
နယ်သာလန် လက်ရွေးစင်အသင်းနည်းပြ လူးဝစ် ဗန်ဟားလ် က သူ့ရဲ့အသင်း
ဟောင်း ဘာစီလိုနာအသင်းဟာ အခြေအနေဆိုးရွားလာတိုင်း နိုင်ငံခြားသား
တွေကို အပြစ်ပုံချလေ့ရှိတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒီရာသီမှာ
ဘာစီလိုနာအသင်း ရလဒ်တွေဆိုးရွားနေတာကြောင့် နယ်သာလန်လူမျိုး နည်းပြ
ရော်နယ်ကိုးမန်း အနေနဲ့ ဝေဖန်မှုတွေကို အတော်လေးခံနေရပြီး ရာထူးကနေ
ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါကြောင့် နယ်သာလန်
လက်ရွေးစင်နည်းပြ ဗန်ဟားလ် က တနိုင်ငံသား ရော်နယ်ကိုးမန်း အနေနဲ့
ဘာကြောင့်အခုလိုဝေဖန်ခံနေရလဲဆိုတာကို အခုလို ပြောဆိုခဲ့ပါတယ်။
“ အခု ဘာစီလိုနာအသင်းမှာ ဖြစ်ပျက်နေတာတွေက သမိုင်းတပတ်လည်နေ
သလိုပါပဲ။ ဒါမျိုးတွေက ဘာစီလိုနာအသင်းမှာ ဖြစ်နေကျအရာတွေပါ။ ဘာစီ
လိုနာအသင်းမှာ အရာအားလုံးအဆင်ပြေနေတဲ့အချိန် ခင်ဗျားအနေနဲ့ အရေး
ပါတဲ့အကူအညီတွေကို ပြုလုပ်ပေးနိုင်ပါတယ် ၊
ဒီနှစ်ပိုင်းတွေမှာ ဖရန်ကီဒီယွန်း လုပ်ပေးခဲ့သလိုမျိုးပေါ့။ အဲ့လိုအချိန်တွေမှာ
တော့ ဘာကိုမှ စိုးရိမ်နေဖို့မလိုပါဘူး။ ဒါပေမဲ့ ဘာစီလိုနာအသင်း အခြေ
အနေဆိုးလာပြီဆိုရင်တော့ ဘာစီလိုနာမှာ ရှိတဲ့လူတွေက နိုင်ငံခြားသား
တွေကို အပြစ်ပုံချချင်ကြပါတယ်။
လက်ရှိအနေအထားမှာတော့ နည်းပြ ကို အပြစ်ပုံချဖို့ သူတို့လုပ်နေတာပေါ့။
ကျွန်တော် ကတော့ ဒါတွေကို အာရုံစိုက်မနေနဲ့လို့ပဲ ကိုးမန်း ကို အကြံပေး
ချင်ပါတယ် “ လို့ ဗန်ဟားလ် က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ
ဖြစ်ပါတယ်။ ဗန်ဟားလ် ဟာ ဘာစီလိုနာအသင်းကို ၂ ကြိမ်တိတိကိုင်တွယ်ခဲ့
ဖူးပြီး ပထမအကြိမ်ကိုင်တွယ်ခဲ့စဉ်မှာ လာလီဂါဖလား ၂ ကြိမ် ၊ စပိန်ဘုရင့်
ဖလား ၁ ကြိမ် နဲ့ UEFA စူပါဖလား ၁ ကြိမ်တို့ကို ရယူပေးနိုင်ခဲ့ပေမဲ့ အသင်း
တာဝန်ရှိသူတွေနဲ့ သဘောထားကွဲလွဲခဲ့တာကြောင့် ၃ နှစ်အကြာမှာပဲ ဘာစီ
လိုနာအသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ ၂၀၀၂-၂၀၀၃ ရာသီအစမှာတော့ ဘာစီ
လိုနာအသင်းက သူ့ကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပေမဲ့ ရာသီဝက်မှာပဲ
ထပ်မံလမ်းခွဲခဲ့ကြပါတယ်။
Zawgyi
