
ရီးရဲလ်ဂိုးသမား ကော့တွိုင်းက ပြင်သစ်မြေမှာ ပီအက်စ်ဂျီအသင်းကို
(ဝ-ဝ)နဲ့ ပွဲသိမ်းနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရလို့ စိတ်ပျက်နေခဲ့ပြီး
ဘာပေးသွင်းယူခဲ့တဲ့ ဂိုးရဲ့ အစဖြစ်တဲ့ တိုနီ ခရူးစ်ရဲ့ ပေးပို့မှုအမှားကို
RMC Sport နဲ့ အင်တာဗျူးမှာ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။
ကော့တွိုင်းဟာ ပွဲချိန် ၆၂ မိနစ်မှာ မက်ဆီရဲ့ ပင်နယ်တီ ကန်ချက်ကို
ကာကွယ်သွားနိုင်ခဲ့သလို ပွဲပြီးခါနီးအချိန်အထိ
ပီအက်စ်ဂျီ တိုက်စစ်မှူးတွေရဲ့ ဂိုးရဖို့ တိုက်စစ်ဆင်မှုတွေကိုတားဆီးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲပြီးခါနီးမှာ တိုနီ ခရူးစ်က ဟာဇက်ဆီကိုဘောလုံး ပေးပို့ခဲ့ရာမှာ
ပီအက်စ်ဂျီအသင်းရဲ့ ခံစစ်မှူး မာကင်ညိုစ်ရဲ့ ပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး
ဘောလုံးပေးပို့မှု ပျက်တာကနေ ပီအက်စ်ဂျီအသင်း ကစားကွက်
ပြန်တည်နိုင်ခဲ့ကာ နေမာကို ဘောလုံးပေးခဲ့သလို
နေမာက လှပတဲ့ ခြေဖနောင့်ပေါက်ချက်နဲ့ ဘာပေကို ဘောလုံးပေးပို့ခဲ့ပြီး
ဘာပေက တစ်ကိုယ်တော်အစွမ်းနဲ့ ပင်နယ်တီဧရိယာထဲဝင်ရောက်ခဲ့ကာ
မက်ဒရစ်ခံစစ်မှူးတွေဖြစ်တဲ့ အီဒါ မီလီတာအိုနဲ့
လူးကပ်စ် ဗျက်ဇ်ကွက်ဇ်တို့ကြားထဲကနေ ပြေးထွက်ခဲ့ပြီး
ကော့တွိုင်းရဲ့ပေါင်ကြားအောက်ကနေ
ဘောလုံးကိုအပြင်းကန်သွင်းသွားခဲ့ပြီး ဂိုးရယူနိုင်ခဲ့ပါတယ်။
ကော့တွိုင်းက ပွဲအပြီး RMC Sport နဲ့ အင်တာဗျူးမှာ
“ကျွန်တော်တို့အနေနဲ့ တကယ့်ကို ကောင်းကောင်းမွန်မွန်
ခုခံကာကွယ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့
အတော်လေးညံ့ဖျင်းတဲ့ ပေးပို့မှုနဲ့အတူ လက်ဆောင်ဂိုးပေးခဲ့ရတယ်။
ဒါက တကယ့်ကို ခက်ခဲပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး သူက “ကျွန်တော်တို့အနေနဲ့ တစ်သင်းလုံးအရဆို
အကောင်းကြီးမကစားနိုင်ခဲ့ဘူး။
ဒါပေမယ့် ဘာနေဗျူးမှာ (ဝ-ဝ) ဆိုတဲ့ရလဒ်နဲ့
စတင်ကစားရမယ်ဆိုတာက ပိုကောင်းလိမ့်မှာပေါ့”
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ နိုင်မှဖြစ်တော့မယ်။
ကျွန်တော်တို့အနေနဲ့ နိုင်မှဖြစ်မယ်ဆိုတာကို သိထားပြီး
ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုနဲ့အတူ
လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ သတင်းပြေးနေတဲ့ ဘာပေရဲ့
စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့
ကော့တွိုင်းက “ကျွန်တော့်အနေနဲ့ ပွဲရဲ့သေချာပေါက်
ကန်ချက်အချို့ကို ကာကွယ်နိုင်ခဲ့ပေမယ့်
ဘာပေးရဲ့ နောက်ဆုံးကန်ချက်ကတော့
အရည်အသွေးမြင့်ပြီး အဆင့်ရှိတဲ့ကန်ချက်ပါ။
သူက လက်ရှိကမ္ဘာ့အကောင်းဆုံးတွေထဲက
တစ်ယောက်ပါပဲ”လို့ ပြောသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့
ကာစီမီရိုနဲ့ ဖာလွန် မန်ဒီတို့အနေနဲ့ ပီအက်စ်ဂျီအသင်းကို
ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အဝါကတ်ကိုယ်စီ ပြသခံခဲ့ရပြီး
ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းက ပြသခံခဲ့ရတဲ့ အဝါကတ်တွေကြောင့်
တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို ပီအက်စ်ဂျီအသင်းနဲ့
ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကော့တွိုင်းက “သူတို့အနေနဲ့
ပြန်လာရမယ့် အကျော့ကျမှ မပါဝင်နိုင်တာက ရှက်ဖို့တော့ကောင်းပါတယ်။
မန်ဒီအနေနဲ့ သူ့ပြစ်ဒဏ်ဘောအတွက် အဝါကတ်နဲ့ မထိုက်တန်ပါဘူး။
သူ့အနေနဲ့ ဒါကိုလုပ်ဖို့ ရည်ရွယ်ချက်မှ မရှိခဲ့တာ။
ကွင်းလယ်ဒိုင်က ဒီနေ့မှာ အဝါကတ်တွေနဲ့ပတ်သက်ပြီး
သဘောတအားကောင်းခဲ့တာပဲ”လို့ ပြောသွားခဲ့ပါတယ်။
ဒီပွဲမှာ မက်ဆီရဲ့ ပင်နယ်တီကို ကာကွယ်သွားခဲ့တဲ့ ကော့တွိုင်းရဲ့
လေ့ကျင့်အားထုတ်ခဲ့မှုဟာလည်း သိသာတဲ့ အဖြစ်တစ်ခုပါပဲ။
ကော့တွိုင်း က “ကျွန်တော်က သူဘာစီလိုနာအသင်းမှာ
ပင်နယ်တီကန်တဲ့ အချိန်တွေကိုသေချာပြန်ကြည့်ဖြစ်ခဲ့တယ်။
သူက ဘယ်ဘက်ခြမ်းကိုကန်သွင်းရင် ဂိုးဝင်တာများတယ်။
သေချာပေါက်ဂိုးလိုနေတဲ့အချိန်မှာ သူအဲ့သည့်ဘက်ကို
ကန်သွင်းလာလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းမိပြီး သူကန်တဲ့အချိန်မှာ
ကာကွယ်လိုက်နိုင်ခဲ့တာပါပဲ” လို့ ပြောသွားခဲ့ပါတယ်။
မတ်လ(၁၀)ရက်နေ့မှာ ရီးရဲလ်က ဘာနေဗျူးမှာ ပီအက်စ်ဂျီနဲ့
ဒုတိယအကျော့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာ
ဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်ရောက်သွားမလဲဆိုတာက
စိတ်ဝင်စားစရာပါပဲ။
zawgyi
