔ပတ္သတ္လို႔ ဘရာဇီးနည္းျပတီတီက “ရစ္ခ်ာလီဆန္က တကယ္စိတ္လႈပ္ရွားစရာျဖစ္ပါတယ္။





ေဘာလုံးကိုဘယ္လိုထိန္းခဲ့သလဲဆိုတာ အားလုံးျမင္ၾကမွာပါ။ ဒုတိယပိုင္းမွာ သူ႔ကစားပုံပိုမိုတည္ၿငိမ္လာခဲ့ၿပီး ေပးပို႔မႈေတြလိုရာေရာက္လာသလို ေနရာလြတ္ေတြဖန္တီးႏိုင္ခဲ့ပါတယ္” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။