ဘာစီလိုနာအသင္းမွာ ျဖစ္ပ်က္ေနတာေတြက သမိုင္းတပတ္လည္ေနသလိုပါပဲ
နယ္သာလန္ လက္ေ႐ြးစင္အသင္းနည္းျပ လူးဝစ္ ဗန္ဟားလ္ က သူ႔ရဲ႕အသင္း
ေဟာင္း ဘာစီလိုနာအသင္းဟာ အေျခအေနဆိုး႐ြားလာတိုင္း ႏိုင္ငံျခားသား
ေတြကို အျပစ္ပုံခ်ေလ့ရွိတယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ဒီရာသီမွာ
ဘာစီလိုနာအသင္း ရလဒ္ေတြဆိုး႐ြားေနတာေၾကာင့္ နယ္သာလန္လူမ်ိဳး နည္းျပ
ေရာ္နယ္ကိုးမန္း အေနနဲ႔ ေဝဖန္မႈေတြကို အေတာ္ေလးခံေနရၿပီး ရာထူးကေန
ထုတ္ပယ္ခံရမယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဒါေၾကာင့္ နယ္သာလန္
လက္ေ႐ြးစင္နည္းျပ ဗန္ဟားလ္ က တႏိုင္ငံသား ေရာ္နယ္ကိုးမန္း အေနနဲ႔
ဘာေၾကာင့္အခုလိုေဝဖန္ခံေနရလဲဆိုတာကို အခုလို ေျပာဆိုခဲ့ပါတယ္။
“ အခု ဘာစီလိုနာအသင္းမွာ ျဖစ္ပ်က္ေနတာေတြက သမိုင္းတပတ္လည္ေန
သလိုပါပဲ။ ဒါမ်ိဳးေတြက ဘာစီလိုနာအသင္းမွာ ျဖစ္ေနက်အရာေတြပါ။ ဘာစီ
လိုနာအသင္းမွာ အရာအားလုံးအဆင္ေျပေနတဲ့အခ်ိန္ ခင္ဗ်ားအေနနဲ႔ အေရ
းပါတဲ့အကူအညီေတြကို ျပဳလုပ္ေပးႏိုင္ပါတယ္ ၊ ဒီႏွစ္ပိုင္းေတြမွာ ဖရန္ကီ
ဒီယြန္း လုပ္ေပးခဲ့သလိုမ်ိဳးေပါ့။ အဲ့လိုအခ်ိန္ေတြမွာေတာ့ ဘာကိုမွ စိုးရိမ္
ေနဖို႔မလိုပါဘူး။ ဒါေပမဲ့ ဘာစီလိုနာအသင္း အေျခအေနဆိုးလာၿပီဆိုရင္ေတာ့
ဘာစီလိုနာမွာ ရွိတဲ့လူေတြက ႏိုင္ငံျခားသားေတြကို အျပစ္ပုံခ်ခ်င္ၾကပါတယ္။
လက္ရွိအေနအထားမွာေတာ့ နည္းျပ ကို အျပစ္ပုံခ်ဖို႔ သူတို႔လုပ္ေနတာေပါ့။
ကြၽန္ေတာ္ ကေတာ့ ဒါေတြကို အာ႐ုံစိုက္မေနနဲ႔လို႔ပဲ ကိုးမန္း ကို အႀကံေပ
းခ်င္ပါတယ္ “ လို႔ ဗန္ဟားလ္ က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာ
ျဖစ္ပါတယ္။ ဗန္ဟားလ္ ဟာ ဘာစီလိုနာအသင္းကို ၂ ႀကိမ္တိတိကိုင္တြယ္ခဲ့
ဖူးၿပီး ပထမအႀကိမ္ကိုင္တြယ္ခဲ့စဥ္မွာ လာလီဂါဖလား ၂ ႀကိမ္ ၊ စပိန္ဘုရင့္
ဖလား ၁ ႀကိမ္ နဲ႔ UEFA စူပါဖလား ၁ ႀကိမ္တို႔ကို ရယူေပးႏိုင္ခဲ့ေပမဲ့ အသင္း
တာဝန္ရွိသူေတြနဲ႔ သေဘာထားကြဲလြဲခဲ့တာေၾကာင့္ ၃ ႏွစ္အၾကာမွာပဲ ဘာစီ
လိုနာအသင္းနဲ႔ လမ္းခြဲခဲ့ပါတယ္။ ၂၀၀၂-၂၀၀၃ ရာသီအစမွာေတာ့ ဘာစီ
လိုနာအသင္းက သူ႔ကို နည္းျပအျဖစ္ ျပန္လည္ခန္႔အပ္ခဲ့ေပမဲ့ ရာသီဝက္မွာပဲ
ထပ္မံလမ္းခြဲခဲ့ၾကပါတယ္။