ဘာစီလိုနာအသင်းဟာ နေရာမရတဲ့ ဘန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ

ဘာစီလိုနာအသင်းဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့

ကွင်းလယ်လူ ဘန်ဒီဘိခ်ကို ဇန်နဝါရီလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့

သိရပါတယ်။ ဘန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ ပေါင် ၃၅သန်းနဲ့

ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးနေရပြီး

တခြားကွင်းလယ်လူတွေဖြစ်တဲ့ ဖရက်ဒ်၊ ပေါ့ဂ်ဘာ၊ မက်တိုမီနေးနဲ့

ဘရူနိုဖာနန်ဒက်စ်တို့ရဲ့နောက်မှာ ရောက်ရှိနေခဲ့တာပါ။

အသက်(၂၄)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ

လက်ရှိမှာ အသင်းနဲ့အတူ ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေရပေမယ့်

ဒီနှစ်ရာသီအတွင်းမှာလည်း အခုချိန်ထိ (၃)ပွဲသာ ကစားထားရတာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ (၆)မိနစ်လောက်သာ ပါဝင်ထားခဲ့ရတဲ့

ဘန်ဒီဘိခ်ဟာယူနိုက်တက်အသင်းနဲ့ ဆက်လက် လက်မတွဲချင်တော့ဘဲ

လာမယ့်ဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာချင်တာဖြစ်လို့

သူ့ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ဘန်ဒီဘိခ်ဟာ အေဂျက်စ်မှာ ၁၇၅ပွဲကစား ၄၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု

၃၄ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး တကယ်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ဖြစ်ရင် နူးကမ့်မှာ

အေဂျက်စ်အသင်းဖော်ဟောင်း ဖရန်ကီဒီဂျောင်နဲ့ ပြန်လည်လက်တွဲခွင့်ရမှာဖြစ်ပါတယ်။

အဲဗာတန် နဲ့ နယူးကာဆယ်အသင်းတွေကလည်း နယ်သာလန်သားကို

ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ မက်ဆီ ဂရီးဇ်မန်းတို့လို

ထိပ်တန်းကစားသမားတွေကို ဆုံးရှုံးထားရတဲ့ ဘာစီလိုနာအသင်းဟာ

ဒီနှစ်ဘောလုံးရာသီအတွင်း ရုန်းကန်မှုများစွာနဲ့ လာလီဂါ အမှတ်ပေးဇယားမှာလည်း

အဆင့်(၉)နေရာထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ

နောက်တစ်ဆင့်တက်လှမ်းဖို့ ခက်ခဲလို့နေရတာ ဖြစ်ပါတယ်။

zawgyi

ဘာစီလိုနာအသင္းဟာ ေနရာမရတဲ့ ဘန္ဒီဘိခ္ကို ေခၚယူဖို႔ စိတ္ဝင္စားေန

ဘာစီလိုနာအသင္းဟာ ယူႏိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့

ကြင္းလယ္လူ ဘန္ဒီဘိခ္ကို ဇန္နဝါရီလမွာ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔

သိရပါတယ္။ ဘန္ဒီဘိခ္ဟာ ၂၀၂၀ ေႏြရာသီက ေအဂ်က္စ္ကေန ေပါင္ ၃၅သန္းနဲ႔

ေရာက္လာၿပီးခ်ိန္ကတည္းက ယူႏိုက္တက္မွာ ပြဲထြက္ခြင့္ဆုံးရႈံးေနရၿပီး

တျခားကြင္းလယ္လူေတြျဖစ္တဲ့ ဖရက္ဒ္၊ ေပါ့ဂ္ဘာ၊ မက္တိုမီေနးနဲ႔

ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ေနာက္မွာ ေရာက္ရွိေနခဲ့တာပါ။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိ နယ္သာလန္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမားဟာ

လက္ရွိမွာ အသင္းနဲ႔အတူ ဒုတိယေျမာက္ ရာသီကို ျဖတ္သန္းေနရေပမယ့္

ဒီႏွစ္ရာသီအတြင္းမွာလည္း အခုခ်ိန္ထိ (၃)ပြဲသာ ကစားထားရတာ ျဖစ္ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ (၆)မိနစ္ေလာက္သာ ပါဝင္ထားခဲ့ရတဲ့

ဘန္ဒီဘိခ္ဟာယူႏိုက္တက္အသင္းနဲ႔ ဆက္လက္ လက္မတြဲခ်င္ေတာ့ဘဲ

လာမယ့္ေဈးကြက္အတြင္းမွာ အသင္းကေန ထြက္ခြာခ်င္တာျဖစ္လို႔

သူ႔ကို ကလပ္အသင္းမ်ားစြာကေန ပစ္မွတ္ထားလာခဲ့တာ ျဖစ္ပါတယ္။

ဘန္ဒီဘိခ္ဟာ ေအဂ်က္စ္မွာ ၁၇၅ပြဲကစား ၄၁ ဂိုးသြင္းကာ ဂိုးဖန္တီးမႈ

၃၄ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး တကယ္လို႔ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ျဖစ္ရင္ ႏူးကမ့္မွာ

ေအဂ်က္စ္အသင္းေဖာ္ေဟာင္း ဖရန္ကီဒီေဂ်ာင္နဲ႔ ျပန္လည္လက္တြဲခြင့္ရမွာျဖစ္ပါတယ္။

အဲဗာတန္ နဲ႔ နယူးကာဆယ္အသင္းေတြကလည္း နယ္သာလန္သားကို

ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။ မက္ဆီ ဂရီးဇ္မန္းတို႔လို

ထိပ္တန္းကစားသမားေတြကို ဆုံးရႈံးထားရတဲ့ ဘာစီလိုနာအသင္းဟာ

ဒီႏွစ္ေဘာလုံးရာသီအတြင္း ႐ုန္းကန္မႈမ်ားစြာနဲ႔ လာလီဂါ အမွတ္ေပးဇယားမွာလည္း

အဆင့္(၉)ေနရာထိ ေရာက္ရွိေနသလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပါ

ေနာက္တစ္ဆင့္တက္လွမ္းဖို႔ ခက္ခဲလို႔ေနရတာ ျဖစ္ပါတယ္။