ဘာနေဗျူးမှာ အမှတ်တရကောင်းတွေ သူနဲ့မက်ဆီတို့အတွက်ရှိတယ်လို့ ဆိုလိုက်တဲ့နေမာ

ရီးရဲလ်အိမ်ကွင်းဘာနေဗျူးဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်

ဒုတိယအကျော့ကစားမယ့်ဧည့်သည်အသင်းက

ကြယ်ပွင့်အချို့အတွက် စိမ်းတဲ့နေရာ မဟုတ်ပါဘူး။

ပီအက်စ်ဂျီတိုက်စစ်က ဘာစီလိုနာတိုက်စစ်မှုးဟောင်းနေမာဆိုရင်

ဘာနေဗျူးမှာ အမှတ်တရကောင်းတွေရှိခဲ့တယ်လို့ ဆိုခဲ့တာပါ။

အားလုံးက ရီးရဲလ်နဲ့သတင်းအကြီးအကျယ်ထွက်နေတဲ့အမ်ဘက်ပီကိုသာ

အာရုံစိုက်နေကြပေမယ့် ပီအက်စ်ဂျီရှေ့တန်းက အခြားနှစ်ယောက်ဖြစ်တဲ့

နေမာနဲ့မက်ဆီတို့ဟာ ဘာနေဗျုးမှာ အတိတ်တွေရှိခဲ့ကြသူတွေပါ။

”ဘာနေဗျူးမှာ ကျွန်တော့်အတွက် အမှတ်တရကောင်းတွေရှိခဲ့ပါတယ်။

အဲဒီမှာ ကျွန်တော် ဂိုးတွေရော ဂိုးဖန်တီးမှုတွေပါ ရှိခဲ့ကာ

အံ့သြစရာပွဲတွေကစားခဲ့တာပါ။

မယုံနိုင်ဖွယ်သမိုင်းကြောင်းရှိတဲ့ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ရီးရဲလ်တို့တွေ့ဆုံကြတဲ့ပွဲမှာ ဘယ်သူမှ ရေပန်းမစားဘဲ ၅၀-၅၀ စီပါပဲ။

ကျွန်တော်တို့က ပထမအကျော့နိုင်ထားလို့ အားသာချက်ရှိပေမယ့်

ပဲရစ်မှာထက် ပိုကောင်းအောင်ကစားဖို့လိုပါတယ်”လို့

နေမာက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် နေမာက သူ့အပြင် တိုက်စစ်ကစားဖော်မက်ဆီအတွက်လည်း

စပယ်ရှယ်ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

”ကျွန်တော်နဲ့မက်ဆီတို့အတွက် စပယ်ရှယ်ပွဲတစ်ပွဲဖြစ်မှာပါ။

ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာမှာ ရှိခဲ့စဉ်က

ဘာနေဗျူးမှာ အများကြီးလာကန်ခဲ့ဖူးလို့ပါ။

ချန်ပီယံလိဂ်မှာ ရီးရဲလ်နဲ့ကန်ရတာဟာ အားလုံးအတွက် စပါယ်ရှယ်ဖြစ်ပါလိမ့်မယ်”လို့

နေမာက ဆက်လက်ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့နေမာတို့ဟာ ဘာစီလိုနာမှာ အတူရှိစဉ်က

