ဘာစီလိုနာရဲ့နောက်တစ်ဆင့်မျှော်လင့်ချက်ဟာ စိုးရိမ်ရေမှတ်ရောက်

နူးကမ့်မှာ ဘင်ဖီကာကို ဂိုးမရှိသရေသာကစားနိုင်ခဲ့လို့ ဘာစီလိုနာရဲ့

နောက်တစ်ဆင့်မျှော်လင့်ချက်ဟာ စိုးရိမ်ရေမှတ်ရောက်သွားပေမယ့်

နည်းပြဇာဗီကတော့ လာမယ့်လ ကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာ

ဘိုင်ယန်ကို အနိုင်ယူနိုင်မယ်လို့ အကောင်းမြင်ထားပါတယ်။

တကယ်လို့ တစ်ဖက်က ပွဲမှာ ဘင်ဖီကာသာ ဇယားအောက်ဆုံးအသင်းဖြစ်တဲ့

ဒိုင်နမိုကိဗ်ကိုနိုင်ခဲ့ရင် ဘာစီလိုနာဟ ၁၆ သင်းအဆင့်အတွက်

ဂျာမန်မြေမှာ ဘိုင်ယန်ကို အနိုင်ရဖို့ လိုအပ်ပါတယ်။

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကြားက နောက်ဆုံး ၂ ပွဲမှာ

ဂျာမန်ချန်ပီယံအသင်းက ၈-၂၊ ၃-၀ ရလဒ်တွေနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့တာပါ။

ဒါပေမဲ့ ရော်နယ်ကိုးမန်းနေရာအစားဝင်ပြီး ၂ ပွဲကိုင်ထားတဲ့ ဇာဗီက

မြူးနစ်မှာ အနိုင်ရဖို့က ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဘင်ဖီကာနဲ့သရေကျပြီးနောက် သူ့အသင်းရဲ့နောက်တစ်ဆင့်အခွင့်အရေးကို

မေးမြန်းတဲ့အခါ ဇာဗီက”ကျွန်တော်အကောင်းအမြင်ဆုံးက

ဒီအသင်းရဲ့ကစားပုံပါ။ ဒီလိုသာ ကစားမယ်ဆိုရင် ကျွန်တော်တို့ဟာ

ဘယ်သူနဲ့မဆို ယှဉ်ပြိုင်နိုင်ပါတယ်။ ဘင်ဖီကာနဲ့ပွဲကို ကြည့်ပြီးတဲ့နောက်

မြူးနစ်ကိုသွားပြီး အနိုင်ရနိုင်ပါတယ်။ အပေါင်းဆန်တဲ့သတင်းက

ကျွန်တော်တို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သေးတာပါ”လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီအုပ်စုမှာ ဘိုင်ယန်က ဘိုင်ယန်က ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ

အုပ်စုဗိုလ်နေရာသေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာက ဘင်ဖီကာကို ၂ မှတ်သာထားပေမယ့် တစ်ဖက်မှာ

ဘင်ဖီကာသာနိုင်သွားရင် ဘိုင်ယန်ကွင်းမှာ မနိုင်လို့ မရတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဘင်ဖီကာနဲ့ရမှတ်တူဖြစ်သွားရင် အဲဒီပေါ်တူဂီကလပ်က

head-to-head သာထားလို့ နောက်တစ်ဆင့်တက်သွားမှာဖြစ်ပြီး

ဘာစီလိုနာကတော့ယူရိုပါလိဂ်ဆင်းကန်ရမှာပါ။

ဘာစီလိုနာဟာ ဘင်ဖီကာနဲ့ကစားခဲ့တဲ့ပွဲမှာ အနိုင်ရခဲ့ရင်

နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပေမယ့် အခွင့်အလမ်းကောင်းကို

ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘင်ဖီကာကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့်

