ဘာမင်ဂမ်အကယ်ဒမီကစားသမား ကိုဒီဖစ်ရှာကို ဓားနဲ့ထိုးသတ်ခဲ့တဲ့အမှုမှာ တတိယမြောက်သံသယတရားခံကို ရုံးထုတ်စစ်ဆေးခဲ့

ဘာမင်ဂမ်အကယ်ဒမီကစားသမားတစ်ယောက်ဖြစ်ပြီး ဝဲလ်ဆော

အသင်းမှာလေ့ကျင့်ရေးတွေပြုလုက်နေတဲ့ ကိုဒီဖစ်ရှာဟာ

ဘောက်ဆင်ဒေးညသန်းခေါင်ယံမတိုင်ခင် နိုင်ကလပ်တစ်ခုရဲ့

အကကြမ်းပြင်မှာ ဓားထိုးခံရပြီးသေဆုံးခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားကို ဓားနဲ့ထိုးပြီးသတ်ဖြတ်ခဲ့တဲ့

တတိယမြောက်သံသယတရားခံတစ်ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်း

ထားပြီလို့ Independent သတင်းစာကဖော်ပြခဲ့တာဖြစ်တယ်။

တရားခံကတော့ အာဒင်ဂန်စီးတီးမှာနေထိုင်တဲ့ အသက်

၁၈ နှစ်အရွယ် ရီဂန်အန်ဒါဆန်ဆိုသူဖြစ်ပြီး သူ့ကိုတော့

အနောက်ပိုင်းမစ်လန်းစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

မစ္စတာဖစ်ရှာဟာ ဘင်မင်ဂမ်မြို့ အက်ဒ်ဒါလေလမ်းပေါ်မှာရှိတဲ့

Crane နိုက်ကလပ်ရဲ့ အကကြမ်းပြင်ထက်မှာ ဓားထိုးခံရပြီး

သေဆုံးခဲ့တာဖြစ်တယ်။ အစောပိုင်းမှာတော့ အမျိုးသား

၂ ယောက်ကို လူသတ်မှုနဲ့ပက်သတ်လို့ တရားရုံးမှာ

စွဲချက်တင်ခဲ့ပြီး အာမခံနဲ့ပြန်လွှတ်ပေးထားပါတယ်။

ဒီအမှုကိုကိုင်တွယ်နေတဲ့ စုံထောက်တွေဟာ စုံစမ်းစစ်ဆေးမှုတွေမှာ

အထောက်အကူပြုနိုင်တဲ့ သတင်းအချက်အလက်တွေ၊

ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအတွက် သီးခြားဝက်ဘ်ဆိုက်တစ်ခု

ထောင်ထားတာဖြစ်တယ်။ ဘာမင်ဂမ်မှာရှိတဲ့ နိုက်ကလပ်နဲ့

နေရာအနှံ့အပြားမှာ အသက်ကယ်သွေးလှူသေတ္တာတွေ

ရှိနေတာကြောင့် လူသတ်မှုဖြစ်ခဲ့တဲ့ Crane နိုက်ကလပ်ရဲ့

လိုင်စင်ကိုသိမ်းခဲ့ပါတယ်။ ၂၀၁၇ ဇူလိုင်လအတွင်းမှာ သားဖြစ်သူ

ဒန်နီရယ်ဓားထိုးအသတ်ခံရပြီးနောက် လိုင်နီဘာရတ်ဆိုသူမိခင်က

Daniel Baird ဖောင်ဒေးရှင်းကတစ်ဆင့် ဓားထိုးခံရသူတွေကို

ကူညီဖို့အတွက် ကိရိယာအစုံအလင်ကို ဘာမင်ဂမ်နိုက်ကလပ်တွေမှာ

တပ်ဆင်လှူဒါန်းခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ ကာမီကာပန်တာ

(၂၁ နှစ်)နဲ့ ရီမီဂေါ်ဒွန်(၂၂နှစ်) တို့ကို ဖစ်ရှာအသတ်ခံရပြီး

၅ရက်အကြာမှာ လူသတ်မှုနဲ့တရားစွဲဆိုထားတာပါ။

သူတို့နှစ်ယောက်ကို ဇူလ်ုင် ၃ရက်မှာ စတင်စစ်ဆေးဖို့

အမိန့်ချထားတာဖြစ်တယ်။ တတိယမြောက်သံသယတရားခံဖြစ်တဲ့

အသက် ၁၈နှစ်အရွယ် အန်ဒါဆန်ကိုတော့ ပြီးခဲ့တဲ့

ကြာသပတေးနေ့မှာ ဖမ်းဆီးခဲ့ပြီး သောကြာနေ့မှာရုံးထုတ်စစ်ဆေးခဲ့တာပါ။

zawgyi

ဘာမင္ဂမ္အကယ္ဒမီကစားသမား ကိုဒီဖစ္ရွာကို ဓားနဲ႔ထိုးသတ္ခဲ့တဲ့အမႈမွာ တတိယေျမာက္သံသယတရားခံကို ႐ုံးထုတ္စစ္ေဆးခဲ့

