ဘာပေကို အသင်းမှာဆက်ရှိနေဖို့အတွက် ဘောလုံးလောကရဲ့စံချိန်တင်လစာအထိပေးပြီးကမ်းလှမ်းဖို့ကြိုးစားနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘာပေ ကိုအသင်းမှာဆက်ရှိနေဖို့အတွက်

သူ့ကိုဘောလုံးလောကရဲ့စံချိန်တင်လစာဖြစ်တဲ့ တစ်ပတ်လစာ

ပေါင် ၁ သန်းအထိပေးပြီးကမ်းလှမ်းဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်ရှိတဲ့ ဘာပေ ဟာ ပီအက်စ်ဂျီနဲ့

စာချုပ်သက်တမ်း ၄ လသာကျန်ရှိတော့ပြီး စာချုပ်သစ်အတွက်လည်း

သဘောတူညီချက်မရသေးပါဘူး။

မကြာသေးခင်ကထွက်ပေါ်လာတဲ့ သတင်းတွေအရ

သူဟာရာသီကုန်ရင် ရီးရဲလ်မက်ဒရစ် ကိုပြောင်းဖို့

အကြိုသဘောတူထားတယ်လို့ ဖော်ပြခဲ့ကြပြီး

မက်ဒရစ်မှာတစ်ပတ်လစာပေါင် ၈၅၀၀၀၀ အထိရရှိမယ်လို့လည်းဆိုပါတယ်။

ရာသီကုန်ရင် အလွတ်ထွက်ခွာနိုင်မယ့် ဘာပေ တစ်ယောက်

ရီးရဲလ်မှာရမယ့်လစာနဲ့ ပတ်သက်ပြီး အများကအံ့အားသင့်နေချိန်မှ

ာ ပီအက်စ်ဂျီက ရီးရဲလ်ထက်ပိုများတဲ့ လစာနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ရီးရဲလ်ဟာပြီးခဲ့တဲ့ နွေရာသီကတည်းက ဘာပေ ကို

နှစ်ကြိမ်တောင်ကမ်းလှမ်းခဲ့သေးပေမယ့်

ပီအက်စ်ဂျီဘက်က ငြင်းပယ်ခဲ့လို့ စာချုပ်ပြည့်အောင်စောင့်ပြီး

သဘောတူညီချက်ရရှိဖို့ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် အခုသတင်းတွေထွက်ပေါ်ချိန်မှာ ပီအက်စ်ဂျီဘက်ကလည်း

ဘာပေ ကိုအသင်းမှာဆက်ရှိဖို့ နောက်ဆုံးကြိုးပမ်းတဲ့အနေနဲ့

ရီးရဲလ်ဘက်က လိုက်ပေးနိုင်ဖို့မရှိတဲ့တစ်ပတ်လစာပေါင် ၁ သန်းနီးပါးနဲ့

စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းတော့မယ်လို့

Independent သတင်းစာကြီးကဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ဘာပေ ကိုစာချုပ်သစ်ကမ်းလှမ်းတာ

အခုတစ်ကြိမ်က ပထမဆုံးတော့မဟုတ်ပါဘူး။

ကလပ်ရဲ့အားကစားဒါရိုက်တာဖြစ်တဲ့ လီယိုနာဒို ကသူတို့ဟာ

ဘောလုံးလောကမှာ လုံးဝမရှိသေးတဲ့ လစာပမာဏနဲ့ ဘာပေ ကို

စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကပယ်ချခဲ့တယ်လို့

ပြီးခဲ့တဲ့နွေရာသီ ထုတ်ပြောထားပါတယ်။

ဘာပေ ဟာသူ့ကစားသမားဘဝမှာ တစ်ဦးချင်းအတွက်ရော

အခြားအောင်မြင်မှုတွေအတွက်ပါ ရီးရဲလ်ကိုပြောင်းချင်နေလို့

ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုဟာ သိပ်အရာမထင်လောက်ဘူးလို့လည်း ဆိုနေကြပါတယ်။

ဘာပေဟာ ရီးရဲလ်ကိုဘဲ ပြောင်းသည်ဖြစ်စေ ပီအက်စ်ဂျီမှာဘဲ

ဆက်နေသည်ဖြစ်စေ သူရမယ့်လစာက ဘောလုံးလောကရဲ့စံချိန်တင်ဖြစ်လာမှာပါ။

ရီးရဲလ်နည်းပြ အန်စလော့တီ ကလည်း ဘာပေဟာဥရောပရဲ့

အကောင်းဆုံးတိုက်စစ်မှူး ဖြစ်တယ်လို့ မကြာသေးခင်က ပြောကြားထားပါတယ်။

zawgyi

ဘာေပကို အသင္းမွာဆက္ရွိေနဖို႔အတြက္ ေဘာလုံးေလာကရဲ႕စံခ်ိန္တင္လစာအထိေပးၿပီးကမ္းလွမ္းဖို႔ႀကိဳးစားေနတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာ တိုက္စစ္မႉး ဘာေပ ကိုအသင္းမွာဆက္ရွိေနဖို႔အတြက္

