ဘာပြောပြော၊ ဘာလုပ်လုပ် အသတ်ခံရမယ့်ဘဝကိုတွေးကြည့်စမ်းပါလို့ အီရန်နည်းပြကွီရော့ဇ် ရင်ဖွင့်

အင်္ဂလန်နဲ့အုပ်စုအဖွင့်ပွဲမတိုင်ခင်မှာတော့ အီရန်ကစားသမားတွေဟာ ခါလီဖာအားကစားကွင်းအတွင်း နိုင်ငံတော်သီချင်းတီးမှုတ်ချိန်မှာ မျက်နှာပြောင်တိုက်ကာမတ်တပ်ရပ်နေခဲ့ပြီး

ပရိသတ်တွေကမျက်ရည်ကျနေခဲ့ပါတယ်။ ကစားသမားတွေက နိုင်ငံတော်သီချင်းလိုက်မဆိုခဲ့သလို ပရိသတ်တွေကလည်းဘောလုံးလောကရဲ့အကြီးဆုံးစင်မြင့်ပေါ်မှာ အစိုးရကိုဆန့်ကျင်ပြခဲ့တာဖြစ်တယ်။

အီရန်နိုင်ငံသားတွေဟာ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ဆန္ဒပြပွဲတွေဆက်တိုက်ပြုလုပ်ခဲ့သလို နည်းပြကွီရော့ဇ်ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တွေကို စိတ်ကြိုက်ဆန္ဒဖော်ထုတ်ခွင့်ပြုထားတာဖြစ်တယ်။

ကွီရော့ဇ်က ပရိသတ်တွေအနေနဲ့ အီရန်ကစားသမားတွေရဲ့လုပ်ရပ်ကို မျက်ကွယ်ပြုပေးထားဖို့တောင်းဆိုလိုက်ပြီး ဘာပဲလုပ်လုပ်သူတို့အသတ်ခံရမှာပဲလို့ ပြောဆိုလိုက်ပါတယ်။ “သူတို့ဘာလုပ်လုပ်၊

ဘာပြောပြော သူတို့ကိုသတ်ချင်ကြမှာပါ။ မင်းဘာလုပ်လုပ်၊ ဘာပြောပြောအသတ်ခံရမယ့်ဘဝကို စိတ်ကူးကြည့်စမ်းပါ။ သူတို့ကိုပွဲကစားခွင့်လေးတော့ပေးလိုက်ပါ” လို့ နည်းပြကွီရော့ဇ်က

တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရေးမငြိမ်သက်မှုတွေဟာ အသင်းရဲ့ရလဒ်ပိုင်းကိုထိခိုက်စေခဲ့တယ်လို့လည်း ကွီရော့ဇ်က အကြောင်းပြခဲ့ပါတယ်။ “ဒီကမ္ဘာ့ဖလားကိုလာပြီး သူတို့ရဲ့တာဝန်မဟုတ်တာကို

လုပ်ခိုင်းတာကိုကမူမမှန်ပါဘူး။ ပြည်သူတွေအတွက်ဂုဏ်ယူစရာတွေဆောင်ကြဉ်းပေးချင်တယ်။ ကောင်လေးတွေဟာ သူတို့ကိုယ်သူတို့ ဘောလုံးသမားတွေလို့ထုတ်ဖော်ချင်တာကြောင့်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဘယ်လိုနေခဲ့ကြရသလဲဆိုတာသိစေချင်တယ်။ ကျွန်တော်တို့မှာ ခံစားချက်နဲ့ ယုံကြည်ချက်ရှိပြီး

သင့်တော်တဲ့အခိုက်အတန့်မှာ ထုတ်ဖော်ပြသမှာပါပဲ” လို့ ကားလို့စ်ကွီရော့ဇ်က ဆိုပါတယ်။

(Zawgyi)

ဘာေျပာေျပာ၊ ဘာလုပ္လုပ္ အသတ္ခံရမယ့္ဘဝကိုေတြးၾကည့္စမ္းပါလို႔ အီရန္နည္းျပကြီေရာ့ဇ္ ရင္ဖြင့္

