ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာဖရိကနိုင်ငံများ
ဖလားပြိုင်ပွဲဟာ ကွာတားဖိုင်နယ်အဆင့်ကိုတောင် မကျင်းပရသေးတဲ့အချိန်မှာ
အနီကတ် ၁၃ ကြိမ်အထိရှိနေလို့ ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်နေရတယ်လို့
သိရပါတယ်။ ၁၃ ကြိမ်ဆိုတာ ပြီးခဲ့တဲ့ပြိုင်ပွဲ ၄ ရပ်ပေါင်းအနီကတ်အရေအတွက်နဲ့
တူညီနေလို့ ဒိုင်လူကြီးတွေဟာအနီကတ်ကို အလွယ်တကူ ပြပြီးပြိုင်ပွဲကို
ဖျက်ဆီးပစ်နေတယ်လို့ လည်းစွပ်စွဲခံနေရပါတယ်။
မနေ့ညက ဆီနီဂေါနဲ့ ကိပ်ဗာဒီ တို့ရဲ့ပွဲမှာလည်း ကိပ်ဗာဒီ က ကစားသမားနှစ်ဦးဖြစ်တဲ့
ကွင်းလယ်လူ အန်ဒရာဒီနဲ့ ဂိုးသမား ဗိုဇင်ဟာတို့ထုတ်ပယ်ခံခဲ့ရသေးတာပါ။ ဒါတောင်
ဒီကနေ့ ညမှာကစားမယ့် အီဂျစ်နဲ့ အိုင်ဗရီကို့စ်၊ မာလီနဲ့ အီကွေတိုရီယယ်ဂူနီယာတို့ရဲ့
၁၆ သင်းအဆင့်ပွဲမပါသေးတဲ့အတွက် ပြိုင်ပွဲပြီး ရင်အနီကတ်အရေအတွက်
စံချိန်တင်တောင်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါကြောင့်လည်း
တွစ်တာပေါ်မှာဒေါသတကြီးဝေဖန်မှုတွေရော လှောင်ပြောင်မှုတွေပါရှိနေတာပါ။
တစ်ဦးကဆိုရင်” AFCON ကတကယ့်ဟာသဘဲ။ ဒိုင်လူကြီးတွေဟာပြိုင်ပွဲကို
ဖျက်ဆီးနေကြတာ” လို့ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ” ၂၀၂၁
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဟာ ဆက်မကြည့်ချင်တော့လောက်အောင်ကို
ပိုမိုတဲ့အကြောင်းပြချက်တွေရှိနေပါ တယ်။ ဒိုင်တွေရဲ့အနိမ့်ဆုံးသောအဆင့်အတန်း” လို့
ဆိုပါတယ်။ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ဟာ ဆိုရင်မာနေနဲ့ဝင်တိုက်မိတာကို
အနီကတ်ပြခံလိုက်ရလို့ အခုပြိုင်ပွဲမှာ ၁၃ ယောက်မြောက်ထုတ်ပယ်ခံရသူ
ဖြစ်လာတာပါ။ သူတို့တိုက်မိမှုဟာ တစ်ဦးနဲ့တစ်ဦး ၅၀-၅၀ စီအနေအထား
ဖြစ်နေတာပါ။ဒါကြောင့်လည်းပို့စ်တစ်ခုမှာ ” ဒိုင်တွေဟာ VAR ကိုကျေကျေ
နပ်နပ်ကြီးသုံးနေပေမယ့် မှန်းဆချက်တွေနဲ့သာ အလွဲသုံးစားပြုနေတာပါ။
ဆုံးဖြတ်ချက်အများ စုကလည်း ရယ်စရာတွေများနေတယ်။ ဗိုဇင်ဟာ ဆိုရင်
မာနေးနဲ့တိုက်မိလို့ဆိုပြီး အနီကတ်ပြခံရတယ်။ အာဖရိကသားတွေကလည်း
ဒီလိုမျှတတဲ့အရာတွေကို စိတ်မပျက်ကြဘူး” လို့ပြင်းထန်စွာဝေဖန်ပါတယ်။
နောက်ထပ်တစ်ယောက်တော့ တော်တော်လေးကိုအရွှန်းဖောက်ခဲ့ပြီးသူက
” ကွင်းထဲက ဘယ်ကစားသမားမဆို လေလည်တဲ့အချိန်တိုင်း အနီကတ်ဘဲ” လို့
ရေးသားသွားပါတယ်။ လက်ရှိပြိုင်ပွဲမှာ ရှုံးထွက်အဆင့်(၁၆ သင်းအဆင့်) ၆ ပွဲ
ကစားခဲ့ပြီး အနီ ကတ် ၇ ခုအထိရှိခဲ့လို့ တစ်ပွဲကိုအနည်းဆုံးတစ်ယောက်
အထုတ်ခံရတာထက်တောင် ပိုနေတာပါ။
Zawgyi
ဘာဖြစ်ဖြစ် အနီကတ်ပဲနှင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