ဘာတွေလုပ်ပေးခဲ့သလဲဆိုတာကို အသိအမှတ်ပြုရင် တောင်းဆိုထားတာကို ပေးနိုင်ကြောင်းပြလိုက်ရုံပါပဲ

လီဗာပူးအသင်းတိုက်စစ်မှူး မိုဟာမက်ဆာလာ ကသူ့အနေနဲ့အသင်းမှာ

ဆက်နေလိုပေမယ့်စာချုပ်သစ်ချုပ်လိုတယ်ဆိုရင်တော့

သူနဲ့ထိုက်တန်တဲ့တန်ကြေးပေးဖို့ ကလပ်ထံတောင်းဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဆာလာ ရဲ့လက်ရှိစာချုပ်ဟာ

၁၈ လသက်တမ်းကျန်နေသေးလို့ ၂၀၂၃ ရောက်မှာစာချုပ်ပြည့်မှာဖြစ်ပါတယ်။

ဒါပေမယ့်ကလပ်ပိုင်ရှင်တွေအဖွဲ့ဖြစ်တဲ့ Fenway Sports Group ဟာ

ဆာလာကိုရေရှည်ဆက်ရှိစေချင်လို့ စာချုပ်သစ်ကမ်းလှမ်းပြီး

ဆွေးနွေးမှုတွေလုပ်နေပါတယ်။

ဒါပေမယ့်သူတို့အကြားစာချုပ်သစ်ဆွေးနွေးမှုတွေဟာ

တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့အခြေအနေ ကိုရောက်နေတာပါ။

ဒီလိုဖြစ်ရတာကလည်း ဆာလာဘက်က

လစာတိုးတောင်းတာကြောင့်သာဖြစ်တယ်လို့ ဆိုကြပေမယ့်

The Egyptian King လို့တင်စားခံထားရတဲ့ ဆာလာ ကတော့

သူ့ဘက်ကမဟားတရားတောင်းဆိုထားတာမျိုးမဟုတ်ဘဲ

သူနဲ့ ထိုက်တန်တာကိုသာ တောင်းထားတာလို့ ဆိုခဲ့ပါတယ်။

GQ မဂ္ဂဇင်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ဆာလာက” အသင်းမှာ

ကျွန်တော်ဆက်နေချင်တာပေါ့။ ဒါပေမယ့်ဒီကိစ္စက ကျွန်တော့် နဲ့မဆိုင်တော့ဘူး။

ကျွန်တော့်ဘက်က ဘာလိုချင်သလဲဆိုတာကို သူတို့သိထားပြီးသားလေ။

ဘာမှ မဟားတရားတောင်းဆိုထား တာလည်းမရှိဘူး။

ကလပ်အတွက်ကျွန်တော့်ဘက်က ဘာတွေလုပ်ပေးခဲ့သလဲဆိုတာကို

အသိအမှတ်ပြုရင် ကျွန်တော်တောင်း ဆိုထားတာကို ပေးနိုင်ကြောင်းပြလိုက်ရုံပါဘဲ။

ဒီမှာကစားနေတာ ၅ နှစ်ဆက်တိုက်ရှိနေပါပြီ။

ကလပ်အကြောင်းကိုလည်း သိ တယ်။ ပရိသတ်တွေကိုလည်းချစ်သလို

သူတို့ကလည်းကျွန်တော့်ကိုချစ်ပါတယ်။

ဒါပေမယ့်ကလပ်အုပ်ချုပ်သူတွေအနေနဲ့ တော့

ကျွန်တော့်ဘက်ကအခြေအနေကိုသိထားပြီးသားဖြစ်လို့

သူတိုဆုံးဖြတ်ရတော့မယ့်ကိစ္စဖြစ်သွားပါပြီ” လို့ပြောသွားပါ တယ်။

သတင်းတွေအရ ဆာလာဟာသူ့ရဲ့တစ်ပတ်လစာကိုပေါင် ၃၀၀၀၀၀ ကနေ

၃၅၀၀၀၀ ကြားတောင်းဆိုထားတယ်လို့ သိရပါတယ်။

သူဟာလက်ရှိဘောလုံးရာသီမှာပြိုင်ပွဲစုံ ၂၆ ပွဲကစားပြီး ၂၃ ဂိုးသွင်းထားပါတယ်။

၂၀၁၇ ကရိုးမားကနေပြောင်းလာတဲ့ ဆာလာ ဟာ လီဗာပူးအတွက်

၂၂၉ ပွဲကစားပြီး ၁၄၈ ဂိုးသွင်းထားတဲ့သူပါ။ သူနဲ့ မာနေးအတွဲဟာ

လီဗာပူးအသင်း အရင်နှစ်တွေက ပရီးမီး ယားလိဂ်နဲ့ချန်ပီယံလိဂ်ဖလားတွေရရှိခဲ့ရာမှာ

အဓိကကျသူတွေဖြစ်ခဲ့ပါတယ်။

zawgyi

ဘာေတြလုပ္ေပးခဲ့သလဲဆိုတာကို အသိအမွတ္ျပဳရင္ ေတာင္းဆိုထားတာကို ေပးႏိုင္ေၾကာင္းျပလိုက္႐ုံပါပဲ

