ဘာစီလိုနာ ပြန်ရောက်လာတဲ့ မက်ဆီကို ပရိသတ်တွေ သောင်းသောင်းဖျဖျကြိုဆို

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့

သူ့မိသားစုဟာ ဘာစီလိုနာမြို့ကို
ပြန်လည်ရောက်ရှိလာရာ
ဘာစီလိုနာပရိသတ်တွေက
လေဆိပ်မှာ သူတို့ရဲ့
အသင်းခေါင်းဆောင်ဟောင်းကို

လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းက မက်ဆီကို
စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ရလို့
နူးကမ့်ကနေ မက်ဆီ ထွက်ခွာသွားတာ
၁၀လ ရှိနေပြီဖြစ်ပြီး

ဘာစီလိုနာကစားသမားဘဝ
နှုတ်ဆက်ပွဲမှာ မျက်ရည်တွေကျတဲ့အထိ ခံစားခဲ့ရပါတယ်။
သူဟာ ပီအက်စ်ဂျီအသင်းမှာ
အထိုင်ကျဖို့ ရုန်းကန်နေရပြီး
လီဂူုး ၁ မှာ ၆ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ပဲရစ်မြို့က မက်ဆီနဲ့သူ့မိသားစုအတွက်
အကောင်းဆုံးနေရာမဟုတ်နိုင်ပေမယ့်
ဘာစီလိုနာမြို့ကတော့ အမြဲတမ်း
ကြိုဆိုနေကြတာဖြစ်ပါတယ်။
မက်ဆီတို့မိသားစုဟာ ဗုဒ္ဓဟူးနေ့က

ကာတာလန်မြို့တော်ကို ပြန်ရောက်လာရာ
ဘာစီလိုနာပရိသတ်အများအပြားက
လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပြီး
မက်ဆီအနေနဲ့ နွေရာသီအားလပ်ရက်အဖြစ်
ဘာစီလိုနာကို ပြန်ရောက်လာတာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီဟာ
လေဆိပ်မှာ ပရိသတ်တွေနဲ့အတူ
ဓာတ်ပုံအရိုက်ခံခဲ့သလို အမှတ်တရ
လက်မှတ်တွေလည်း ထိုးပေးခဲ့ပြီး
ဇနီးသည် အန်တိုနယ်လာနဲ့

ကလေး ၃ယောက်ကတော့ ပရိသတ်တွေနဲ့
အတူတူလမ်းလျှောက်ရင်း လေဆိပ်ကနေ ထွက်ခဲ့ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီကို
ပြောင်းရွှေ့ခဲ့ပေမယ့် ဘာစီလိုနာမှာ
နေအိမ် ရှိနေဆဲဖြစ်ပြီး

နွေရာသီအားလပ်ရက်အဖြစ်
ဘာစီလိုနာမြို့ရှိ သူ့နေအိမ်မှာ
အေးဆေးအနားယူမှာဖြစ်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီမှာ
ခြေစွမ်းပြနိုင်ဖို့ ကြိုးစားနေရပေမယ့်

အာဂျင်တီးနားအသင်းမှာတော့
ပုံမှန်အတိုင်း ဆက်လက်
ခြေစွမ်းပြနေပြီး နှစ်အကုန်မှာ
ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း
အကောင်းဆုံးပြင်ဆင်နေပါတယ်။

အာဂျင်တီးနားဟာ ယူရိုချန်ပီယံ
အီတလီကို ၃ဂိုးပြတ်အနိုင်ယူခဲ့ပြီး
မက်ဆီကလည်း အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီဟာ အက်စ်တိုးနီးယားကို
၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာလည်း

၅ဂိုးစလုံး သွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi

ဘာစီလုိနာ ျပန္ေရာက္လာတဲ့ မက္ဆီကို ပရိသတ္ေတြ ေသာင္းေသာင္းဖ်ဖ်ႀကိဳဆို

ပီအက္စ္ဂ်ီတုိက္စစ္မွဴး မက္ဆီနဲ႔
သူ႕မိသားစုဟာ ဘာစီလုိနာၿမိဳ႕ကို
ျပန္လည္ေရာက္ရွိလာရာ
ဘာစီလုိနာပရိသတ္ေတြက
ေလဆိပ္မွာ သူတုိ႔ရဲ႕

