ဘာနာဒိုဆေးလ်ဗားက ယူနိုက်တက်အသင်းကို (၅)ဂိုးအထိသွင်းပြမယ်လို့ ကြုံးဝါး

မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက သူတို့အသင်းဟာ

ဘယ်လိုပွဲမျိးမှာမဆို(၄၊၊၅)ဂိုးလောက်သွင်းယူနိုင်တဲ့အနေအထားရှိတယ်လို့

ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်အသင်းကို သတိပေးစကားဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့(၁၃)ရက်လောက်ကမှ လီဗာပူးလ်အသင်းကို

အိမ်ကွင်းမှာ(၅-၀)ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့်

အခု ဘာနာဒိုဆေးလ်ဗားရဲ့သတိပေးစကားက နည်းပြဆိုးလ်ရှားအတွက်

ထိတ်လန့်တုန်လှုပ်စရာပါပဲ။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း

ပရီးမီးယားလိဂ်မှာယူနိုက်တက်နဲ့ဆုံတွေ့ရင် ရုန်းကန်ရလေ့ရှိပြီး နောက်ဆုံး(၄)ပွဲမှာ

(၃)ပွဲရှုံး၊ (၁)ပွဲသာသရေကျခဲ့သလို ၂၀၁၉-၂၀ ရာသီမှာဆိုရင်

အိမ်ကွင်း၊အဝေးကွင်းနှစ်ကျော့စလုံးအရှုံးပေးခဲ့ရပါတယ်။

ဒါပေမဲ့လည်းဘာနာဒိုဆေးလ်ဗားကတော့ ဒီနေ့ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာ

ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ အပြတ်အသတ်ချေမှုန်းပစ်ဖို့

အသင်းဖော်တွေကို တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားက “ဒီပွဲကို အာရုံစူးစိုက်မှုအပြည့်နဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး

ရလဒ်ကောင်းရယူနိုင်ဖို့ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အသင်းဟာ

တစ်ပွဲကို (၄၊၅)ဂိုးလောက်အထိ သွင်းယူနိုင်စွမ်းရှိတဲ့အသင်းပါ။ ပွဲတိုင်းမှာ

အဲဒီလောက်အထိဂိုးသွင်းနိုင်မယ်လို့မဆိုလိုပေမယ့်လည်း အိုးလ်ထရက်ဖို့ဒ်မှာတော့

ဂိုးတွေရသလောက်သွင်းသွားမှာဖြစ်ပြီး ယူနိုက်တက်အသင်းဟာ

အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ကျွန်တော်တို့စိုးရိမ်နေမှာမဟုတ်ပါဘူး။

ဒါဘီပွဲမှာ အနိုင်ရတဲ့ခံစားချက်က တကယ်ကျေနပ်စရာကောင်းပြီး

ဒါက တခြားလိဂ်ပြိုင်ပွဲတွေမှာလည်းအတူတူပါပဲ။ ဘင်ဖီကာအသင်းမှာ

ကျွန်တော်ကစားခဲ့တုန်းကလည်း စပို့တင်းလစ္စဘွန်းကို အနိုင်ရခဲ့ရင် အဲဒါက

တစ်ရာသီလုံးမှာအကောင်းဆုံးပွဲလို့သတ်မှတ်ရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာတော့ ယူနိုက်တက် ဒါမှမဟုတ် လီဗာပူးလ်အသင်းတို့နဲ့

ရင်ဆိုင်ရတဲ့ပွဲတွေမှာ သူတို့ကိုအနိုင်ယူလိုက်ရတဲ့ ခံစားချက်က ချိုမြိန်လွန်းပါတယ်”လို့

ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ပဲလေ့စ်ကို

မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တာကြောင့် အခုဆိုရင် ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၅)မှတ်အကွာ

