
ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားဘာပေကို
လက်လွှတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင် အစားထိုးဖို့အတွက်
မန်ချက်စတာယူနိုက်တက်အသင်းက ရပ်ရှ်ဖို့ဒ်ကို
ပစ်မှတ်ထားနေပါတယ်။
ရပ်ရှ်ဖို့ဒ်ရဲ့လက်ရှိစာချုပ်သက်တမ်းက (၁၈)လသာကျန်ရှိတော့ပြီး
အခုလောလောဆယ် အသင်းမှာ ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေတာကြောင့်
လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်နဲ့လမ်းခွဲတော့မယ်ဆိုတဲ့
သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
သတင်းတချို့က ရပ်ရှ်ဖို့ဒ်ဟာ အနာဂတ်နဲ့ပတ်သက်လို့မစဉ်းစားသေးဘဲ
ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့သာ
အာရုံစိုက်ထားတယ်လို့ဖော်ပြနေပေမယ့် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့
မသေချာသေးတာကြောင့် ယူနိုက်တက်အသင်းဟာ
သူတို့အကယ်ဒမီထွက်ကစားသမားကို အလွတ်နဲ့ဆုံးရှုံးရမှာကို စိုးရိမ်နေပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ(၁၂)ရက်တုန်းက ဆောက်သမ်တန်နဲ့ကစားခဲ့ပွဲမှာ
နောက်ဆုံးအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်း နည်းပြရန်နစ်ခ်က
သူ့ကို လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုနေတာပါ။
ယူနိုက်တက်အသင်းဟာ အခုရာသီကုန်ကျရင် နည်းပြသစ်တစ်ဦးခန့်အပ်သွားမှာဖြစ်ပြီး
နည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတာ မူတည်ပြီး
ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။
ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ပိုချက်တီနိုက ရေပန်းစားနေပြီး
သူဟာ ရပ်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်သူလည်းဖြစ်ပါတယ်။
PSG အသင်းဟာ ရပ်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့အတွက်
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်ကတည်းက ချိတ်ဆက်မှုပြုလုပ်ခဲ့ပေမယ့်
ယူနိုက်တက်အသင်းက သူတို့ကစားသမားကို လက်လွှတ်ခံဖို့ဆန္ဒမရှိခဲ့ပါဘူး။
အခုအချိန်မှာတော့ ဘာပေဟာ ရာသီကုန်ကျရင်
အသင်းနဲ့လမ်းခွဲဖို့သေချာသလောက်ရှိနေတာကြောင့် PSG အသင်းဟာ
ယူနိုက်တက်နဲ့ရပ်ရှ်ဖို့ဒ်တို့ရဲ့အနေအထားကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
zawgyi
ဘာေပကို လက္လႊတ္ဆုံးရႈံးလိုက္ရမယ္ဆိုရင္ ရပ္ရွ္ဖို႔ဒ္ကို ပစ္မွတ္ထားေနတဲ့ PSG
ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ သူတို႔ရဲ႕အဓိကတိုက္စစ္ကစားသမားဘာေပကို
လက္လႊတ္ဆုံးရႈံးလိုက္ရမယ္ဆိုရင္ အစားထိုးဖို႔အတြက္
မန္ခ်က္စတာယူႏိုက္တက္အသင္းက ရပ္ရွ္ဖို႔ဒ္ကို
အံ့အားသင့္စရာပစ္မွတ္ထားေနပါတယ္။
ရပ္ရွ္ဖို႔ဒ္ရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက (၁၈)လသာက်န္ရွိေတာ့ၿပီး
အခုေလာေလာဆယ္ အသင္းမွာ ပြဲထြက္ကစားခြင့္ေပ်ာက္ဆုံးေနတာေၾကာင့္
လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္နဲ႔လမ္းခြဲေတာ့မယ္ဆိုတဲ့
သတင္းေတြလည္းထြက္ေပၚေနပါတယ္။
သတင္းတခ်ိဳ႕က ရပ္ရွ္ဖို႔ဒ္ဟာ အနာဂတ္နဲ႔ပတ္သက္လို႔မစဥ္းစားေသးဘဲ
ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔သာ
အာ႐ုံစိုက္ထားတယ္လို႔ေဖာ္ျပေနေပမယ့္ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔
မေသခ်ာေသးတာေၾကာင့္ ယူႏိုက္တက္အသင္းဟာ
သူတို႔အကယ္ဒမီထြက္ကစားသမားကို အလြတ္နဲ႔ဆုံးရႈံးရမွာကို စိုးရိမ္ေနပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ(၁၂)ရက္တုန္းက ေဆာက္သမ္တန္နဲ႔ကစားခဲ့ပြဲမွာ
ေနာက္ဆုံးအျဖစ္ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး အဲဒီေနာက္ပိုင္း နည္းျပရန္နစ္ခ္က
သူ႔ကို လူစားဝင္ကစားသမားအျဖစ္သာ အသုံးျပဳေနတာပါ။
ယူႏိုက္တက္အသင္းဟာ အခုရာသီကုန္က်ရင္ နည္းျပသစ္တစ္ဦးခန႔္အပ္သြားမွာျဖစ္ၿပီး
နည္းျပသစ္ ဘယ္သူျဖစ္လာမလဲဆိုတာ မူတည္ၿပီး
ရပ္ရွ္ဖို႔ဒ္ရဲ႕အနာဂတ္အေျပာင္းအလဲျဖစ္သြားႏိုင္ပါတယ္။
ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ ပိုခ်က္တီႏိုက ေရပန္းစားေနၿပီး
သူဟာ ရပ္ရွ္ဖို႔ဒ္ရဲ႕စြမ္းေဆာင္ရည္ကို ႀကိဳက္ႏွစ္သက္သူလည္းျဖစ္ပါတယ္။
PSG အသင္းဟာ ရပ္ရွ္ဖို႔ဒ္ကိုေခၚယူဖို႔အတြက္
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ကတည္းက ခ်ိတ္ဆက္မႈျပဳလုပ္ခဲ့ေပမယ့္
ယူႏိုက္တက္အသင္းက သူတို႔ကစားသမားကို လက္လႊတ္ခံဖို႔ဆႏၵမရွိခဲ့ပါဘူး။
အခုအခ်ိန္မွာေတာ့ ဘာေပဟာ ရာသီကုန္က်ရင္
အသင္းနဲ႔လမ္းခြဲဖို႔ေသခ်ာသေလာက္ရွိေနတာေၾကာင့္ PSG အသင္းဟာ
ယူႏိုက္တက္နဲ႔ရပ္ရွ္ဖို႔ဒ္တို႔ရဲ႕အေနအထားကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။