အခွင့်အရေးတွေကို အသုံးမချနိုင်လို့ သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

zawgyi

ဘာစီလိုနာရဲ႕ေနာက္တစ္ဆင့္ေမွ်ာ္လင့္ခ်က္ဟာ စိုးရိမ္ေရမွတ္ေရာက္

ႏူးကမ့္မွာ ဘင္ဖီကာကို ဂိုးမရွိသေရသာကစားႏိုင္ခဲ့လို႔ ဘာစီလိုနာရဲ႕

ေနာက္တစ္ဆင့္ေမွ်ာ္လင့္ခ်က္ဟာ စိုးရိမ္ေရမွတ္ေရာက္သြားေပမယ့္

နည္းျပဇာဗီကေတာ့ လာမယ့္လ ကစားမယ့္ အုပ္စုေနာက္ဆုံးပြဲမွာ

ဘိုင္ယန္ကို အႏိုင္ယူႏိုင္မယ္လို႔ အေကာင္းျမင္ထားပါတယ္။

တကယ္လို႔ တစ္ဖက္က ပြဲမွာ ဘင္ဖီကာသာ ဇယားေအာက္ဆုံးအသင္းျဖစ္တဲ့

ဒိုင္နမိုကိဗ္ကိုႏိုင္ခဲ့ရင္ ဘာစီလိုနာဟ ၁၆ သင္းအဆင့္အတြက္

ဂ်ာမန္ေျမမွာ ဘိုင္ယန္ကို အႏိုင္ရဖို႔ လိုအပ္ပါတယ္။

ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ၾကားက ေနာက္ဆုံး ၂ ပြဲမွာ

ဂ်ာမန္ခ်န္ပီယံအသင္းက ၈-၂၊ ၃-၀ ရလဒ္ေတြနဲ႔ ျပတ္ျပတ္သားသားအႏိုင္ရခဲ့တာပါ။

ဒါေပမဲ့ ေရာ္နယ္ကိုးမန္းေနရာအစားဝင္ၿပီး ၂ ပြဲကိုင္ထားတဲ့ ဇာဗီက

ျမဴးနစ္မွာ အႏိုင္ရဖို႔က ျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ဘင္ဖီကာနဲ႔သေရက်ၿပီးေနာက္ သူ႔အသင္းရဲ႕ေနာက္တစ္ဆင့္အခြင့္အေရးကို

ေမးျမန္းတဲ့အခါ ဇာဗီက”ကြၽန္ေတာ္အေကာင္းအျမင္ဆုံးက

ဒီအသင္းရဲ႕ကစားပုံပါ။ ဒီလိုသာ ကစားမယ္ဆိုရင္ ကြၽန္ေတာ္တို႔ဟာ

ဘယ္သူနဲ႔မဆို ယွဥ္ၿပိဳင္ႏိုင္ပါတယ္။ ဘင္ဖီကာနဲ႔ပြဲကို ၾကည့္ၿပီးတဲ့ေနာက္

ျမဴးနစ္ကိုသြားၿပီး အႏိုင္ရႏိုင္ပါတယ္။ အေပါင္းဆန္တဲ့သတင္းက

ကြၽန္ေတာ္တို႔ ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္ေသးတာပါ”လို႔ ေျဖၾကားခဲ့ပါတယ္။

အဲဒီအုပ္စုမွာ ဘိုင္ယန္က ဘိုင္ယန္က ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔အတူ

အုပ္စုဗိုလ္ေနရာေသခ်ာသြားခဲ့ၿပီ ျဖစ္ပါတယ္။

ဘာစီလိုနာက ဘင္ဖီကာကို ၂ မွတ္သာထားေပမယ့္ တစ္ဖက္မွာ

ဘင္ဖီကာသာႏိုင္သြားရင္ ဘိုင္ယန္ကြင္းမွာ မႏိုင္လို႔ မရေတာ့ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ဘင္ဖီကာနဲ႔ရမွတ္တူျဖစ္သြားရင္ အဲဒီေပၚတူဂီကလပ္က

head-to-head သာထားလို႔ ေနာက္တစ္ဆင့္တက္သြားမွာျဖစ္ၿပီး

ဘာစီလိုနာကေတာ့ယူ႐ိုပါလိဂ္ဆင္းကန္ရမွာပါ။

ဘာစီလိုနာဟာ ဘင္ဖီကာနဲ႔ကစားခဲ့တဲ့ပြဲမွာ အႏိုင္ရခဲ့ရင္

ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ အခြင့္အလမ္းေကာင္းကို

ရယူႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဘင္ဖီကာကို ေျခစြမ္းအသာနဲ႔ ကစားႏိုင္ခဲ့ေပမယ့္

အခြင့္အေရးေတြကို အသုံးမခ်ႏိုင္လို႔ သေရနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။