ဘာစီလိုနာအသင်းဟာ နည်းပြသစ်အဖြစ် ဇာဗီကို ခန့်အပ်လိုက်ပြီဆိုတဲ့သတင်းကို လာမယ့်ကြာသပတေးနေ့ကျရင် တရားဝင်ထုတ်ပြန်သွားဖို့ရှိနေ

ဘာစီလိုနာအသင်းဟာ နည်းပြသစ်အဖြစ် ဂန္ထဝင်ကစားသမားဇာဗီကို

ခန့်အပ်လိုက်ပြီဆိုတဲ့သတင်းကို လာမယ့်ကြာသပတေးနေ့ကျရင်

တရားဝင်ထုတ်ပြန်သွားဖို့ရှိနေတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က

ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က

ဗယ်လက်ကာနိုအသင်းကို(၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ၁၉၈၇-၈၈ရာသီနောက်ပိုင်း

အဆိုးရွားဆုံးရာသီအစနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် နည်းပြရော်နယ်လ်ကိုးမန်းကို

ရာထူးကထုတ်ပယ်ခဲ့ပြီး အခုလောလောဆယ် လူငယ်အသင်းနည်းပြဆာဂျီဘာဟွမ်ကို

ယာယီနည်းပြအဖြစ်ခန့်အပ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြသစ်ဖြစ်လာဖို့ သတင်းထွက်နေတဲ့သူတွေထဲမှာ

ဂန္ထဝင်ကစားသမားဇာဗီက ထိပ်ဆုံးကရေပန်းစားနေပြီး မကြာသေးခင်ကလည်း

နည်းပြသစ်ရာထူးအတွက် ဘာစီလိုနာနဲ့ဇာဗီတို့ သဘောတူညီမှုရခဲ့ပြီဆိုတဲ့

သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဘာစီလိုနာနည်းပြ

ထိုင်ခုံပေါ်မှာ ဇာဗီကို မြင်တွေ့ရဖို့က ပိုမိုနီးစပ်လာပြီဖြစ်ပြီး ဇာဗီဟာ

အခုဗုဒ္ဓဟူးနေ့ကျရင် အယ်လ်ဆက်ဒ်အသင်းနည်းပြအဖြစ်နောက်ဆုံးပွဲ

ကိုင်တွယ်သွားမှာဖြစ်ပြီး ကြာသပတေးနေ့မှာ ဘာစီလိုနာကို

လာဖို့ရှိတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဇာဗီကို နည်းပြအဖြစ်ခန့်အပ်မယ်ဆိုတဲ့သတင်းကို

ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာသွားဖို့ရှိနေပေမယ့် စနေနေ့ကျရင်

ဆယ်လ်တာဗီဂိုနဲ့ကစားမယ့်ပွဲကို ယာယီနည်းပြဆာဂျီဘာဟွမ်သာ

ဆက်လက်ကိုင်တွယ်သွားဖို့ရှိနေပြီး အဲဒီပွဲအပြီးမှာ နိုင်ငံတကာပွဲတွေ

ပြန်လည်စတင်မှာဖြစ်တာကြောင့် ဇာဗီရဲ့ပထမဆုံးဘာစီလိုနာနည်းပြဘဝပွဲက

နိုဝင်ဘာ(၁၈)ရက်မှာ အက်စ်ပန်ညိုနဲ့ကစားမယ့်ကတ်တလန်ဒါဘီပွဲစဉ်ဖြစ်လာဖို့ရှိနေပါပြီ။

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဗီဟာ ဘောလုံးသမားဘဝတုန်းက

ဘာစီလိုနာအသင်းအတွက် ၁၉၉၈ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိကစားခဲ့ပြီး

လာလီဂါ(၈)ကြိမ်၊ စပိန်ဘုရင့်ဖလား(၃)ကြိမ်၊ ချန်ပီယံလိဂ်(၄)ကြိမ်အပါအဝင်

ဆုဖလားပေါင်း(၂၅)ခုအထိရယူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာနဲ့လမ်းခွဲပြီးတော့

ကာတာကလပ်အယ်လ်ဆက်ဒ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီအသင်းမှာပဲ

ဘောလုံးသမားဘဝအဆုံးသတ်ခဲ့သလို ၂၀၁၉၊ မေလမှာ

အယ်လ်ဆက်ဒ်အသင်းနည်းပြအဖြစ်စတင်ဆောက်ရွက်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဆက်ဒ်အသင်းနဲ့အတူ ကာတာအမှတ်ပေးဖလား၊ ကာတာဖလားအပါအဝင်

ဆုဖလား(၇)ခုအထိရယူခဲ့တာကြောင့် ဇာဗီဟာ တစ်ချိန်က ဘာစီလိုနာအသင်းအတွက်

ကြီးမားတဲ့အောင်မြင်မှုတွေရယူပေးခဲ့တဲ့ ဂွါဒီယိုလာလို

အောင်မြင်မှုတွေရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

zawgyi

ဘာစီလိုနာအသင္းဟာ နည္းျပသစ္အျဖစ္ ဇာဗီကို ခန႔္အပ္လိုက္ၿပီဆိုတဲ့သတင္းကို လာမယ့္ၾကာသပေတးေန႔က်ရင္ တရားဝင္ထုတ္ျပန္သြားဖို႔ရွိေန

