ဘာမှလည်း မလုပ်နိုင်လို့ ဘောလုံးမှာပဲ အကောင်းဆုံးအာရုံစိုက်နေတဲ့ တူချဲလ်နဲ့ အမ်မာဟေးယက်စ်

“ကျွန်တော်တို့ ချဲလ်ဆီးမှာ ပွဲအတွက် ဝတ်ကစားဖို့ အင်္ကျီတွေ

လောက်လောက်ငှငှ ရှိသရွေ့၊ ပွဲသွားကစားဖို့ ဘတ်စကားတစ်စီးရှိနေသရွေ့တော့

အစွမ်းကုန်ကြိုးစားပြီး ပွဲတွေကစားနေဦးမှာပေါ့ဗျာ”

ချဲလ်ဆီး လတ်တလောကြုံတွေ့နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး

နော်ဝှစ်ကို ၁-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမတိုင်မီ ဗြိတိန်မီဒီယာတွေကို

နည်းပြ သောမတ်တူချဲလ်က ပြောကြားခဲ့တဲ့ စကားတွေပါ။

ဗြိတိန်အစိုးရက ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ကို

အရေးယူပိတ်ဆို့လိုက်ပြီးနောက် ချဲလ်ဆီးရဲ့ အခြေအနေဟာ

ဘက်ပေါင်းစုံက ဝေဝါးသွားခဲ့ပါတယ်။

ပွဲကြည့်ခွင့်လက်မှတ်တွေမရောင်းရတော့တာ၊

အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ မဖွင့်ရတော့တာ၊

ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်က ရရှိမယ့်ဆုကြေးတွေကို မရနိုင်တော့တာ၊

ပေါင်သန်း ၅၄၀ တန်ကြေးရှိတဲ့ ဝတ်စုံစပွန်ဆာကို ရပ်တန့်ဖို့ကိုပါ

အမေရိကန်အားကစားကုန်ပစ္စည်းထုတ်ကုမ္ပဏီ NIKE က

စဥ်းစားလာတာတွေနဲ့အတူ ချဲလ်ဆီးရဲ့အနာဂတ်က ဝေဝါးပြီး

လမ်းပျောက်တဲ့ပုံစံကြုံတွေ့နေတာပါ။

တူချဲလ်ကတော့ ဒီကိစ္စတွေ၊ အခြေအနေတွေဟာ သူ့အနေနဲ့သာမက

ချဲလ်ဆီးအနေနဲ့လည်း ဘာမှ မတတ်နိုင်ဘူးလို့ဆိုပါတယ်။

သူကတော့ ချဲလ်ဆီးလို အသင်းကြီးတစ်သင်းရဲ့နည်းပြအဖြစ်

ပျော်ရွှင်စွာဆက်လက်တည်ရှိသွားမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့လည်း

ဘောလုံးကိုသာ အာရုံစိုက်သွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ”