ရီးရဲလ်ကို ဘာနေဗျူးကွင်းမှာလည်း ဒုက္ခပေးဖူးတာပါ။

ရီးရဲလ်အသင်းမှာလည်း ကွင်းလယ်က အဖျက်ကောင်းတဲ့ကာ

ဆီမီရို ပွဲပယ်ထိထားကာ ဒီပွဲပါနိုင်မှာမဟုတ်လို့

ပီအက်စ်ဂျီတိုက်စစ်ကို တားဆီးဖို့ အခက်အခဲရှိနိုင်ပါတယ်။

zawgyi

ဘာေနဗ်ဴးမွာ အမွတ္တရေကာင္းေတြ သူနဲ႔မက္ဆီတို႔အတြက္ရွိတယ္လို႔ ဆိုလိုက္တဲ့ေနမာ

ရီးရဲလ္အိမ္ကြင္းဘာေနဗ်ဴးဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္

ဒုတိယအေက်ာ့ကစားမယ့္ဧည့္သည္အသင္းက

ၾကယ္ပြင့္အခ်ိဳ႕အတြက္ စိမ္းတဲ့ေနရာ မဟုတ္ပါဘူး။

ပီအက္စ္ဂ်ီတိုက္စစ္က ဘာစီလိုနာတိုက္စစ္မႈးေဟာင္းေနမာဆိုရင္

ဘာေနဗ်ဴးမွာ အမွတ္တရေကာင္းေတြရွိခဲ့တယ္လို႔ ဆိုခဲ့တာပါ။

အားလုံးက ရီးရဲလ္နဲ႔သတင္းအႀကီးအက်ယ္ထြက္ေနတဲ့အမ္ဘက္ပီကိုသာ

အာ႐ုံစိုက္ေနၾကေပမယ့္ ပီအက္စ္ဂ်ီေရွ႕တန္းက အျခားႏွစ္ေယာက္ျဖစ္တဲ့

ေနမာနဲ႔မက္ဆီတို႔ဟာ ဘာေနဗ်ဳးမွာ အတိတ္ေတြရွိခဲ့ၾကသူေတြပါ။

”ဘာေနဗ်ဴးမွာ ကြၽန္ေတာ့္အတြက္ အမွတ္တရေကာင္းေတြရွိခဲ့ပါတယ္။

အဲဒီမွာ ကြၽန္ေတာ္ ဂိုးေတြေရာ ဂိုးဖန္တီးမႈေတြပါ ရွိခဲ့ကာ

အံ့ၾသစရာပြဲေတြကစားခဲ့တာပါ။

မယုံႏိုင္ဖြယ္သမိုင္းေၾကာင္းရွိတဲ့ကြင္းတစ္ခုလည္း ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ရီးရဲလ္တို႔ေတြ႕ဆုံၾကတဲ့ပြဲမွာ ဘယ္သူမွ ေရပန္းမစားဘဲ ၅၀-၅၀ စီပါပဲ။

ကြၽန္ေတာ္တို႔က ပထမအေက်ာ့ႏိုင္ထားလို႔ အားသာခ်က္ရွိေပမယ့္

ပဲရစ္မွာထက္ ပိုေကာင္းေအာင္ကစားဖို႔လိုပါတယ္”လို႔

ေနမာက သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေနမာက သူ႔အျပင္ တိုက္စစ္ကစားေဖာ္မက္ဆီအတြက္လည္း

စပယ္ရွယ္ပြဲတစ္ပြဲျဖစ္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

”ကြၽန္ေတာ္နဲ႔မက္ဆီတို႔အတြက္ စပယ္ရွယ္ပြဲတစ္ပြဲျဖစ္မွာပါ။

ဘာေၾကာင့္လဲဆိုေတာ့ ဘာစီလိုနာမွာ ရွိခဲ့စဥ္က

ဘာေနဗ်ဴးမွာ အမ်ားႀကီးလာကန္ခဲ့ဖူးလို႔ပါ။

ခ်န္ပီယံလိဂ္မွာ ရီးရဲလ္နဲ႔ကန္ရတာဟာ အားလုံးအတြက္ စပါယ္ရွယ္ျဖစ္ပါလိမ့္မယ္”လို႔

ေနမာက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မက္ဆီနဲ႔ေနမာတို႔ဟာ ဘာစီလိုနာမွာ အတူရွိစဥ္က

ရီးရဲလ္ကို ဘာေနဗ်ဴးကြင္းမွာလည္း ဒုကၡေပးဖူးတာပါ။

ရီးရဲလ္အသင္းမွာလည္း ကြင္းလယ္က အဖ်က္ေကာင္းတဲ့ကာ

ဆီမီ႐ို ပြဲပယ္ထိထားကာ ဒီပြဲပါႏိုင္မွာမဟုတ္လို႔

ပီအက္စ္ဂ်ီတိုက္စစ္ကို တားဆီးဖို႔ အခက္အခဲရွိႏိုင္ပါတယ္။