ဘာေပးသြင္းယူခဲ့တဲ့ ဂိုးရဲ႕ အစဟာ တိုနီခ႐ူးစ္ရဲ႕ ေပးပို႔မႈအမွားလို႔ ေကာ့တြိဳင္း ေဝဖန္အျပစ္တင္
ရီးရဲလ္ဂိုးသမား ေကာ့တြိဳင္းက ျပင္သစ္ေျမမွာ ပီအက္စ္ဂ်ီအသင္းကို
(ဝ-ဝ)နဲ႔ ပြဲသိမ္းႏိုင္မယ့္အခြင့္အေရးကို ဆုံးရႈံးခဲ့ရလို႔ စိတ္ပ်က္ေနခဲ့ၿပီး
ဘာေပးသြင္းယူခဲ့တဲ့ ဂိုးရဲ႕ အစျဖစ္တဲ့ တိုနီ ခ႐ူးစ္ရဲ႕ ေပးပို႔မႈအမွားကို
RMC Sport နဲ႔ အင္တာဗ်ဴးမွာ ျပစ္တင္ေဝဖန္သြားခဲ့ပါတယ္။
ေကာ့တြိဳင္းဟာ ပြဲခ်ိန္ ၆၂ မိနစ္မွာ မက္ဆီရဲ႕ ပင္နယ္တီ ကန္ခ်က္ကို
ကာကြယ္သြားႏိုင္ခဲ့သလို ပြဲၿပီးခါနီးအခ်ိန္အထိ
ပီအက္စ္ဂ်ီ တိုက္စစ္မႉးေတြရဲ႕ ဂိုးရဖို႔ တိုက္စစ္ဆင္မႈေတြကိုတားဆီးႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ပြဲၿပီးခါနီးမွာ တိုနီ ခ႐ူးစ္က ဟာဇက္ဆီကိုေဘာလုံး ေပးပို႔ခဲ့ရာမွာ
ပီအက္စ္ဂ်ီအသင္းရဲ႕ ခံစစ္မႉး မာကင္ညိဳစ္ရဲ႕ ပိတ္ဆို႔ျခင္းကို ခံခဲ့ရၿပီး
ေဘာလုံးေပးပို႔မႈ ပ်က္တာကေန ပီအက္စ္ဂ်ီအသင္း ကစားကြက္
ျပန္တည္ႏိုင္ခဲ့ကာ ေနမာကို ေဘာလုံးေပးခဲ့သလို
ေနမာက လွပတဲ့ ေျခဖေနာင့္ေပါက္ခ်က္နဲ႔ ဘာေပကို ေဘာလုံးေပးပို႔ခဲ့ၿပီး
ဘာေပက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ပင္နယ္တီဧရိယာထဲဝင္ေရာက္ခဲ့ကာ
မက္ဒရစ္ခံစစ္မႉးေတြျဖစ္တဲ့ အီဒါ မီလီတာအိုနဲ႔
လူးကပ္စ္ ဗ်က္ဇ္ကြက္ဇ္တို႔ၾကားထဲကေန ေျပးထြက္ခဲ့ၿပီး
ေကာ့တြိဳင္းရဲ႕ေပါင္ၾကားေအာက္ကေန
ေဘာလုံးကိုအျပင္းကန္သြင္းသြားခဲ့ၿပီး ဂိုးရယူႏိုင္ခဲ့ပါတယ္။
ေကာ့တြိဳင္းက ပြဲအၿပီး RMC Sport နဲ႔ အင္တာဗ်ဴးမွာ
“ကြၽန္ေတာ္တို႔အေနနဲ႔ တကယ့္ကို ေကာင္းေကာင္းမြန္မြန္
ခုခံကာကြယ္ႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔
အေတာ္ေလးညံ့ဖ်င္းတဲ့ ေပးပို႔မႈနဲ႔အတူ လက္ေဆာင္ဂိုးေပးခဲ့ရတယ္။
ဒါက တကယ့္ကို ခက္ခဲပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး သူက “ကြၽန္ေတာ္တို႔အေနနဲ႔ တစ္သင္းလုံးအရဆို
အေကာင္းႀကီးမကစားႏိုင္ခဲ့ဘူး။
ဒါေပမယ့္ ဘာေနဗ်ဴးမွာ (ဝ-ဝ) ဆိုတဲ့ရလဒ္နဲ႔
စတင္ကစားရမယ္ဆိုတာက ပိုေကာင္းလိမ့္မွာေပါ့”
“ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္မွျဖစ္ေတာ့မယ္။
ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္မွျဖစ္မယ္ဆိုတာကို သိထားၿပီး
ကြၽန္ေတာ္တို႔အေနနဲ႔ ပရိသတ္ေတြရဲ႕ ေထာက္ခံအားေပးမႈနဲ႔အတူ
လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္နဲ႔ သတင္းေျပးေနတဲ့ ဘာေပရဲ႕
စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့
ေကာ့တြိဳင္းက “ကြၽန္ေတာ့္အေနနဲ႔ ပြဲရဲ႕ေသခ်ာေပါက္
ကန္ခ်က္အခ်ိဳ႕ကို ကာကြယ္ႏိုင္ခဲ့ေပမယ့္
ဘာေပးရဲ႕ ေနာက္ဆုံးကန္ခ်က္ကေတာ့
အရည္အေသြးျမင့္ၿပီး အဆင့္ရွိတဲ့ကန္ခ်က္ပါ။
သူက လက္ရွိကမာၻ႔အေကာင္းဆုံးေတြထဲက
တစ္ေယာက္ပါပဲ”လို႔ ေျပာသြားခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့
ကာစီမီ႐ိုနဲ႔ ဖာလြန္ မန္ဒီတို႔အေနနဲ႔ ပီအက္စ္ဂ်ီအသင္းကို
ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အဝါကတ္ကိုယ္စီ ျပသခံခဲ့ရၿပီး
ၿပီးခဲ့တဲ့ပြဲစဥ္ေတြတုန္းက ျပသခံခဲ့ရတဲ့ အဝါကတ္ေတြေၾကာင့္
တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရသလို ပီအက္စ္ဂ်ီအသင္းနဲ႔
ဒုတိယအေက်ာ့ပြဲစဥ္ကို ပါဝင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။
အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး ေကာ့တြိဳင္းက “သူတို႔အေနနဲ႔
ျပန္လာရမယ့္ အေက်ာ့က်မွ မပါဝင္ႏိုင္တာက ရွက္ဖို႔ေတာ့ေကာင္းပါတယ္။
မန္ဒီအေနနဲ႔ သူ႔ျပစ္ဒဏ္ေဘာအတြက္ အဝါကတ္နဲ႔ မထိုက္တန္ပါဘူး။
သူ႔အေနနဲ႔ ဒါကိုလုပ္ဖို႔ ရည္႐ြယ္ခ်က္မွ မရွိခဲ့တာ။
ကြင္းလယ္ဒိုင္က ဒီေန႔မွာ အဝါကတ္ေတြနဲ႔ပတ္သက္ၿပီး
သေဘာတအားေကာင္းခဲ့တာပဲ”လို႔ ေျပာသြားခဲ့ပါတယ္။
ဒီပြဲမွာ မက္ဆီရဲ႕ ပင္နယ္တီကို ကာကြယ္သြားခဲ့တဲ့ ေကာ့တြိဳင္းရဲ႕
ေလ့က်င့္အားထုတ္ခဲ့မႈဟာလည္း သိသာတဲ့ အျဖစ္တစ္ခုပါပဲ။
ေကာ့တြိဳင္း က “ကြၽန္ေတာ္က သူဘာစီလိုနာအသင္းမွာ
ပင္နယ္တီကန္တဲ့ အခ်ိန္ေတြကိုေသခ်ာျပန္ၾကည့္ျဖစ္ခဲ့တယ္။
သူက ဘယ္ဘက္ျခမ္းကိုကန္သြင္းရင္ ဂိုးဝင္တာမ်ားတယ္။
ေသခ်ာေပါက္ဂိုးလိုေနတဲ့အခ်ိန္မွာ သူအဲ့သည့္ဘက္ကို
ကန္သြင္းလာလိမ့္မယ္လို႔ကြၽန္ေတာ္ခန႔္မွန္းမိၿပီး သူကန္တဲ့အခ်ိန္မွာ
ကာကြယ္လိုက္ႏိုင္ခဲ့တာပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။
မတ္လ(၁၀)ရက္ေန႔မွာ ရီးရဲလ္က ဘာေနဗ်ဴးမွာ ပီအက္စ္ဂ်ီနဲ႔
ဒုတိယအေက်ာ့ရင္ဆိုင္ရမွာျဖစ္ၿပီး အဲ့ဒီပြဲအၿပီးမွာ
ဘယ္အသင္းကေနာက္တစ္ဆင့္ကိုတက္ေရာက္သြားမလဲဆိုတာက
စိတ္ဝင္စားစရာပါပဲ။