အသင္းေခါင္းေဆာင္ေဟာင္းကို
လိႈက္လိႈက္လွဲလွဲႀကိဳဆိုခဲ့ပါတယ္။
ဘာစီလုိနာအသင္းက မက္ဆီကုိ
စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ အဆင္မေျပျဖစ္ခဲ့ရလုိ႔
ႏူးကမ့္ကေန မက္ဆီ ထြက္ခြာသြားတာ

၁၀လ ရွိေနၿပီျဖစ္ၿပီး
ဘာစီလုိနာကစားသမားဘ၀
ႏႈတ္ဆက္ပြဲမွာ မ်က္ရည္ေတြက်တဲ့အထိ ခံစားခဲ့ရပါတယ္။
သူဟာ ပီအက္စ္ဂ်ီအသင္းမွာ
အထုိင္က်ဖို႔ ရုန္းကန္ေနရၿပီး

လီဂူုး ၁ မွာ ၆ဂိုးပဲ သြင္းယူႏုိင္ခဲ့ပါတယ္။
ပဲရစ္ၿမိဳ႕က မက္ဆီနဲ႔သူ႕မိသားစုအတြက္
အေကာင္းဆုံးေနရာမဟုတ္ႏိုင္ေပမယ့္
ဘာစီလုိနာၿမိဳ႕ကေတာ့ အၿမဲတမ္း
ႀကိဳဆိုေနၾကတာျဖစ္ပါတယ္။

မက္ဆီတုိ႔မိသားစုဟာ ဗုဒၶဟူးေန႔က
ကာတာလန္ၿမိဳ႕ေတာ္ကို ျပန္ေရာက္လာရာ
ဘာစီလုိနာပရိသတ္အမ်ားအျပားက
ေလဆိပ္မွာ လာေရာက္ႀကိဳဆိုခဲ့ၾကၿပီး
မက္ဆီအေနနဲ႔ ေႏြရာသီအားလပ္ရက္အျဖစ္

ဘာစီလုိနာကို ျပန္ေရာက္လာတာျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္အရြယ္ရွိ မက္ဆီဟာ
ေလဆိပ္မွာ ပရိသတ္ေတြနဲ႔အတူ
ဓာတ္ပုံအရုိက္ခံခဲ့သလို အမွတ္တရ
လက္မွတ္ေတြလည္း ထိုးေပးခဲ့ၿပီး

ဇနီးသည္ အန္တိုနယ္လာနဲ႔
ကေလး ၃ေယာက္ကေတာ့ ပရိသတ္ေတြနဲ႔
အတူတူလမ္းေလွ်ာက္ရင္း ေလဆိပ္ကေန ထြက္ခဲ့ပါတယ္။
မက္ဆီဟာ ပီအက္စ္ဂ်ီကို
ေျပာင္းေရႊ႕ခဲ့ေပမယ့္ ဘာစီလုိနာမွာ

ေနအိမ္ ရွိေနဆဲျဖစ္ၿပီး
ေႏြရာသီအားလပ္ရက္အျဖစ္
ဘာစီလိုနာၿမိဳ႕ရွိ သူ႕ေနအိမ္မွာ
ေအးေဆးအနားယူမွာျဖစ္ပါတယ္။
မက္ဆီဟာ ပီအက္စ္ဂ်ီမွာ

ေျခစြမ္းျပႏုိင္ဖုိ႔ ႀကိဳးစားေနရေပမယ့္
အာဂ်င္တီးနားအသင္းမွာေတာ့
ပုံမွန္အတိုင္း ဆက္လက္
ေျခစြမ္းျပေနၿပီး ႏွစ္အကုန္မွာ
က်င္းပမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္လည္း

အေကာင္းဆုံးျပင္ဆင္ေနပါတယ္။
အာဂ်င္တီးနားဟာ ယူရိုခ်န္ပီယံ
အီတလီကို ၃ဂိုးျပတ္အႏိုင္ယူခဲ့ၿပီး
မက္ဆီကလည္း အထူးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ မက္ဆီဟာ အက္စ္တုိးနီးယားကုိ

၅-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ ေျခစမ္းပြဲမွာလည္း
၅ဂိုးစလုံး သြင္းယူႏုိင္ခဲ့ပါတယ္။