ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့် မက်ဆီကို ဆုံးရှုံးလိုက်ရတဲ့ Nike

မက်ဆီဆိုတဲ့ အမည်နာမဟာ ဘောလုံးရပ်ဝန်းမှာသာတင်မကဘဲ ဘောလုံးလောကရဲ့ အပြင်ဘက်တွေမှာပါ သြဇာလွှမ်းမိုးနိုင်တယ်ဆိုတာ အားလုံးသိ ပြီးသားပါ။

ဒါကြောင့် ဒီပီအက်စ်ဂျီတိုက်စစ်မှူးနဲ့ အကျိုးတူပူးပေါင်းဖို့ဆိုရင် ကမ္ဘာကျော် ကုမ္ပဏီတွေအတော်များများက စိတ်ဝင်စားကြသလို အလေးထားမှုလည်း ရှိကြပါတယ်။

အထူးသဖြင့် မက်ဆီရဲ့ အမည်နာမကို သူတို့ရဲ့ ကုမ္ပဏီနဲ့အတူ အမှတ်တံဆိပ် ခတ်နှိပ်ခွင့်ရဖို့ဆိုရင် ငွေတွေသုံးဖို့ ဝန်မလေးကြတဲ့ စီးပွာေးရးလုပ်ငန်းတွေက ဒုနဲ့ဒေးပါ။ ဒါပေမဲ့ ကမ္ဘာကျော်

အမေရိကန် အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nike ဟာ

အာဂျင်တီး နားအသင်းခေါင်းဆောင်နဲ့အကျိုးတူ ပူးပေါင်းခွင့်ကို ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကြောင့် ဆုံးရှုံးလိုက်ရတယ်လို့ Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မက်ဆီဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်အထိ Nike အသင်းနဲ့အတူ အကျိုးတူ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့ ကစားသမားပါ။

ဒါပေမဲ့ ကုမ္ပဏီဘက်က အလေးမထားမိခဲ့တဲ့ ကိစ္စသေးသေးလေးတစ်ခု ကြောင့် မက်ဆီဟာ Nike နဲ့ လမ်းခွဲခဲ့ပြီး ဂျာမန် အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ adidas နဲ့ အကျိုးတူ

ပူးပေါင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Nike ကုမ္ပဏီရဲ့တောင်အမေရိက ဒေသဆိုင်ရာ ဌာနခွဲက မက်ဆီနဲ့ ပတ်သက်တဲ့ အားကစားဝတ်စုံတွေမှာ မိသားစုဝင် လူကြီးတွေရဲ့ နာမည်တချို့ကို အတိုချုံးရေးထိုးပေးဖို့ ပျက်ကွက်ခဲ့တာကြောင့်

ကစားသမားနဲ့ ကုမ္ပဏီကြားမှာ အချဉ်ပေါက်စရာ ဖြစ်ခဲ့ရတယ်လို့ ကစားသမားအကြောင်းနဲ့ပတ်သက်ပြီး ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်က ဆိုထားပါတယ်။

၂၀၀၆ ကမ္ဘာ့ ပြိုင်ပွဲအတွက် စည်းရုံးလှုံ့ဆော်ဖို့ ကြိုးစားနေခဲ့တဲ့ Nike ကုမ္ပဏီဟာ မက်ဆီနဲ့အတူ ဓာတ်ပုံရိုက်ဖို့တောင် ပြင်ဆင်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီ ဓာတ်ပုံရိုက်မယ့် အစီအစဉ်မှာ မက်ဆီ မပါနိုင်တော့ဘူးလို့ ကစားသမားရဲ့ အခွင့်ရ ကိုယ်စား လှယ်ဘက်က ဆက်သွယ်လာပြီးတဲ့နောက် တင်းမာမှုတွေ ဖြစ်လာခဲ့တာပါပဲ။

ကစားသမားအတွက် အားကစားဝတ်စုံတွေ ပိုပြီးထုတ်ပေးဖို့ ဖခင်ဖြစ်သူ ဂျော့ဂ်မက်ဆီရဲ့ တောင်းဆိုမှုကိုလည်း လျစ်လျူရှုခဲ့တဲ့ Nike ရဲ့ တောင်းဆို မှုကို မက်ဆီဘက်ကနေပြီး ခါးခါးသီးသီးကို ငြင်းဆန်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒီကိစ္စကြောင့် Nike ဟာ တရားခွင်အထိကို တက်ရောက်ရင်ဆိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကစားသမားနဲ့ ကုမ္ပဏီတို့အကြား အက်ကြောင်းက ပိုပြီး ကျယ်ပြန့်လာတာကြောင့် ယနေ့ထက်ထိ ပေါင်းစည်းခြင်း မရှိတော့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာမှာ ကစားနေချိန် ကာလအတွင်းမှာတော့ မက်ဆီဟာ အသင်းရဲ့ စပွန်ဆာဖြစ်တဲ့ Nike အမှတ်တံဆိပ်ကို ဝတ်ဆင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။

(Zawgyi)

ဘာမဟုတ္တဲ့ ကိစၥေလးေၾကာင့္ မက္ဆီကို ဆုံးရႈံးလိုက္ရတဲ့ Nike

မက္ဆီဆိုတဲ့ အမည္နာမဟာ ေဘာလုံးရပ္ဝန္းမွာသာတင္မကဘဲ ေဘာလုံးေလာကရဲ႕ အျပင္ဘက္ေတြမွာပါ ၾသဇာ လႊမ္းမိုးႏိုင္တယ္ဆိုတာ အားလုံးသိ ၿပီးသားပါ။