သူ႔ကိုေဘာလုံးေလာကရဲ႕စံခ်ိန္တင္လစာျဖစ္တဲ့ တစ္ပတ္လစာ

ေပါင္ ၁ သန္းအထိေပးၿပီးကမ္းလွမ္းဖို႔ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္ရွိတဲ့ ဘာေပ ဟာ ပီအက္စ္ဂ်ီနဲ႔

စာခ်ဳပ္သက္တမ္း ၄ လသာက်န္ရွိေတာ့ၿပီး စာခ်ဳပ္သစ္အတြက္လည္း

သေဘာတူညီခ်က္မရေသးပါဘူး။

မၾကာေသးခင္ကထြက္ေပၚလာတဲ့ သတင္းေတြအရ

သူဟာရာသီကုန္ရင္ ရီးရဲလ္မက္ဒရစ္ ကိုေျပာင္းဖို႔

အႀကိဳသေဘာတူထားတယ္လို႔ ေဖာ္ျပခဲ့ၾကၿပီး

မက္ဒရစ္မွာတစ္ပတ္လစာေပါင္ ၈၅၀၀၀၀ အထိရရွိမယ္လို႔လည္းဆိုပါတယ္။

ရာသီကုန္ရင္ အလြတ္ထြက္ခြာႏိုင္မယ့္ ဘာေပ တစ္ေယာက္

ရီးရဲလ္မွာရမယ့္လစာနဲ႔ ပတ္သက္ၿပီး အမ်ားကအံ့အားသင့္ေနခ်ိန္မွ

ာ ပီအက္စ္ဂ်ီက ရီးရဲလ္ထက္ပိုမ်ားတဲ့ လစာနဲ႔ကမ္းလွမ္းဖို႔ ျပင္ဆင္လာတာျဖစ္ပါတယ္။

ရီးရဲလ္ဟာၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ဘာေပ ကို

ႏွစ္ႀကိမ္ေတာင္ကမ္းလွမ္းခဲ့ေသးေပမယ့္

ပီအက္စ္ဂ်ီဘက္က ျငင္းပယ္ခဲ့လို႔ စာခ်ဳပ္ျပည့္ေအာင္ေစာင့္ၿပီး

သေဘာတူညီခ်က္ရရွိဖို႔ လုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။

ဒါေပမယ့္ အခုသတင္းေတြထြက္ေပၚခ်ိန္မွာ ပီအက္စ္ဂ်ီဘက္ကလည္း

ဘာေပ ကိုအသင္းမွာဆက္ရွိဖို႔ ေနာက္ဆုံးႀကိဳးပမ္းတဲ့အေနနဲ႔

ရီးရဲလ္ဘက္က လိုက္ေပးႏိုင္ဖို႔မရွိတဲ့တစ္ပတ္လစာေပါင္ ၁ သန္းနီးပါးနဲ႔

စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ကမ္းလွမ္းေတာ့မယ္လို႔

Independent သတင္းစာႀကီးကေဖာ္ျပခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ဘာေပ ကိုစာခ်ဳပ္သစ္ကမ္းလွမ္းတာ

အခုတစ္ႀကိမ္က ပထမဆုံးေတာ့မဟုတ္ပါဘူး။

ကလပ္ရဲ႕အားကစားဒါ႐ိုက္တာျဖစ္တဲ့ လီယိုနာဒို ကသူတို႔ဟာ

ေဘာလုံးေလာကမွာ လုံးဝမရွိေသးတဲ့ လစာပမာဏနဲ႔ ဘာေပ ကို

စာခ်ဳပ္သစ္ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားကပယ္ခ်ခဲ့တယ္လို႔

ၿပီးခဲ့တဲ့ေႏြရာသီ ထုတ္ေျပာထားပါတယ္။

ဘာေပ ဟာသူ႔ကစားသမားဘဝမွာ တစ္ဦးခ်င္းအတြက္ေရာ

အျခားေအာင္ျမင္မႈေတြအတြက္ပါ ရီးရဲလ္ကိုေျပာင္းခ်င္ေနလို႔

ပီအက္စ္ဂ်ီရဲ႕ ကမ္းလွမ္းမႈဟာ သိပ္အရာမထင္ေလာက္ဘူးလို႔လည္း ဆိုေနၾကပါတယ္။

ဘာေပဟာ ရီးရဲလ္ကိုဘဲ ေျပာင္းသည္ျဖစ္ေစ ပီအက္စ္ဂ်ီမွာဘဲ

ဆက္ေနသည္ျဖစ္ေစ သူရမယ့္လစာက ေဘာလုံးေလာကရဲ႕စံခ်ိန္တင္ျဖစ္လာမွာပါ။

ရီးရဲလ္နည္းျပ အန္စေလာ့တီ ကလည္း ဘာေပဟာဥေရာပရဲ႕

အေကာင္းဆုံးတိုက္စစ္မႉး ျဖစ္တယ္လို႔ မၾကာေသးခင္က ေျပာၾကားထားပါတယ္။