ဘာမှမလုပ်ရသေးခင် လူ စ,ခေါ်တော့မလား ရန်းနစ်

မန်ယူအသင်းရဲ့ယာယီနည်းပြဖြစ်လာတဲ့ ရန်းနစ်ဟာ လက်ရှိအသင်းအတွက်

သူကျင်လည်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲက ခြေစွမ်းထက် ကစားသမားအချို့ကို

ခေါ်ယူနိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့

ရန်းနစ်ဟာခေတ်သစ်ဂျာမနီဘောလုံး လောကရဲ့ godfather ဖြစ်ပြီးဖိအားပေ

းတိုက်စစ်ဆင်ကစားနည်းကို အကြိုက်တွေ့သူဖြစ်ပါတယ်။

လက်ရှိမန်ယူအသင်းမှာ ကစားသ မားကောင်းတွေရှိနေပေမယ့် ကွင်းလယ်လိုအပ်ချက်က

ကြီးမားနေဆဲဖြစ်ပါတယ်။ ဒါကြောင့်ရန်းနစ်ဟာ ဘွန်ဒက်စ်လီဂါမှာခြေစွမ်းပြ

နေပြီး နာမည်လည်းအရမ်းမထင်ရှားသေးတဲ့ တိမ်မြုပ်နေတဲ့ ရတနာလေးတွေကို

ခေါ်ယူပြီးကွင်းလယ်ကိုခိုင်မာအောင်တည်ဆောက်လိမ့်မယ်လို့ ဆိုကြတာပါ။

ရန်းနစ်ဟာ မန်ယူအသင်းနဲ့ ၆ လသာစာချုပ်ထားပေမယ့် စာချုပ်ပြည့်သွားရင်လည်း

အတိုင်ပင်ခံရာထူးမှာအနည်းဆုံး ၂ နှစ်ဆက်ရှိနေမှာဖြစ်လို့ မန်ယူရဲ့အပြောင်း

အရွှေ့တွေမှာ ဆုံးဖြတ်ချက်ချမှတ်ပေးမယ့် အဓိကပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မယ်။

သူခေါ်ယူနိုင်တဲ့သူတွေကတော့….

ဖလော်ရီယန်ဂရစ်လစ်ရှ်

ဟော်ဖန်ဟိမ်းအသင်းမှာခြေစွမ်းပြနေတဲ့သူဖြစ်ပြီး ရန်းနစ်ရဲ့ကစားကွက်မှာ

ကွင်းလယ်ကနေရှေ့ကိုထိရောက်စွာအမြန်ပေးပို့နိုင် တဲ့စွမ်းရည်ရှိသူဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့အဲဒီဩစတြီးယားလက်ရွေးစင်ဟာ သူ့ခြေထဲမှာ

ဘောလုံးရှိချိန်မှာအကောင်းဆုံး စွမ်းဆောင်နိုင်သလို ပေးပို့မှုတွေလည်း

ထူးချွန်တဲ့သူပါ။ ပွဲတိုင်းလိုလိုမှာသူ့ရဲ့ဘောလုံးပေးပို့မှုတွေနဲ့ ဘောလုံးသယ်ယူ

သွားမှုမှတ်တမ်း တွေကောင်းမွန်သလို ခံစစ်အတွက်လည်းအားထားရသူ

ဖြစ်ပါတယ်။ သူဟာရာသီကုန်ရင်စာချုပ်သက်တမ်းကုန်တော့မှာဖြစ်လို့

လာ မယ့် ဇန်နဝါရီမှာခေါ်မယ်ဆိုရင်ပြောင်းရွှေ့ကြေး ဘယ်လောက်မှ

ပေးရမယ့်သူမဟုတ်ပါဘူး။

ဂျီဘရီဆော

ခံစစ်ပိုင်းကွင်းလယ်လူဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာ သိပ်အထင်ကြီးမခံရပေမယ့်