လီဗာပူးအသင္းတိုက္စစ္မႉး မိုဟာမက္ဆာလာ ကသူ႔အေနနဲ႔အသင္းမွာ

ဆက္ေနလိုေပမယ့္စာခ်ဳပ္သစ္ခ်ဳပ္လိုတယ္ဆိုရင္ေတာ့

သူနဲ႔ထိုက္တန္တဲ့တန္ေၾကးေပးဖို႔ ကလပ္ထံေတာင္းဆိုလိုက္ပါတယ္။

အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဆာလာ ရဲ႕လက္ရွိစာခ်ဳပ္ဟာ

၁၈ လသက္တမ္းက်န္ေနေသးလို႔ ၂၀၂၃ ေရာက္မွာစာခ်ဳပ္ျပည့္မွာျဖစ္ပါတယ္။

ဒါေပမယ့္ကလပ္ပိုင္ရွင္ေတြအဖြဲ႕ျဖစ္တဲ့ Fenway Sports Group ဟာ

ဆာလာကိုေရရွည္ဆက္ရွိေစခ်င္လို႔ စာခ်ဳပ္သစ္ကမ္းလွမ္းၿပီ

းေဆြးေႏြးမႈေတြလုပ္ေနပါတယ္။

ဒါေပမယ့္သူတို႔အၾကားစာခ်ဳပ္သစ္ေဆြးေႏြးမႈေတြဟာ

တိုးတက္မႈမရွိဘဲ ေခ်ာင္ပိတ္မိေနတဲ့အေျခအေန ကိုေရာက္ေနတာပါ။

ဒီလိုျဖစ္ရတာကလည္း ဆာလာဘက္က

လစာတိုးေတာင္းတာေၾကာင့္သာျဖစ္တယ္လို႔ ဆိုၾကေပမယ့္

The Egyptian King လို႔တင္စားခံထားရတဲ့ ဆာလာ ကေတာ့

သူ႔ဘက္ကမဟားတရားေတာင္းဆိုထားတာမ်ိဳးမဟုတ္ဘဲ

သူနဲ႔ ထိုက္တန္တာကိုသာ ေတာင္းထားတာလို႔ ဆိုခဲ့ပါတယ္။

GQ မဂၢဇင္းနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ဆာလာက” အသင္းမွာ

ကြၽန္ေတာ္ဆက္ေနခ်င္တာေပါ့။ ဒါေပမယ့္ဒီကိစၥက ကြၽန္ေတာ့္ နဲ႔မဆိုင္ေတာ့ဘူး။

ကြၽန္ေတာ့္ဘက္က ဘာလိုခ်င္သလဲဆိုတာကို သူတို႔သိထားၿပီးသားေလ။

ဘာမွ မဟားတရားေတာင္းဆိုထား တာလည္းမရွိဘူး။

ကလပ္အတြက္ကြၽန္ေတာ့္ဘက္က ဘာေတြလုပ္ေပးခဲ့သလဲဆိုတာကို

အသိအမွတ္ျပဳရင္ ကြၽန္ေတာ္ေတာင္း ဆိုထားတာကို ေပးႏိုင္ေၾကာင္းျပလိုက္႐ုံပါဘဲ။

ဒီမွာကစားေနတာ ၅ ႏွစ္ဆက္တိုက္ရွိေနပါၿပီ။

ကလပ္အေၾကာင္းကိုလည္း သိ တယ္။ ပရိသတ္ေတြကိုလည္းခ်စ္သလို

သူတို႔ကလည္းကြၽန္ေတာ့္ကိုခ်စ္ပါတယ္။

ဒါေပမယ့္ကလပ္အုပ္ခ်ဳပ္သူေတြအေနနဲ႔ ေတာ့

ကြၽန္ေတာ့္ဘက္ကအေျခအေနကိုသိထားၿပီးသားျဖစ္လို႔

သူတိုဆုံးျဖတ္ရေတာ့မယ့္ကိစၥျဖစ္သြားပါၿပီ” လို႔ေျပာသြားပါ တယ္။

သတင္းေတြအရ ဆာလာဟာသူ႔ရဲ႕တစ္ပတ္လစာကိုေပါင္ ၃၀၀၀၀၀ ကေန

၃၅၀၀၀၀ ၾကားေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

သူဟာလက္ရွိေဘာလုံးရာသီမွာၿပိဳင္ပြဲစုံ ၂၆ ပြဲကစားၿပီး ၂၃ ဂိုးသြင္းထားပါတယ္။

၂၀၁၇ က႐ိုးမားကေနေျပာင္းလာတဲ့ ဆာလာ ဟာ လီဗာပူးအတြက္

၂၂၉ ပြဲကစားၿပီး ၁၄၈ ဂိုးသြင္းထားတဲ့သူပါ။ သူနဲ႔ မာေနးအတြဲဟာ

လီဗာပူးအသင္း အရင္ႏွစ္ေတြက ပရီးမီး ယားလိဂ္နဲ႔ခ်န္ပီယံလိဂ္ဖလားေတြရရွိခဲ့ရာမွာ

အဓိကက်သူေတြျဖစ္ခဲ့ပါတယ္။