





မက်ဆီဟာ အာဂျင်တီးနားနဲ့အတူကမ္ဘာ့ချန်ပီယံဖြစ်ခွင့်အတွက်
နောက်ဆုံးခြေတစ်လှမ်းသာလိုပါတော့တယ်။ သူ့ဘဝမှာ တစ်ကြိမ်တစ်ခါ





မရဘူးတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလက်ဝယ်ပိုင်ဆိုင်ဖို့အတွက်
ယုံကြည်မှုတွေပြင်းပြနေသလို ဘာမဆိုရင်ဆိုင်နိုင်ခဲ့ ခွန်အားမျိုး
ရှိနေတယ်လို့ မက်ဆီက ဆိုလိုက်ပါတယ်။ ခရိုအေးရှားကို ၃ ဂိုးပြတ်





အနိုင်ရတဲ့ပွဲစဉ်မှာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ၄ ကြိမ်မြောက်
Man Of The Match ဆုကိုပိုင်ဆိုင်ခဲ့တဲ့ မက်ဆီက “ဒီကမ္ဘာ့ဖလားမှာ





ပါဝင်ခွင့်ရတာ အရမ်းကိုပျော်ရွှင်ပါတယ်။ ဘာမဆိုရင်ဆိုင်နိုင်တဲ့အထိ
အားကောင်းနေပြီး စိတ်ဓာတ်တွေကြံ့ခိုင်နေတယ်လို့ ခံစားရတယ်။
ဒါကမလွယ်ပါဘူး။ ကျွန်တော်တို့ပင်ပန်းခဲ့ပေမဲ့ အောင်ပွဲရဖို့ခွန်အားတွေ





ရှာဖွေနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဂိမ်းကိုအရမ်းကောင်းတဲ့ပုံစံနဲ့
အဆုံးသတ်နိုင်ခဲ့လို့ အရမ်းပျော်မိတယ်။ ဒီအသင်းဟာ အစုအဖွဲ့တစ်ခု





ဆိုတာထက်ကိုကျော်လွန်သွားပါတယ်။ ထက်မြက်တယ်လို့ဆိုချင်တာပါ။
ဂိမ်းကိုအကောင်းဆုံးဖတ်နိုင်ပြီး ဘယ်အချိန်ဘာလုပ်ရမယ်ဆိုတာကို
ကျွန်တော်တို့အလိုလိုသိနေခဲ့တယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့





နည်းစနစ်ပိုင်းနဲ့ ဘောလုံးကစားနိုင်ခဲ့တယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
ဆော်ဒီနဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ရှုံးပွဲမရှိစံချိန်ကောင်းတစ်ခု





ကျိုးပျက်သွားခဲ့တာက အာဂျင်တီးနားအသင်းကိုအကြီးမားဆုံး
ရိုက်ခတ်ခဲ့တယ်လို့လည်း မက်ဆီက ပြောဆိုသွားပါတယ်။
ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ဂိုးသွင်း၊





၃ကြိမ်ဖန်တီးပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရပ်တည်နေပါတယ်။





zawgyi
ဘာမဆိုရင္ဆိုင္ႏိုင္ေလာက္တဲ့အထိအားေကာင္းၿပီး စိတ္ဓာတ္ေတြႀကံ့ခိုင္ေနတယ္လို႔ မက္ဆီ ဖြင့္ဟ
မက္ဆီဟာ အာဂ်င္တီးနားနဲ႔အတူကမာၻ႔ခ်န္ပီယံျဖစ္ခြင့္အတြက္





ေနာက္ဆုံးေျခတစ္လွမ္းသာလိုပါေတာ့တယ္။ သူ႔ဘဝမွာ တစ္ႀကိမ္တစ္ခါ
မရဘူးတဲ့ ကမာၻ႔ဖလားခ်န္ပီယံဆုကိုလက္ဝယ္ပိုင္ဆိုင္ဖို႔အတြက္





ယုံၾကည္မႈေတြျပင္းျပေနသလို ဘာမဆိုရင္ဆိုင္ႏိုင္ခဲ့ ခြန္အားမ်ိဳး
ရွိေနတယ္လို႔ မက္ဆီက ဆိုလိုက္ပါတယ္။ ခ႐ိုေအးရွားကို ၃ ဂိုးျပတ္
အႏိုင္ရတဲ့ပြဲစဥ္မွာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း ၄ ႀကိမ္ေျမာက္





Man Of The Match ဆုကိုပိုင္ဆိုင္ခဲ့တဲ့ မက္ဆီက “ဒီကမာၻ႔ဖလားမွာ
ပါဝင္ခြင့္ရတာ အရမ္းကိုေပ်ာ္႐ႊင္ပါတယ္။ ဘာမဆိုရင္ဆိုင္ႏိုင္တဲ့အထိ





အားေကာင္းေနၿပီး စိတ္ဓာတ္ေတြႀကံ့ခိုင္ေနတယ္လို႔ ခံစားရတယ္။
ဒါကမလြယ္ပါဘူး။ ကြၽန္ေတာ္တို႔ပင္ပန္းခဲ့ေပမဲ့ ေအာင္ပြဲရဖို႔ခြန္အားေတြ
ရွာေဖြႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဂိမ္းကိုအရမ္းေကာင္းတဲ့ပုံစံနဲ႔





အဆုံးသတ္ႏိုင္ခဲ့လို႔ အရမ္းေပ်ာ္မိတယ္။ ဒီအသင္းဟာ အစုအဖြဲ႕တစ္ခု
ဆိုတာထက္ကိုေက်ာ္လြန္သြားပါတယ္။ ထက္ျမက္တယ္လို႔ဆိုခ်င္တာပါ။





ဂိမ္းကိုအေကာင္းဆုံးဖတ္ႏိုင္ၿပီး ဘယ္အခ်ိန္ဘာလုပ္ရမယ္ဆိုတာကို
ကြၽန္ေတာ္တို႔အလိုလိုသိေနခဲ့တယ္။ ကြၽန္ေတာ္တို႔ဟာ ေကာင္းမြန္တဲ့
နည္းစနစ္ပိုင္းနဲ႔ ေဘာလုံးကစားႏိုင္ခဲ့တယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။





ေဆာ္ဒီနဲ႔အုပ္စုအဖြင့္ပြဲစဥ္မွာ ရႈံးပြဲမရွိစံခ်ိန္ေကာင္းတစ္ခု
က်ိဳးပ်က္သြားခဲ့တာက အာဂ်င္တီးနားအသင္းကိုအႀကီးမားဆုံး





႐ိုက္ခတ္ခဲ့တယ္လို႔လည္း မက္ဆီက ေျပာဆိုသြားပါတယ္။
ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၅ဂိုးသြင္း၊
၃ႀကိမ္ဖန္တီးၿပီး ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ရပ္တည္ေနပါတယ္။




