ဘာစီလိုနာဟာ မက်ဆီမရှိတော့ကတည်းက ချန်ပီယံလိဂ်အုပ်စုကပြုတ်ပြီး ယူရိုပါလိဂ်ဆင်းကန်နေရတာ ၂ နှစ်ဆက်ရှိနေပါပြီ။

ဘာစီလိုနာအသင်းအာဏာပိုင်တွေဟာ လာမယ့်ဇန်နဝါရီမှာတင် မက်ဆီကို ပြန်ခေါ်နိုင်ဖို့

အသည်းအသန်ကြိုးစားလိမ့်မယ်လို့ စပိန်ကလာတဲ့သတင်းတွေအရ သိရပါတယ်။

၃၅ နှစ်အရွယ် အာဂျင်တီးနားစူပါစတားဟာ နူးကမ့်ကိုပြန်သွားဖို့ လပေါင်းများစွာကြာ သတင်းထွက်ခဲ့တာပါ။

ကနဦးသတင်းတွေကတော့ မက်ဆီဟာ လာမယ့်နှစ်နွေရောက်ရင် ဘာစီလိုနာကို အလွတ်ပြန်သွားနိုင်တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ စောစောစီးစီးထွက်ခွာခဲ့ရပြီးနောက်

နည်းပြဇာဗီဟာ ဇန်နဝါရီမှာတင် မက်ဆီနဲ့ ပြန်လည်ပူးပေါင်းချင်နေတာပါ။

ဘာစီလိုနာအခြေစိုက် Sport သတင်းစာရဲ့အဆိုအရဆို ကလပ်အသင်းတာဝန်ရှိသူတွေဟာ

မြန်နိုင်သမျှအမြန်ဆုံး မက်ဆီကို ပြန်ခေါ်နိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီကနေ သူ့ကို ပြန်ခေါ်နိုင်ဖို့ဆို ဘာစီလိုနာဟာ ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာပါ။

လီဂူးချန်ပီယံအသင်းက အဲဒီ Ballon d’Or ၇ ထပ်ကွမ်းကစားသမားကို

သူ့စာချုပ်သက်တမ်းကုန်မယ့် ၂၀၂၃ ဇွန်အထိ ဆက်ထိန်းဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် ဘာစီလိုနာရဲ့ဘဏ္ဍာရေးအခြေအနေကလည်း ပြန်ခေါ်နိုင်ဖို့ အခက်အခဲရှိမှာပါ။

ဘာစီလိုနာက သူ့အတွက် မတတ်နိုင်လို့လည်း မက်ဆီဟာ ၂၀၂၁ က နူးကမ့်က ထွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူဟာ ပီအက်စ်ဂျီနဲ့ တစ်ပတ် ပေါင် ၇၀၀၀၀၀ တန်ကြေးရှိမယ့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

ဘာစီလိုနာဟာ မက်ဆီမရှိတော့ကတည်းက ချန်ပီယံလိဂ်အုပ်စုကပြုတ်ပြီး ယူရိုပါလိဂ်ဆင်းကန်နေရတာ ၂ နှစ်ဆက်ရှိနေပါပြီ။

zawgyi

သူတို့ကိုကယ်တင်ပေးဖို့ ဇန်နဝါရီမှာတင် မက်ဆီကို အသည်းအသန်အလိုရှိနေတဲ့ဘာကာ













