ဘာမှမထိဘဲ တစ်ခါလှဲချတိုင်း ဆုကြေးပေးမယ်လို့များ သဘောတူခဲ့သလား ဗလာဟိုဗစ်

ဂျူဗင်တပ်တိုက်စစ်မှူး ဗလာဟိုဗစ် ဟာအတ္တလန္တာနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ

ဟန်ဆောင်ဒိုက်ဗင်ထိုးခဲ့လို့ လှောင်ပြောင်ခံ နေရတယ်လို့ သိရပါတယ်။

အာဆင်နယ်ကခေါ်ယူဖို့အလိုရှိခဲ့တဲ့ ဗလာဟိုဗစ် ဟာ

အဲဒီလန်ဒန်ကလပ်ဆီသွားဖို့ငြင်းပယ်ပြီး ဂျူဗင်တပ်ကိုသာရွေးချယ်ခဲ့တာပါ။

သူတို့နှစ်သင်းတွေ့ဆုံမှုဟာ စီးရီးအေမှာထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့အတွက်

အကြိတ် အနယ်ရှိခဲ့တဲ့ပွဲစဥ်ဖြစ်ခဲ့ပြီး တစ်မှတ်စီခွဲယူခဲ့ရတာပါ။

ဒီဆားဘီးယားသားဟာ ဂျူဗင်တပ်နဲ့ ၂ ပွဲကစားပြီးချိန်မှာ

တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးနိုင်ခဲ့လို့ သူ့စွမ်းရည်ကို

ချီးကျူးဂုဏ်ပြုမှုတွေရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့ကအတ္တလန္တာနဲ့ပွဲဟာသူ့အတွက် ဂျူဗင် တပ်နဲ့

တတိယမြောက်ပွဲဖြစ်ပြီးဒီပွဲမှာတော့ ဂိုးလည်းမသွင်းနိုင်ခဲ့သလို

ဖန်တီးမှုလည်းမလုပ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် အတ္တလ သူဟာ အလွန်ကိုရယ်စရာကောင်းတဲ့

ဟန်ဆောင်မှုပြုလုပ်ခဲ့လို့ ဒီရာသီရဲ့အကောင်းဆုံး

ဒိုက်ဗင်ထိုးမှု လို့တောင်ဆိုကြပါ တယ်။

သူဟာ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာဘောလုံးရခဲ့ပြီး

အတ္တလန္တာကစားသမားအချို့ကသူ့ကိုစောင့်ကြည့်နေကြတာပါ။

ဒီအချိန်မှာသူကဘောလုံးကိုလှည့်ထွက်ဖို့ကြိုးစားရင်းနဲ့

ဘယ်သူနဲ့မှမထိဘဲ ဒိုက်ဗင်ထိုးလိုက်တာဖြစ်ပါတယ်။

သူဟာပင်နယ် တီရဖို့ဟန်ဆောင်လိုက်တာဖြစ်ပေမယ့်

လှောင်ပြောင်ခံရမှုနဲ့သာကြုံလိုက်ရတာပါ။

သူဟာပထမပိုင်းမှာအဝါကတ်တစ်ကြိမ် ထိထားခဲ့ပေမယ့်

ဟန်ဆောင်ခဲ့တဲ့ဖြစ်ရပ်မှာ အဝါမထိခဲ့လို့

ဒိုင်လူကြီးကိုလည်းဝေဖန်နေကြပါတယ်။

ဒီပွဲမှာ အတ္တလန္တာ က ၇၆ မိနစ်မှာဂိုးစရခဲ့ပေမယ့်

ဂျူဗင်တပ်က နာကျင်အချိန်ပိုမှာ ဒန်နီလိုရဲ့ဂိုးနဲ့ပြန်ချေပနိုင်ခဲ့တာပါ။

လက်ရှိအမှတ်ပေး ဇယားမှာ ဂျူဗင်တပ်က ၂၅ ပွဲကစားပြီး ၄၆ မှတ်ရကာ

အဆင့် ၄ မှာရပ်တည်နေပြီး အတ္တလန္တာ ကတစ်ပွဲကစားဖို့ကျန်နေမှုနဲ့ အတူ

၄၄ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေပါတယ်။

ဗလာဟိုဗစ်ရဲ့ အခုဟန်ဆောင်မှုကိုကြည့်ပြီး သူ့ကိုမရလိုက်တဲ့

အာဆင်နယ်အသင်းပရိသတ်အချို့ကလည်း

တွစ်တာပေါ် မှာလှောင်ပြောင်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက” ဗလာဟိုဗစ်ရဲ့စာချုပ်ထဲမှာ ဘာမှမထိဘဲ

တစ်ခါလှဲချတိုင်း ဆုကြေးပေး မယ်လို့များ သဘောတူခဲ့သလား” လို့ဆိုခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း” ဂျူဗင်တပ်ကစားသမားဖြစ်သွားတော့

အဝါမထိတော့ဘူးပေါ့။ ဖီအိုရင်တီးနားမှာဆိုရင် ဘယ်ရလိမ့်မလဲ” လို့ရေးသားခဲ့ပါတယ်။

zawgyi

ဘာမွမထိဘဲ တစ္ခါလွဲခ်တိုင္း ဆုေၾကးေပး မယ္လို႔မ်ား သေဘာတူခဲ့သလား ဗလာဟိုဗစ္

ဂ်ဴဗင္တပ္တိုက္စစ္မႉး ဗလာဟိုဗစ္ ဟာအတၱလႏၲာနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ

ဟန္ေဆာင္ဒိုက္ဗင္ထိုးခဲ့လို႔ ေလွာင္ေျပာင္ခံ ေနရတယ္လို႔ သိရပါတယ္။

အာဆင္နယ္ကေခၚယူဖို႔အလိုရွိခဲ့တဲ့ ဗလာဟိုဗစ္ ဟာ

အဲဒီလန္ဒန္ကလပ္ဆီသြားဖို႔ျငင္းပယ္ၿပီး ဂ်ဴဗင္တပ္ကိုသာေ႐ြးခ်ယ္ခဲ့တာပါ။

သူတို႔ႏွစ္သင္းေတြ႕ဆုံမႈဟာ စီးရီးေအမွာထိပ္ဆုံး ၄ သင္းစာရင္းဝင္ဖို႔အတြက္

အႀကိတ္ အနယ္ရွိခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး တစ္မွတ္စီခြဲယူခဲ့ရတာပါ။

ဒီဆားဘီးယားသားဟာ ဂ်ဴဗင္တပ္နဲ႔ ၂ ပြဲကစားၿပီးခ်ိန္မွာ

တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးႏိုင္ခဲ့လို႔ သူ႔စြမ္းရည္ကို

ခ်ီးက်ဴးဂုဏ္ျပဳမႈေတြရွိခဲ့ပါတယ္။

တနဂၤေႏြေန႔ကအတၱလႏၲာနဲ႔ပြဲဟာသူ႔အတြက္ ဂ်ဴဗင္ တပ္နဲ႔

တတိယေျမာက္ပြဲျဖစ္ၿပီးဒီပြဲမွာေတာ့ ဂိုးလည္းမသြင္းႏိုင္ခဲ့သလို

ဖန္တီးမႈလည္းမလုပ္ႏိုင္ခဲ့ပါဘူး။

ဒါေပမယ့္ အတၱလ သူဟာ အလြန္ကိုရယ္စရာေကာင္းတဲ့

ဟန္ေဆာင္မႈျပဳလုပ္ခဲ့လို႔ ဒီရာသီရဲ႕အေကာင္းဆုံး

ဒိုက္ဗင္ထိုးမႈ လို႔ေတာင္ဆိုၾကပါ တယ္။

သူဟာ ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာေဘာလုံးရခဲ့ၿပီး

အတၱလႏၲာကစားသမားအခ်ိဳ႕ကသူ႔ကိုေစာင့္ၾကည့္ေနၾကတာပါ။

ဒီအခ်ိန္မွာသူကေဘာလုံးကိုလွည့္ထြက္ဖို႔ႀကိဳးစားရင္းနဲ႔

ဘယ္သူနဲ႔မွမထိဘဲ ဒိုက္ဗင္ထိုးလိုက္တာျဖစ္ပါတယ္။

သူဟာပင္နယ္ တီရဖို႔ဟန္ေဆာင္လိုက္တာျဖစ္ေပမယ့္

ေလွာင္ေျပာင္ခံရမႈနဲ႔သာႀကဳံလိုက္ရတာပါ။

သူဟာပထမပိုင္းမွာအဝါကတ္တစ္ႀကိမ္ ထိထားခဲ့ေပမယ့္

ဟန္ေဆာင္ခဲ့တဲ့ျဖစ္ရပ္မွာ အဝါမထိခဲ့လို႔

ဒိုင္လူႀကီးကိုလည္းေဝဖန္ေနၾကပါတယ္။

ဒီပြဲမွာ အတၱလႏၲာ က ၇၆ မိနစ္မွာဂိုးစရခဲ့ေပမယ့္

ဂ်ဴဗင္တပ္က နာက်င္အခ်ိန္ပိုမွာ ဒန္နီလိုရဲ႕ဂိုးနဲ႔ျပန္ေခ်ပႏိုင္ခဲ့တာပါ။

လက္ရွိအမွတ္ေပး ဇယားမွာ ဂ်ဴဗင္တပ္က ၂၅ ပြဲကစားၿပီး ၄၆ မွတ္ရကာ

အဆင့္ ၄ မွာရပ္တည္ေနၿပီး အတၱလႏၲာ ကတစ္ပြဲကစားဖို႔က်န္ေနမႈနဲ႔ အတူ

၄၄ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာရွိေနပါတယ္။

ဗလာဟိုဗစ္ရဲ႕ အခုဟန္ေဆာင္မႈကိုၾကည့္ၿပီး သူ႔ကိုမရလိုက္တဲ့

အာဆင္နယ္အသင္းပရိသတ္အခ်ိဳ႕ကလည္း

တြစ္တာေပၚ မွာေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ပရိသတ္တစ္ဦးက” ဗလာဟိုဗစ္ရဲ႕စာခ်ဳပ္ထဲမွာ ဘာမွမထိဘဲ

တစ္ခါလွဲခ်တိုင္း ဆုေၾကးေပး မယ္လို႔မ်ား သေဘာတူခဲ့သလား” လို႔ဆိုခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကလည္း” ဂ်ဴဗင္တပ္ကစားသမားျဖစ္သြားေတာ့

အဝါမထိေတာ့ဘူးေပါ့။ ဖီအိုရင္တီးနားမွာဆိုရင္ ဘယ္ရလိမ့္မလဲ” လို႔ေရးသားခဲ့ပါတယ္။