အဂၤလန္နဲ႔အုပ္စုအဖြင့္ပြဲမတိုင္ခင္မွာေတာ့ အီရန္ကစားသမားေတြဟာ ခါလီဖာအားကစားကြင္းအတြင္း ႏိုင္ငံေတာ္သီခ်င္းတီးမႈတ္ခ်ိန္မွာ မ်က္ႏွာေျပာင္တိုက္ကာမတ္တပ္ရပ္ေနခဲ့ၿပီး

ပရိသတ္ေတြကမ်က္ရည္က်ေနခဲ့ပါတယ္။ ကစားသမားေတြကႏိုင္ငံေတာ္သီခ်င္းလိုက္မဆိုခဲ့သလို ပရိသတ္ေတြကလည္းေဘာလုံးေလာကရဲ႕အႀကီးဆုံးစင္ျမင့္ေပၚမွာ

အစိုးရကိုဆန႔္က်င္ျပခဲ့တာျဖစ္တယ္။ အီရန္ႏိုင္ငံသားေတြဟာ လူ႔အခြင့္အေရးနဲ႔ပတ္သတ္ၿပီး ဆႏၵျပပြဲေတြဆက္တိုက္ျပဳလုပ္ခဲ့သလို နည္းျပကြီေရာ့ဇ္ကိုယ္တိုင္ကလည္း

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေတြကို စိတ္ႀကိဳက္ဆႏၵေဖာ္ထုတ္ခြင့္ျပဳထားတာျဖစ္တယ္။ ကြီေရာ့ဇ္က ပရိသတ္ေတြအေနနဲ႔ အီရန္ကစားသမားေတြရဲ႕လုပ္ရပ္ကိုမ်က္ကြယ္ျပဳေပးထားဖို႔ေတာင္းဆိုလိုက္ၿပီး

ဘာပဲလုပ္လုပ္သူတို႔အသတ္ခံရမွာပဲလို႔ ေျပာဆိုလိုက္ပါတယ္။ “သူတို႔ဘာလုပ္လုပ္၊ ဘာေျပာေျပာ သူတို႔ကိုသတ္ခ်င္ၾကမွာပါ။ မင္းဘာလုပ္လုပ္၊ ဘာေျပာေျပာအသတ္ခံရမယ့္ဘဝကို

စိတ္ကူးၾကည့္စမ္းပါ။ သူတို႔ကိုပြဲကစားခြင့္ေလးေတာ့ေပးလိုက္ပါ” လို႔ နည္းျပကြီေရာ့ဇ္က ေတာင္းဆိုလိုက္ပါတယ္။ ႏိုင္ငံေရးမၿငိမ္သက္မႈေတြဟာ အသင္းရဲ႕ရလဒ္ပိုင္းကို

ထိခိုက္ေစခဲ့တယ္လို႔လည္း ကြီေရာ့ဇ္က အေၾကာင္းျပခဲ့ပါတယ္။ “ဒီကမာၻ႔ဖလားကိုလာၿပီး သူတို႔ရဲ႕တာဝန္မဟုတ္တာကိုလုပ္ခိုင္းတာကိုကမူမမွန္ပါဘူး။

ျပည္သူေတြအတြက္ဂုဏ္ယူစရာေတြေဆာင္ၾကဥ္းေပးခ်င္တယ္။ ေကာင္ေလးေတြဟာ သူတို႔ကိုယ္သူတို႔ ေဘာလုံးသမားေတြလို႔ထုတ္ေဖာ္ခ်င္တာေၾကာင့္

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းဘယ္လိုေနခဲ့ၾကရသလဲဆိုတာသိေစခ်င္တယ္။ ကြၽန္ေတာ္တို႔မွာ ခံစားခ်က္နဲ႔ ယုံၾကည္ခ်က္ရွိၿပီး သင့္ေတာ္တဲ့အခိုက္အတန႔္မွာ ထုတ္ေဖာ္ျပသမွာပါပဲ” လို႔

ကားလို႔စ္ကြီေရာ့ဇ္က ဆိုပါတယ္။