အဆင့်(၃)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

zawgyi

ဘာနာဒိုေဆးလ္ဗားက ယူႏိုက္တက္အသင္းကို (၅)ဂိုးအထိသြင္းျပမယ္လို႔ ႀကဳံးဝါး

မန္စီးတီးအသင္းကြင္းလယ္လူ ဘာနာဒိုေဆးလ္ဗားက သူတို႔အသင္းဟာ

ဘယ္လိုပြဲမ်ိးမွာမဆို(၄၊၊၅)ဂိုးေလာက္သြင္းယူႏိုင္တဲ့အေနအထားရွိတယ္လို႔

ၿပိဳင္ဘက္မန္ခ်က္စတာယူႏိုက္တက္အသင္းကို သတိေပးစကားဆိုလိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ လြန္ခဲ့တဲ့(၁၃)ရက္ေလာက္ကမွ လီဗာပူးလ္အသင္းကို

အိမ္ကြင္းမွာ(၅-၀)ဂိုးျပတ္နဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့တာေၾကာင့္

အခု ဘာနာဒိုေဆးလ္ဗားရဲ႕သတိေပးစကားက နည္းျပဆိုးလ္ရွားအတြက္

ထိတ္လန႔္တုန္လႈပ္စရာပါပဲ။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း

ပရီးမီးယားလိဂ္မွာယူႏိုက္တက္နဲ႔ဆုံေတြ႕ရင္ ႐ုန္းကန္ရေလ့ရွိၿပီး ေနာက္ဆုံး(၄)ပြဲမွာ

(၃)ပြဲရႈံး၊ (၁)ပြဲသာသေရက်ခဲ့သလို ၂၀၁၉-၂၀ ရာသီမွာဆိုရင္

အိမ္ကြင္း၊အေဝးကြင္းႏွစ္ေက်ာ့စလုံးအရႈံးေပးခဲ့ရပါတယ္။ ဒါေပမဲ့လည္း

ဘာနာဒိုေဆးလ္ဗားကေတာ့ ဒီေန႔ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲမွာ

ယူႏိုက္တက္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ အျပတ္အသတ္ေခ်မႈန္းပစ္ဖို႔

အသင္းေဖာ္ေတြကို တိုက္တြန္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဘာနာဒိုေဆးလ္ဗားက “ဒီပြဲကို အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး

ရလဒ္ေကာင္းရယူႏိုင္ဖို႔ႀကိဳးစားသြားမွာပါ။ ကြၽန္ေတာ္တို႔အသင္းဟာ

တစ္ပြဲကို (၄၊၅)ဂိုးေလာက္အထိ သြင္းယူႏိုင္စြမ္းရွိတဲ့အသင္းပါ။ ပြဲတိုင္းမွာ

အဲဒီေလာက္အထိဂိုးသြင္းႏိုင္မယ္လို႔မဆိုလိုေပမယ့္လည္း အိုးလ္ထရက္ဖို႔ဒ္မွာေတာ့

ဂိုးေတြရသေလာက္သြင္းသြားမွာျဖစ္ၿပီး ယူႏိုက္တက္အသင္းဟာ

အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔စိုးရိမ္ေနမွာမဟုတ္ပါဘူး။

ဒါဘီပြဲမွာ အႏိုင္ရတဲ့ခံစားခ်က္က တကယ္ေက်နပ္စရာေကာင္းၿပီး

ဒါက တျခားလိဂ္ၿပိဳင္ပြဲေတြမွာလည္းအတူတူပါပဲ။ ဘင္ဖီကာအသင္းမွာ

ကြၽန္ေတာ္ကစားခဲ့တုန္းကလည္း စပို႔တင္းလစၥဘြန္းကို အႏိုင္ရခဲ့ရင္ အဲဒါက

တစ္ရာသီလုံးမွာအေကာင္းဆုံးပြဲလို႔သတ္မွတ္ရမွာျဖစ္ပါတယ္။

မန္စီးတီးအသင္းမွာေတာ့ ယူႏိုက္တက္ ဒါမွမဟုတ္ လီဗာပူးလ္အသင္းတို႔နဲ႔

ရင္ဆိုင္ရတဲ့ပြဲေတြမွာ သူတို႔ကိုအႏိုင္ယူလိုက္ရတဲ့ ခံစားခ်က္က ခ်ိဳၿမိန္လြန္းပါတယ္”လို႔

ေျပာၾကားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က ပဲေလ့စ္ကို

မထင္မွတ္ဘဲရႈံးနိမ့္ခဲ့တာေၾကာင့္ အခုဆိုရင္ ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔(၅)မွတ္အကြာ

အဆင့္(၃)ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။