ဘာစီလိုနာအသင္းဟာ နည္းျပသစ္အျဖစ္ ဂႏၴဝင္ကစားသမားဇာဗီကို

ခန႔္အပ္လိုက္ၿပီဆိုတဲ့သတင္းကို လာမယ့္ၾကာသပေတးေန႔က်ရင္

တရားဝင္ထုတ္ျပန္သြားဖို႔ရွိေနတယ္လို႔ ၿဗိတိန္သတင္းစာ Daily Mail က

ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က

ဗယ္လက္ကာႏိုအသင္းကို(၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ၁၉၈၇-၈၈ရာသီေနာက္ပိုင္း

အဆိုး႐ြားဆုံးရာသီအစနဲ႔ရင္ဆိုင္ခဲ့ရတဲ့အတြက္ နည္းျပေရာ္နယ္လ္ကိုးမန္းကို

ရာထူးကထုတ္ပယ္ခဲ့ၿပီး အခုေလာေလာဆယ္ လူငယ္အသင္းနည္းျပဆာဂ်ီဘာဟြမ္ကို

ယာယီနည္းျပအျဖစ္ခန႔္အပ္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပသစ္ျဖစ္လာဖို႔ သတင္းထြက္ေနတဲ့သူေတြထဲမွာ

ဂႏၴဝင္ကစားသမားဇာဗီက ထိပ္ဆုံးကေရပန္းစားေနၿပီး မၾကာေသးခင္ကလည္း

နည္းျပသစ္ရာထူးအတြက္ ဘာစီလိုနာနဲ႔ဇာဗီတို႔ သေဘာတူညီမႈရခဲ့ၿပီဆိုတဲ့

သတင္းေတြလည္းထြက္ေပၚခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဘာစီလိုနာနည္းျပ

ထိုင္ခုံေပၚမွာ ဇာဗီကို ျမင္ေတြ႕ရဖို႔က ပိုမိုနီးစပ္လာၿပီျဖစ္ၿပီး ဇာဗီဟာ

အခုဗုဒၶဟူးေန႔က်ရင္ အယ္လ္ဆက္ဒ္အသင္းနည္းျပအျဖစ္ေနာက္ဆုံးပြဲ

ကိုင္တြယ္သြားမွာျဖစ္ၿပီး ၾကာသပေတးေန႔မွာ ဘာစီလိုနာကို

လာဖို႔ရွိတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ဇာဗီကို နည္းျပအျဖစ္ခန႔္အပ္မယ္ဆိုတဲ့သတင္းကို

ၾကာသပေတးေန႔မွာ ထုတ္ျပန္ေၾကညာသြားဖို႔ရွိေနေပမယ့္ စေနေန႔က်ရင္

ဆယ္လ္တာဗီဂိုနဲ႔ကစားမယ့္ပြဲကို ယာယီနည္းျပဆာဂ်ီဘာဟြမ္သာ

ဆက္လက္ကိုင္တြယ္သြားဖို႔ရွိေနၿပီး အဲဒီပြဲအၿပီးမွာ ႏိုင္ငံတကာပြဲေတြ

ျပန္လည္စတင္မွာျဖစ္တာေၾကာင့္ ဇာဗီရဲ႕ပထမဆုံးဘာစီလိုနာနည္းျပဘဝပြဲက

ႏိုဝင္ဘာ(၁၈)ရက္မွာ အက္စ္ပန္ညိဳနဲ႔ကစားမယ့္ကတ္တလန္ဒါဘီပြဲစဥ္ျဖစ္လာဖို႔ရွိေနပါၿပီ။

အသက္(၄၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဇာဗီဟာ ေဘာလုံးသမားဘဝတုန္းက

ဘာစီလိုနာအသင္းအတြက္ ၁၉၉၈ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိကစားခဲ့ၿပီး

လာလီဂါ(၈)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၄)ႀကိမ္အပါအဝင္

ဆုဖလားေပါင္း(၂၅)ခုအထိရယူခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ဘာစီလိုနာနဲ႔လမ္းခြဲၿပီးေတာ့

ကာတာကလပ္အယ္လ္ဆက္ဒ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အဲဒီအသင္းမွာပဲ

ေဘာလုံးသမားဘဝအဆုံးသတ္ခဲ့သလို ၂၀၁၉၊ ေမလမွာ

အယ္လ္ဆက္ဒ္အသင္းနည္းျပအျဖစ္စတင္ေဆာက္႐ြက္ခဲ့တာျဖစ္ပါတယ္။

အယ္လ္ဆက္ဒ္အသင္းနဲ႔အတူ ကာတာအမွတ္ေပးဖလား၊ ကာတာဖလားအပါအဝင္

ဆုဖလား(၇)ခုအထိရယူခဲ့တာေၾကာင့္ ဇာဗီဟာ တစ္ခ်ိန္က ဘာစီလိုနာအသင္းအတြက္

ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူေပးခဲ့တဲ့ ဂြါဒီယိုလာလို

ေအာင္ျမင္မႈေတြရယူႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ။