
ဆော်ဒီမင်းသားဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ Public Investment Fund ဟာ
ကြာသပတေးနေ့တုန်းကမိုက်အက်ရှ်လေထံမှနယူးကာဆယ်ကိုဝယ်ယူခဲ့ပါတယ်။
နယူးကာဆယ်ပရိသတ်များဟာငွေကြေးအင်အားတောင့်တင်းတဲ့
Public Investment Fund လက်အောက်သို့ရောက်သွားမှုနဲ့အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။
နယူးကာဆယ်အသင်းရဲ့ဒါရိုက်တာသစ်ဖြစ်လာတဲ့အေမန်ဒါစတာဗီလေက
စိန့်ဂျိမ်းစ်ပါ့ခ်သို့ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားများစွာတို့ကိုခေါ်ဆောင်ပေးမှာဖြစ်ကြောင်း
နယူးကာဆယ်ပရိသတ်များကိုကတိပြုထားပြီးလည်းဖြစ်ပါတယ်။
ဝယ်ယူမယ့် ကစားသမားတွေထဲမှာ ဘာပေလည်း နာမည်ထွက်ထားပါတယ်။
လွန်ခဲ့တဲ့ ၃ လလောက်တုန်းက ယူရိုပွဲကစားဖို့ အသွား ၊
လေယာဉ်ပေါ်မှာ ဂရစ်ဇ်မန်းက ဘာပေ ကို သူကစားနေတဲ့ Master League မှာ
နယူးကာဆယ် နည်းပြ အဖြစ်နဲ့ တစ်ရာသီတည်း ဖလား ၅ လုံး ယူထားကြောင်း ၊
ဘာပေ ကို ပေါင် ၁၃၄ သန်းနဲ့ ခေါ်ထားကြောင်းတွေ ပြောခဲ့ဖူးပါတယ် ။
အဲဒီတုန်းက ဘာပေ က နယူးကာဆယ် ဆိုတာ အရမ်းကြီး မကြီးဘူးမလားလို့
ပြန်ပြီး အရွှန်းဖောက်ခဲ့ပါတယ်။ နယူးကာဆယ် ပရိသတ်တွေကလည်း
တစ်ချိန်က အမ်ဘာပေကို ခေါ်ယူနိုင်ရေး သူတို့ရဲ့မူလအိပ်မက်အတွက်
ဆိုရှယ်မီဒီယာပေါ်မှာ ဟာသဆန်ဆန် နောက်ပြောင်နေကြတာပါ။
နယူးကာဆယ် ပရိသတ်တစ်ယောက်က“အမ်ဘာပေက
နယူးကာဆယ်ဟာ သူ အမြဲတမ်းချစ်ခင်ခဲ့ရတဲ့အသင်း၊ ဘင်အာဖာရဲ့
ကစားပုံကို ကြည့်ရင်း ကြီးပြင်းခဲ့ရတယ်ဆိုပြီး ပြောနေတာကို ခင်ဗျားတို့
စိတ်ကူးယဉ်ကြည့်စမ်းပါ” လို့ နောက်ပြောင်ခဲ့ပါသေးတယ်။
အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပြီးခဲ့တဲ့နောက် လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့
အနာဂတ်က တော်တော်လေး လှုပ်ခတ် လာနိုင်ပြီး နယူးကာဆယ် နည်းပြသစ်
ဘယ်သူဖြစ်မလဲဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်နေပါပြီ ဖြစ်ပါတယ်။
လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ပရိသတ်တွေက စိတ်တိုင်းမကျဘဲ
သူ့နေရာကို အစားထိုးမယ့် နည်းပြတွေအဖြစ် ကွန်တီ၊ ဘင်နီတက်ဇ်၊ လမ်းပတ်၊
မော်ရင်ဟို၊ မန်စီနီတို့က အသီးသီး ရေပန်းစားလာခဲ့တာပါ။
zawgyi
ဘာေပကို နယူးကာဆယ္ပိုင္ရွင္အသစ္က ေခၚယူႏိုင္မွာလား?