ဒါေၾကာင့္ ဒီပီအက္စ္ဂ်ီတိုက္စစ္မႉးနဲ႔ အက်ိဳးတူပူးေပါင္းဖို႔ဆိုရင္ ကမာၻေက်ာ္ ကုမၸဏီေတြအေတာ္မ်ားမ်ားက စိတ္ဝင္စားၾကသလို အေလး ထားမႈလည္း ရွိၾကပါတယ္။ အထူးသျဖင့္ မက္ဆီရဲ႕ အမည္နာမကို သူတို႔ရဲ႕ ကုမၸဏီနဲ႔အတူ အမွတ္တံဆိပ္ ခတ္ႏွိပ္ခြင့္ရဖို႔ဆိုရင္ ေငြေတြ သုံးဖို႔ ဝန္မေလး ၾကတဲ့ စီးပြာေးရးလုပ္ငန္းေတြက ဒုနဲ႔ေဒးပါ။

ဒါေပမဲ့ ကမာၻေက်ာ္ အေမရိကန္ အားကစားပစၥည္းထုတ္လုပ္ေရး ကုမၸဏီတစ္ခုျဖစ္တဲ့ Nike ဟာ အာဂ်င္တီး နားအသင္းေခါင္းေဆာင္နဲ႔အက်ိဳးတူ ပူးေပါင္းခြင့္ကို ဘာမဟုတ္တဲ့ ကိစၥေလး တစ္ခုေၾကာင့္ ဆုံးရႈံးလိုက္ရတယ္လို႔ Athletic သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အ ရ သိရပါတယ္။ မက္ဆီဟာ ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္အထိ Nike အသင္းနဲ႔အတူ အက်ိဳးတူ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ ကစားသမားပါ။

ဒါေပမဲ့ ကုမၸဏီဘက္က အေလးမထားမိခဲ့တဲ့ ကိစၥေသးေသးေလးတစ္ခု ေၾကာင့္ မက္ဆီဟာ Nike နဲ႔ လမ္းခြဲခဲ့ၿပီး ဂ်ာမန္ အားကစားပစၥည္းထုတ္လုပ္ေရး ကုမၸဏီျဖစ္တဲ့ adidas နဲ႔ အက်ိဳးတူ ပူးေပါင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Nike ကုမၸဏီရဲ႕ေတာင္အေမရိက ေဒသဆိုင္ရာ ဌာနခြဲက မက္ဆီနဲ႔ ပတ္သက္တဲ့ အားကစားဝတ္စုံေတြမွာ မိသားစုဝင္ လူႀကီးေတြရဲ႕ နာမည္တခ်ိဳ႕ကို အတိုခ်ဳံးေရးထိုးေပးဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ ကစားသမားနဲ႔ ကုမၸဏီၾကားမွာ အခ်ဥ္ေပါက္စရာ ျဖစ္ခဲ့ရတယ္လို႔ ကစားသမားအေၾကာင္းနဲ႔ပတ္သက္ၿပီး ေရးသားထုတ္ေဝခဲ့တဲ့ စာအုပ္ တစ္အုပ္က ဆိုထားပါတယ္။

၂၀၀၆ ကမာၻ႔ ၿပိဳင္ပြဲအတြက္ စည္း႐ုံးလႈံ႕ေဆာ္ဖို႔ ႀကိဳးစားေနခဲ့တဲ့ Nike ကုမၸဏီဟာ မက္ဆီနဲ႔ အတူ ဓာတ္ပုံ႐ိုက္ဖို႔ေတာင္ ျပင္ဆင္ခဲ့တာပါ။

ဒါေပမဲ့ အဲဒီ ဓာတ္ပုံ႐ိုက္မယ့္ အစီအစဥ္မွာ မက္ဆီ မပါႏိုင္ေတာ့ဘူးလို႔ ကစားသမားရဲ႕ အခြင့္ရ ကိုယ္စား လွယ္ဘက္က ဆက္သြယ္လာၿပီးတဲ့ေနာက္ တင္းမာမႈေတြ ျဖစ္လာခဲ့တာပါပဲ။

ကစားသမားအတြက္ အားကစားဝတ္စုံေတြ ပိုၿပီး ထုတ္ေပးဖို႔ ဖခင္ျဖစ္သူ ေဂ်ာ့ဂ္မက္ဆီရဲ႕ ေတာင္းဆိုမႈကိုလည္း လ်စ္လ်ဴရႈခဲ့တဲ့ Nike ရဲ႕ ေတာင္းဆို မႈကို မက္ဆီဘက္ကေနၿပီး ခါးခါးသီးသီးကို ျငင္းဆန္ခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

ဒီကိစၥေၾကာင့္ Nike ဟာ တရားခြင္အထိကို တက္ေရာက္ရင္ဆိုင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ကစားသမားနဲ႔ ကုမၸဏီတို႔အၾကား အက္ေၾကာင္းက ပိုၿပီး က်ယ္ျပန႔္လာတာေၾကာင့္ ယေန႔ထက္ထိ ေပါင္းစည္းျခင္း မရွိေတာ့တာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ ဘာစီလိုနာမွာ ကစားေနခ်ိန္ ကာလအတြင္းမွာေတာ့ မက္ဆီဟာ အသင္းရဲ႕ စပြန္ဆာျဖစ္တဲ့ Nike အမွတ္တံဆိပ္ကို ဝတ္ဆင္ကစားေပးခဲ့သူ ျဖစ္ပါတယ္။