ဘာစီလိုနာအသင်း ဒီရာသီမှာပဲ လာလီဂါချန်ပီယံဖြစ်မယ်လို့ လုံးဝယုံကြည်ထားတဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိပုံစံကိုသာ ဆက်ထိန်းနိုင်ရင်

ယခုရာသီလာလီဂါမှာ ချန်ပီယံဖြစ်လိမ့်မယ်လို့ အပြည့်အဝ
ယုံကြည်ထားကြောင်း အသင်းဥက္ကဋ္ဌ လာပေါ်တာက အခိုင်အမာပြောပါတယ်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌဖြစ်သူဟာ ယမန်နေ့ညက
ရေဒီယိုအင်တာဗျူးအစီအစဉ်မှာ အထက်ပါအတိုင်း
ဆွေးနွေးခဲ့တာဖြစ်ပြီး အသင်းက လာလီဂါမှာ

အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်နဲ့ ၁၂ မှတ်
ကွာဟနေပေမယ့် တစ်ပွဲလျော့ကစားထားပါတယ်။
”ကျွန်တော့်အနေနဲ့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး
လာလီဂါမှာ ဒုတိယရတာမျိုးလေးကိုပဲ လက်သင့်ခံဖို့
အဆင်သင့်မဖြစ်သေးပါဘူး။ လာလီဂါချန်ပီယံဖြစ်ချင်ပါတယ်။

အဲဒီလိုဖြစ်လိမ့်မယ်လို့လည်း လုံးဝယုံကြည်ထားပါတယ်။
အသင်းက အခုချိန်မှာ အလုပ်ကောင်းကောင်းလုပ်နေပြီး
လာလီဂါချန်ပီယံဖြစ်ချင်တဲ့ ကျွန်တော့်ရဲ့ယုံကြည်ချက်တောင်
အသင်းဘက်က ပိုပြီးအလိုရှိနေပါတယ်။
ဒီပုံစံအတိုင်းဆက်သွားရင် ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်မှာပါ”လို့

လာပေါ်တာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လာပေါ်တာက အသင်းခေါင်းဆောင်ဟောင်း မက်ဆီ
ပြန်လည်ရောက်လာမှာမဟုတ်ကြောင်း အတည်ပြုပါတယ်။
”ဘာစီလိုနာကို ပြောင်းချင်တဲ့အကြောင်း မက်ဆီက
ကျွန်တော့်ဆီ မက်ဆေ့ချ်မပို့ပါဘူး။

ကျွန်တော်တို့လည်း သူ့ကို ပြန်ခေါ်ဖို့ ပြင်ဆင်တာမျိုးမရှိပါဘူး။
ဒါပေမဲ့ မက်ဆီက မက်ဆီပါပဲ။
သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သလို
လက်ရှိရွှေဘောလုံးဆုရှင်ပါ။
သူ့ကို ပြန်ခေါ်မှာမဟုတ်ပေမယ့် သူက လေးစားမှုနဲ့ထိုက်တန်သူပါ”လို့

လာပေါ်တာက ဆက်လက်ပြောပါတယ်။

Zawgyi

ဘာစီလုိနာအသင္း ဒီရာသီမွာပဲ လာလီဂါခ်န္ပီယံျဖစ္မယ္လုိ႔ လုံး၀ယုံၾကည္ထားတဲ့ လာေပၚတာ

ဘာစီလုိနာအသင္းအေနနဲ႔ လက္ရွိပုံစံကိုသာ ဆက္ထိန္းႏိုင္ရင္
ယခုရာသီလာလီဂါမွာ ခ်န္ပီယံျဖစ္လိမ့္မယ္လုိ႔ အျပည့္အ၀
ယုံၾကည္ထားေၾကာင္း အသင္းဥကၠ႒ လာေပၚတာက အခိုင္အမာေျပာပါတယ္။
ဘာစီလုိနာအသင္းဥကၠ႒ျဖစ္သူဟာ ယမန္ေန႔ညက
ေရဒီယိုအင္တာဗ်ဴးအစီအစဥ္မွာ အထက္ပါအတုိင္း

ေဆြးေႏြးခဲ့တာျဖစ္ၿပီး အသင္းက လာလီဂါမွာ
အမွတ္ေပးဇယားထိပ္ဆုံးက ရီးရဲလ္နဲ႔ ၁၂ မွတ္
ကြာဟေနေပမယ့္ တစ္ပြဲေလ်ာ့ကစားထားပါတယ္။
”ကၽြန္ေတာ့္အေနနဲ႔ ယူရိုပါလိဂ္ခ်န္ပီယံျဖစ္ၿပီး
လာလီဂါမွာ ဒုတိယရတာမ်ိဳးေလးကိုပဲ လက္သင့္ခံဖုိ႔

အဆင္သင့္မျဖစ္ေသးပါဘူး။ လာလီဂါခ်န္ပီယံျဖစ္ခ်င္ပါတယ္။
အဲဒီလုိျဖစ္လိမ့္မယ္လုိ႔လည္း လုံး၀ယုံၾကည္ထားပါတယ္။
အသင္းက အခုခ်ိန္မွာ အလုပ္ေကာင္းေကာင္းလုပ္ေနၿပီး
လာလီဂါခ်န္ပီယံျဖစ္ခ်င္တဲ့ ကၽြန္ေတာ့္ရဲ႕ယုံၾကည္ခ်က္ေတာင္
အသင္းဘက္က ပိုၿပီးအလုိရွိေနပါတယ္။

ဒီပုံစံအတုိင္းဆက္သြားရင္ ကၽြန္ေတာ္တုိ႔အသင္း ခ်န္ပီယံျဖစ္မွာပါ”လုိ႔
လာေပၚတာက ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ လာေပၚတာက အသင္းေခါင္းေဆာင္ေဟာင္း မက္ဆီ
ျပန္လည္ေရာက္လာမွာမဟုတ္ေၾကာင္း အတည္ျပဳပါတယ္။
”ဘာစီလုိနာကို ေျပာင္းခ်င္တဲ့အေၾကာင္း မက္ဆီက

ကၽြန္ေတာ့္ဆီ မက္ေဆ့ခ်္မပို႔ပါဘူး။
ကၽြန္ေတာ္တုိ႔လည္း သူ႕ကို ျပန္ေခၚဖုိ႔ ျပင္ဆင္တာမ်ိဳးမရွိပါဘူး။
ဒါေပမဲ့ မက္ဆီက မက္ဆီပါပဲ။
သူက ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္သလုိ
လက္ရွိေရႊေဘာလုံးဆုရွင္ပါ။

သူ႕ကို ျပန္ေခၚမွာမဟုတ္ေပမယ့္ သူက ေလးစားမႈနဲ႔ထိုက္တန္သူပါ”လို႔
လာေပၚတာက ဆက္လက္ေျပာပါတယ္။