ေဆာ္ဒီမင္းသားဥကၠဌအျဖစ္တာဝန္ယူထားတဲ့ Public Investment Fund ဟာ
ၾကာသပေတးေန႔တုန္းကမိုက္အက္ရွ္ေလထံမွနယူးကာဆယ္ကိုဝယ္ယူခဲ့ပါတယ္။
နယူးကာဆယ္ပရိသတ္မ်ားဟာေငြေၾကးအင္အားေတာင့္တင္းတဲ့
Public Investment Fund လက္ေအာက္သို႔ေရာက္သြားမႈနဲ႔အႀကီးအက်ယ္ေပ်ာ္႐ႊင္ေနၾကပါတယ္။
နယူးကာဆယ္အသင္းရဲ႕ဒါ႐ိုက္တာသစ္ျဖစ္လာတဲ့ေအမန္ဒါစတာဗီေလက
စိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔ကမာၻ႔အဆင့္ထိပ္တန္းကစားသမားမ်ားစြာတို႔ကိုေခၚေဆာင္ေပးမွာျဖစ္ေၾကာင္း
နယူးကာဆယ္ပရိသတ္မ်ားကိုကတိျပဳထားၿပီးလည္းျဖစ္ပါတယ္။
ဝယ္ယူမယ့္ ကစားသမားေတြထဲမွာ ဘာေပလည္း နာမည္ထြက္ထားပါတယ္။
လြန္ခဲ့တဲ့ ၃ လေလာက္တုန္းက ယူ႐ိုပြဲကစားဖို႔ အသြား ၊
ေလယာဥ္ေပၚမွာ ဂရစ္ဇ္မန္းက ဘာေပ ကို သူကစားေနတဲ့ Master League မွာ
နယူးကာဆယ္ နည္းျပ အျဖစ္နဲ႔ တစ္ရာသီတည္း ဖလား ၅ လုံး ယူထားေၾကာင္း ၊
ဘာေပ ကို ေပါင္ ၁၃၄ သန္းနဲ႔ ေခၚထားေၾကာင္းေတြ ေျပာခဲ့ဖူးပါတယ္ ။
အဲဒီတုန္းက ဘာေပ က နယူးကာဆယ္ ဆိုတာ အရမ္းႀကီး မႀကီးဘူးမလားလို႔
ျပန္ၿပီး အ႐ႊန္းေဖာက္ခဲ့ပါတယ္။ နယူးကာဆယ္ ပရိသတ္ေတြကလည္း
တစ္ခ်ိန္က အမ္ဘာေပကို ေခၚယူႏိုင္ေရး သူတို႔ရဲ႕မူလအိပ္မက္အတြက္
ဆိုရွယ္မီဒီယာေပၚမွာ ဟာသဆန္ဆန္ ေနာက္ေျပာင္ေနၾကတာပါ။
နယူးကာဆယ္ ပရိသတ္တစ္ေယာက္က“အမ္ဘာေပက
နယူးကာဆယ္ဟာ သူ အၿမဲတမ္းခ်စ္ခင္ခဲ့ရတဲ့အသင္း၊ ဘင္အာဖာရဲ႕
ကစားပုံကို ၾကည့္ရင္း ႀကီးျပင္းခဲ့ရတယ္ဆိုၿပီး ေျပာေနတာကို ခင္ဗ်ားတို႔
စိတ္ကူးယဥ္ၾကည့္စမ္းပါ” လို႔ ေနာက္ေျပာင္ခဲ့ပါေသးတယ္။
အသင္းပိုင္ရွင္ အေျပာင္းအလဲျဖစ္ၿပီးခဲ့တဲ့ေနာက္ လက္ရွိနည္းျပ စတိဗ္ဘ႐ုစ္ရဲ႕
အနာဂတ္က ေတာ္ေတာ္ေလး လႈပ္ခတ္ လာႏိုင္ၿပီး နယူးကာဆယ္ နည္းျပသစ္
ဘယ္သူျဖစ္မလဲဆိုတဲ့ ထင္ေၾကးေတြ ထြက္ေပၚေနပါၿပီ ျဖစ္ပါတယ္။
လက္ရွိနည္းျပ စတိဗ္ဘ႐ုစ္ကို ပရိသတ္ေတြက စိတ္တိုင္းမက်ဘဲ
သူ႔ေနရာကို အစားထိုးမယ့္ နည္းျပေတြအျဖစ္ ကြန္တီ၊ ဘင္နီတက္ဇ္၊ လမ္းပတ္၊
ေမာ္ရင္ဟို၊ မန္စီနီတို႔က အသီးသီး ေရပန္းစားလာခဲ့တာပါ။