အခြေအနေအားလုံးကို ကျွန်တော်တို့သတိထားမိပါတယ်။

နေ့တိုင်းလည်း အပြောင်းအလဲတွေဖြစ်နေတာပါပဲ။

ကျွန်တော်တို့လည်း ဒါနဲ့ပတ်သက်ပြီး အများကြီး မလုပ်နိုင်ပါဘူး။

ကျွန်တော်တို့အတွက်တော့ ဘောလုံးမှာပဲ အပြည့်အဝ အာရုံစိုက်ပြီး

အကောင်းဆုံးကြိုးစားဖို့ပဲ ရှိပါတယ်” လို့ တူချဲလ်က ​​ပြောခဲ့ပါတယ်။

ဗြိတိန်အစိုးရဟာ မနေ့က(ကြာသပတေးနေ့)ညနေပိုင်းမှာ

ရိုမန်အေဘရာမိုဗစ်ကို ပိတ်ဆို့အရေးယူလိုက်တာပါ။

ဒါဟာ တူချဲလ်ရဲ့အသင်းကိုသာမက

ချဲလ်ဆီးအမျိုးသမီးအသင်းအပေါ်လည်း ဂယက်ရိုက်သွားစေခဲ့ပါတယ်။

ဒါပေမယ့် မနေ့ညကပွဲတွေမှာ တူချဲလ်ရဲ့အသင်းက နော် ဝှစ်ကို ၁-၃ နဲ့

အနိုင်ကစားနိုင်ခဲ့သလို ချဲလ်ဆီးအမျိုးသမီးအသင်းကလည်း

ဝက်စ်ဟမ်းအမျိုးသမီးအသင်းကို အဝေးကွင်းမှာ ၁-၄ နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအမျိုးသမီးအသင်းနည်းပြ အမ်မာဟေးယက်စ်ကလည်း

ချဲလ်ဆီးအနေနဲ့ ခက်ခဲတဲ့ကာလတွေကိုဟရင်ဆိုင်နေရပြီလို့ ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် သူမအနေနဲ့လည်း လွမ်းမိုးပြောင်းလဲနိုင်တဲ့ကိစ္စတွေမဟုတ်လို့

ဘောလုံးမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အကောင်းဆုံး

လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Three ကတော့

အမျိုးသား၊ အမျိုးသမီး ၂ သင်းစလုံးကို စပွန်ဆာပေးထားတဲ့

ပေါင်သန်း ၄၀ တန် ဝတ်စုံစပွန်ဆာကို ခေတ္တဆိုင်းငံ့ထားလိုက်ပြီဖြစ်ပါတယ်။

zawgyi

ဘာမွလည္း မလုပ္ႏိုင္လို႔ ေဘာလုံးမွာပဲ အေကာင္းဆုံးအာ႐ုံစိုက္ေနတဲ့ တူခ်ဲလ္နဲ႔ အမ္မာေဟးယက္စ္

“ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးမွာ ပြဲအတြက္ ဝတ္ကစားဖို႔ အက်ႌေတြ

ေလာက္ေလာက္ငွငွ ရွိသေ႐ြ႕၊ ပြဲသြားကစားဖို႔ ဘတ္စကားတစ္စီးရွိေနသေ႐ြ႕ေတာ့

အစြမ္းကုန္ႀကိဳးစားၿပီး ပြဲေတြကစားေနဦးမွာေပါ့ဗ်ာ”

ခ်ဲလ္ဆီး လတ္တေလာႀကဳံေတြ႕ေနတဲ့အေျခအေနေတြနဲ႔ ပတ္သက္ၿပီး

ေနာ္ဝွစ္ကို ၁-၃ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမတိုင္မီ ၿဗိတိန္မီဒီယာေတြကို

နည္းျပ ေသာမတ္တူခ်ဲလ္က ေျပာၾကားခဲ့တဲ့ စကားေတြပါ။

ၿဗိတိန္အစိုးရက ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ေအဘရာမိုဗစ္ကို