ဘာမင္ဂမ္အကယ္ဒမီကစားသမားတစ္ေယာက္ျဖစ္ၿပီး ဝဲလ္ေဆာ

အသင္းမွာေလ့က်င့္ေရးေတြျပဳလုက္ေနတဲ့ ကိုဒီဖစ္ရွာဟာ

ေဘာက္ဆင္ေဒးညသန္းေခါင္ယံမတိုင္ခင္ ႏိုင္ကလပ္တစ္ခုရဲ႕

အကၾကမ္းျပင္မွာ ဓားထိုးခံရၿပီးေသဆုံးခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားကို ဓားနဲ႔ထိုးၿပီးသတ္ျဖတ္ခဲ့တဲ့

တတိယေျမာက္သံသယတရားခံတစ္ဦးကိုေတာ့ ဖမ္းဆီးထိန္းသိမ္း

ထားၿပီလို႔ Independent သတင္းစာကေဖာ္ျပခဲ့တာျဖစ္တယ္။

တရားခံကေတာ့ အာဒင္ဂန္စီးတီးမွာေနထိုင္တဲ့ အသက္

၁၈ ႏွစ္အ႐ြယ္ ရီဂန္အန္ဒါဆန္ဆိုသူျဖစ္ၿပီး သူ႔ကိုေတာ့

အေနာက္ပိုင္းမစ္လန္းစ္ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းခဲ့တာပါ။

မစၥတာဖစ္ရွာဟာ ဘင္မင္ဂမ္ၿမိဳ႕ အက္ဒ္ဒါေလလမ္းေပၚမွာရွိတဲ့

Crane ႏိုက္ကလပ္ရဲ႕ အကၾကမ္းျပင္ထက္မွာ ဓားထိုးခံရၿပီး

ေသဆုံးခဲ့တာျဖစ္တယ္။ အေစာပိုင္းမွာေတာ့ အမ်ိဳးသား

၂ ေယာက္ကို လူသတ္မႈနဲ႔ပက္သတ္လို႔ တရား႐ုံးမွာ

စြဲခ်က္တင္ခဲ့ၿပီး အာမခံနဲ႔ျပန္လႊတ္ေပးထားပါတယ္။

ဒီအမႈကိုကိုင္တြယ္ေနတဲ့ စုံေထာက္ေတြဟာ စုံစမ္းစစ္ေဆးမႈေတြမွာ

အေထာက္အကူျပဳႏိုင္တဲ့ သတင္းအခ်က္အလက္ေတြ၊

ဓာတ္ပုံေတြ၊ ဗီဒီယိုေတြအတြက္ သီးျခားဝက္ဘ္ဆိုက္တစ္ခု

ေထာင္ထားတာျဖစ္တယ္။ ဘာမင္ဂမ္မွာရွိတဲ့ ႏိုက္ကလပ္နဲ႔

ေနရာအႏွံ႔အျပားမွာ အသက္ကယ္ေသြးလႉေသတၱာေတြ

ရွိေနတာေၾကာင့္ လူသတ္မႈျဖစ္ခဲ့တဲ့ Crane ႏိုက္ကလပ္ရဲ႕

လိုင္စင္ကိုသိမ္းခဲ့ပါတယ္။ ၂၀၁၇ ဇူလိုင္လအတြင္းမွာ သားျဖစ္သူ

ဒန္နီရယ္ဓားထိုးအသတ္ခံရၿပီးေနာက္ လိုင္နီဘာရတ္ဆိုသူမိခင္က

Daniel Baird ေဖာင္ေဒးရွင္းကတစ္ဆင့္ ဓားထိုးခံရသူေတြကို

ကူညီဖို႔အတြက္ ကိရိယာအစုံအလင္ကို ဘာမင္ဂမ္ႏိုက္ကလပ္ေတြမွာ

တပ္ဆင္လႉဒါန္းခဲ့တာျဖစ္တယ္။ လက္ရွိမွာေတာ့ ကာမီကာပန္တာ

(၂၁ ႏွစ္)နဲ႔ ရီမီေဂၚဒြန္(၂၂ႏွစ္) တို႔ကို ဖစ္ရွာအသတ္ခံရၿပီး

၅ရက္အၾကာမွာ လူသတ္မႈနဲ႔တရားစြဲဆိုထားတာပါ။

သူတို႔ႏွစ္ေယာက္ကို ဇူလ္ုင္ ၃ရက္မွာ စတင္စစ္ေဆးဖို႔

အမိန႔္ခ်ထားတာျဖစ္တယ္။ တတိယေျမာက္သံသယတရားခံျဖစ္တဲ့

အသက္ ၁၈ႏွစ္အ႐ြယ္ အန္ဒါဆန္ကိုေတာ့ ၿပီးခဲ့တဲ့

ၾကာသပေတးေန႔မွာ ဖမ္းဆီးခဲ့ၿပီး ေသာၾကာေန႔မွာ႐ုံးထုတ္စစ္ေဆးခဲ့တာပါ။