မန်ယူမှာတော့ တောက်ပလာမယ့်အလားအလာရှိပြီး သူပိုပြီးအရောင်တောက်လာဖို့

ရန်းနစ်က လုပ်ပေးနိုင်ဖို့ရှိနေပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ဆွစ်ဇာလန်

လက်ရွေးစင် ဆော ဟာ ဒီရာသီမှာရုန်းကန်နေရတဲ့ ဖရန့်ဖတ်ကြောင့်သူ့နာမည်

တိမ်မြုပ်နေရပေမယ့် တကယ်တမ်းကျတော့ ဖရန့်ဖတ်ရုန်းကန်နေရမှုမှာသူ့အမှား

လုံးဝမရှိပါဘူး။ သူဟာ ဂရစ်လစ်ရှ်လိုဘဲ ကွင်းလယ်ခံစစ်အတွက်မှတ်တမ်

းကောင်းတွေရှိထားသူဖြစ်ပြီး ဖျက်ထုတ်မှုပိုင်းရော ကြားဖြတ် ဟန့်တားနိုင်မှု

အပိုင်းမှာပါ ကောင်းမွန်တဲ့သူဖြစ်ပါတယ်။

နော်ဒီမူကီလီ

ပြင်သစ်သားဖြစ်တဲ့ နော်ဒီမူကီလီ ဟာလိုက်ပ်ဇစ်နောက်ခံလူဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့သူ

ကလည်း ရန်းနစ်ပါဘဲ။ ၂၀၁၈ ကလိုက်ပ်ဇစ်ကို ရောက်လာတဲ့ မူကီလီဟာ ၂၀၂၂

အထိစာချုပ်သက်တမ်းရှိထားသူဖြစ်ပါတယ်။ သူဟာရန်းနစ်လိုချင်တဲ့ ကစားဟန်

အပြည့်ရှိပြီး ညာ တောင်ပံခံစစ်မှာအားကိုးလို့ရမယ့်သူလည်းဖြစ်ပါတယ်။ သူဟာ

ခံစစ်အရည်အသွေးကောင်းမွန်ရုံသာမက ရှေ့တက်ပြီးဘောလုံးပေးပို့ မှုတွေလည်း

ကောင်းမွန်လို့ လက်ရှိညာနောက်ခံလူ ဝမ်ဘစ်ဆာကာ ကိုကောင်းစွာဖိအားပေးနိုင်မယ့်

သူဖြစ်ပါတယ်။ ဒါပေမယ့် မူကီလီ ဟာ ကွင်းလယ်ခံစစ်ပိုင်းလည်း ကစားတတ်သူ

ဖြစ်လို့ မန်ယူအသင်းရဲ့ညာခြမ်းမှာ ဘစ်ဆာကာနဲ့တွဲပြီး ကောင်းစွာလုပ်ပြနိုင်မယ့်သူ

ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးသူ့ရဲ့အားသာချက်တစ်ခုကအရပ်အမောင်းမြင့်မားတာ

ဖြစ်လို့ လေထဲကခြိမ်းခြောက်မှုတွေအတွက် အား ထားလို့ရနိုင်တာဘဲဖြစ်ပါတယ်။

သူ့ကိုအလွယ်တကူမရရင် အေဂျက်က မာဇာရိုအီ ကိုရန်းနစ်ပစ်မှတ်ထားလာနိုင်ပါတယ်။

Zawgyi

ဘာမွမလုပ္ရေသးခင္ လူ စ,ေခၚေတာ့မလား ရန္းနစ္

မန္ယူအသင္းရဲ႕ယာယီနည္းျပျဖစ္လာတဲ့ ရန္းနစ္ဟာ လက္ရွိအသင္းအတြက္

သူက်င္လည္ခဲ့တဲ့ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲက ေျခစြမ္းထက္ ကစားသမားအခ်ိဳ႕ကို

ေခၚယူႏိုင္တယ္လို႔ထင္ေၾကးေပးေနၾကပါတယ္။ အသက္ ၆၂ ႏွစ္ရွိၿပီျဖစ္တဲ့

ရန္းနစ္ဟာေခတ္သစ္ဂ်ာမနီေဘာလုံး ေလာကရဲ႕ godfather ျဖစ္ၿပီးဖိအားေပ

းတိုက္စစ္ဆင္ကစားနည္းကို အႀကိဳက္ေတြ႕သူျဖစ္ပါတယ္။

 

လက္ရွိမန္ယူအသင္းမွာ ကစားသ မားေကာင္းေတြရွိေနေပမယ့္ ကြင္းလယ္လိုအပ္ခ်က္က

ႀကီးမားေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ရန္းနစ္ဟာ ဘြန္ဒက္စ္လီဂါမွာေျခစြမ္းျပ

ေနၿပီး နာမည္လည္းအရမ္းမထင္ရွားေသးတဲ့ တိမ္ျမဳပ္ေနတဲ့ ရတနာေလးေတြကို

ေခၚယူၿပီးကြင္းလယ္ကိုခိုင္မာေအာင္တည္ေဆာက္လိမ့္မယ္လို႔ ဆိုၾကတာပါ။

ရန္းနစ္ဟာ မန္ယူအသင္းနဲ႔ ၆ လသာစာခ်ဳပ္ထားေပမယ့္ စာခ်ဳပ္ျပည့္သြားရင္လည္း

အတိုင္ပင္ခံရာထူးမွာအနည္းဆုံး ၂ ႏွစ္ဆက္ရွိေနမွာျဖစ္လို႔ မန္ယူရဲ႕အေျပာင္း

အေ႐ႊ႕ေတြမွာ ဆုံးျဖတ္ခ်က္ခ်မွတ္ေပးမယ့္ အဓိကပုဂၢိဳလ္ျဖစ္လာပါလိမ့္မယ္။

သူေခၚယူႏိုင္တဲ့သူေတြကေတာ့….

 

ဖေလာ္ရီယန္ဂရစ္လစ္ရွ္

ေဟာ္ဖန္ဟိမ္းအသင္းမွာေျခစြမ္းျပေနတဲ့သူျဖစ္ၿပီး ရန္းနစ္ရဲ႕ကစားကြက္မွာ

ကြင္းလယ္ကေနေရွ႕ကိုထိေရာက္စြာအျမန္ေပးပို႔ႏိုင္ တဲ့စြမ္းရည္ရွိသူျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့အဲဒီဩစႀတီးယားလက္ေ႐ြးစင္ဟာ သူ႔ေျခထဲမွာ

ေဘာလုံးရွိခ်ိန္မွာအေကာင္းဆုံး စြမ္းေဆာင္ႏိုင္သလို ေပးပို႔မႈေတြလည္း

ထူးခြၽန္တဲ့သူပါ။ ပြဲတိုင္းလိုလိုမွာသူ႔ရဲ႕ေဘာလုံးေပးပို႔မႈေတြနဲ႔ ေဘာလုံးသယ္ယူ

သြားမႈမွတ္တမ္း ေတြေကာင္းမြန္သလို ခံစစ္အတြက္လည္းအားထားရသူ

ျဖစ္ပါတယ္။ သူဟာရာသီကုန္ရင္စာခ်ဳပ္သက္တမ္းကုန္ေတာ့မွာျဖစ္လို႔

လာ မယ့္ ဇန္နဝါရီမွာေခၚမယ္ဆိုရင္ေျပာင္းေ႐ႊ႕ေၾကး ဘယ္ေလာက္မွ

ေပးရမယ့္သူမဟုတ္ပါဘူး။

 