အေရးယူပိတ္ဆို႔လိုက္ၿပီးေနာက္ ခ်ဲလ္ဆီးရဲ႕ အေျခအေနဟာ

ဘက္ေပါင္းစုံက ေဝဝါးသြားခဲ့ပါတယ္။

ပြဲၾကည့္ခြင့္လက္မွတ္ေတြမေရာင္းရေတာ့တာ၊

အမွတ္တရပစၥည္းအေရာင္းဆိုင္ေတြ မဖြင့္ရေတာ့တာ၊

ပရီးမီးယားလိဂ္နဲ႔ခ်န္ပီယံလိဂ္က ရရွိမယ့္ဆုေၾကးေတြကို မရႏိုင္ေတာ့တာ၊

ေပါင္သန္း ၅၄၀ တန္ေၾကးရွိတဲ့ ဝတ္စုံစပြန္ဆာကို ရပ္တန္႔ဖို႔ကိုပါ

အေမရိကန္အားကစားကုန္ပစၥည္းထုတ္ကုမၸဏီ NIKE က

စဥ္းစားလာတာေတြနဲ႔အတူ ခ်ဲလ္ဆီးရဲ႕အနာဂတ္က ေဝဝါးၿပီး

လမ္းေပ်ာက္တဲ့ပုံစံႀကဳံေတြ႕ေနတာပါ။

တူခ်ဲလ္ကေတာ့ ဒီကိစၥေတြ၊ အေျခအေနေတြဟာ သူ႔အေနနဲ႔သာမက

ခ်ဲလ္ဆီးအေနနဲ႔လည္း ဘာမွ မတတ္ႏိုင္ဘူးလို႔ဆိုပါတယ္။

သူကေတာ့ ခ်ဲလ္ဆီးလို အသင္းႀကီးတစ္သင္းရဲ႕နည္းျပအျဖစ္

ေပ်ာ္႐ႊင္စြာဆက္လက္တည္ရွိသြားမွာျဖစ္ၿပီး ကစားသမားေတြအေနနဲ႔လည္း

ေဘာလုံးကိုသာ အာ႐ုံစိုက္သြားလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ”

အေျခအေနအားလုံးကို ကြၽန္ေတာ္တို႔သတိထားမိပါတယ္။

ေန႔တိုင္းလည္း အေျပာင္းအလဲေတြျဖစ္ေနတာပါပဲ။

ကြၽန္ေတာ္တို႔လည္း ဒါနဲ႔ပတ္သက္ၿပီး အမ်ားႀကီး မလုပ္ႏိုင္ပါဘူး။

ကြၽန္ေတာ္တို႔အတြက္ေတာ့ ေဘာလုံးမွာပဲ အျပည့္အဝ အာ႐ုံစိုက္ၿပီး

အေကာင္းဆုံးႀကိဳးစားဖို႔ပဲ ရွိပါတယ္” လို႔ တူခ်ဲလ္က ​​ေျပာခဲ့ပါတယ္။

ၿဗိတိန္အစိုးရဟာ မေန႔က(ၾကာသပေတးေန႔)ညေနပိုင္းမွာ

႐ိုမန္ေအဘရာမိုဗစ္ကို ပိတ္ဆို႔အေရးယူလိုက္တာပါ။

ဒါဟာ တူခ်ဲလ္ရဲ႕အသင္းကိုသာမက

ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းအေပၚလည္း ဂယက္႐ိုက္သြားေစခဲ့ပါတယ္။

ဒါေပမယ့္ မေန႔ညကပြဲေတြမွာ တူခ်ဲလ္ရဲ႕အသင္းက ေနာ္ ဝွစ္ကို ၁-၃ နဲ႔

အႏိုင္ကစားႏိုင္ခဲ့သလို ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းကလည္း

ဝက္စ္ဟမ္းအမ်ိဳးသမီးအသင္းကို အေဝးကြင္းမွာ ၁-၄ နဲ႔ အႏိုင္ကစားႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းနည္းျပ အမ္မာေဟးယက္စ္ကလည္း

ခ်ဲလ္ဆီးအေနနဲ႔ ခက္ခဲတဲ့ကာလေတြကိုဟရင္ဆိုင္ေနရၿပီလို႔ ဝန္ခံခဲ့ပါတယ္။

ဒါေပမယ့္ သူမအေနနဲ႔လည္း လြမ္းမိုးေျပာင္းလဲႏိုင္တဲ့ကိစၥေတြမဟုတ္လို႔

ေဘာလုံးမွာပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ပဲ အေကာင္းဆုံး

လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားထားပါတယ္။

တယ္လီကြန္းကုမၸဏီတစ္ခုျဖစ္တဲ့ Three ကေတာ့

အမ်ိဳးသား၊ အမ်ိဳးသမီး ၂ သင္းစလုံးကို စပြန္ဆာေပးထားတဲ့

ေပါင္သန္း ၄၀ တန္ ဝတ္စုံစပြန္ဆာကို ေခတၱဆိုင္းငံ့ထားလိုက္ၿပီျဖစ္ပါတယ္။