ဂ်ီဘရီေဆာ

ခံစစ္ပိုင္းကြင္းလယ္လူျဖစ္ၿပီး ဘြန္ဒက္စ္လီဂါမွာ သိပ္အထင္ႀကီးမခံရေပမယ့္

မန္ယူမွာေတာ့ ေတာက္ပလာမယ့္အလားအလာရွိၿပီး သူပိုၿပီးအေရာင္ေတာက္လာဖို႔

ရန္းနစ္က လုပ္ေပးႏိုင္ဖို႔ရွိေနပါတယ္။ အသက္ ၂၄ ႏွစ္သာရွိေသးတဲ့ ဆြစ္ဇာလန္

လက္ေ႐ြးစင္ ေဆာ ဟာ ဒီရာသီမွာ႐ုန္းကန္ေနရတဲ့ ဖရန႔္ဖတ္ေၾကာင့္သူ႔နာမည္

တိမ္ျမဳပ္ေနရေပမယ့္ တကယ္တမ္းက်ေတာ့ ဖရန႔္ဖတ္႐ုန္းကန္ေနရမႈမွာသူ႔အမွား

လုံးဝမရွိပါဘူး။ သူဟာ ဂရစ္လစ္ရွ္လိုဘဲ ကြင္းလယ္ခံစစ္အတြက္မွတ္တမ္

းေကာင္းေတြရွိထားသူျဖစ္ၿပီး ဖ်က္ထုတ္မႈပိုင္းေရာ ၾကားျဖတ္ ဟန႔္တားႏိုင္မႈ

အပိုင္းမွာပါ ေကာင္းမြန္တဲ့သူျဖစ္ပါတယ္။

 

ေနာ္ဒီမူကီလီ

ျပင္သစ္သားျဖစ္တဲ့ ေနာ္ဒီမူကီလီ ဟာလိုက္ပ္ဇစ္ေနာက္ခံလူျဖစ္ၿပီး သူ႔ကိုေခၚယူခဲ့သူ

ကလည္း ရန္းနစ္ပါဘဲ။ ၂၀၁၈ ကလိုက္ပ္ဇစ္ကို ေရာက္လာတဲ့ မူကီလီဟာ ၂၀၂၂

အထိစာခ်ဳပ္သက္တမ္းရွိထားသူျဖစ္ပါတယ္။ သူဟာရန္းနစ္လိုခ်င္တဲ့ ကစားဟန္

အျပည့္ရွိၿပီး ညာ ေတာင္ပံခံစစ္မွာအားကိုးလို႔ရမယ့္သူလည္းျဖစ္ပါတယ္။ သူဟာ

ခံစစ္အရည္အေသြးေကာင္းမြန္႐ုံသာမက ေရွ႕တက္ၿပီးေဘာလုံးေပးပို႔ မႈေတြလည္း

ေကာင္းမြန္လို႔ လက္ရွိညာေနာက္ခံလူ ဝမ္ဘစ္ဆာကာ ကိုေကာင္းစြာဖိအားေပးႏိုင္မယ့္

သူျဖစ္ပါတယ္။ ဒါေပမယ့္ မူကီလီ ဟာ ကြင္းလယ္ခံစစ္ပိုင္းလည္း ကစားတတ္သူ

ျဖစ္လို႔ မန္ယူအသင္းရဲ႕ညာျခမ္းမွာ ဘစ္ဆာကာနဲ႔တြဲၿပီး ေကာင္းစြာလုပ္ျပႏိုင္မယ့္သူ

ျဖစ္လာႏိုင္ပါတယ္။ ေနာက္ၿပီးသူ႔ရဲ႕အားသာခ်က္တစ္ခုကအရပ္အေမာင္းျမင့္မားတာ

ျဖစ္လို႔ ေလထဲကၿခိမ္းေျခာက္မႈေတြအတြက္ အား ထားလို႔ရႏိုင္တာဘဲျဖစ္ပါတယ္။

သူ႔ကိုအလြယ္တကူမရရင္ ေအဂ်က္က မာဇာ႐ိုအီ ကိုရန္းနစ္ပစ္မွတ္ထားလာႏိုင္ပါတယ္။