ရော်နယ်ဒိုနဲ့ စူပါအေးဂျင့်မန်ဒက်စ်တို့ရဲ့အက်ကွဲကြောင်းအစဟာ
ဘာစီလိုနာမှာ မက်ဆီရရှိနေတဲ့လစာပမာဏကြောင့်လို့ Dailymail
သတင်းစာကဖော်ပြခဲ့ပါတယ်။ စပိန်သတင်းစာ El Mundo ရဲ့
ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဘာနေဗျူးမှာရှိစဉ်ကတည်းက
မက်ဆီရရှိနေတဲ့လစာကိုဂရုတစိုက်ရှိခဲ့တာဖြစ်တယ်။
အဲ့ဒီအချိန်မှာ ပေါ်တူဂီကြယ်ပွင့်က လစာအများဆုံးကစားသမား
မဟုတ်ခဲ့ပေမဲ့ ထိပ်ဆုံးရောက်ချင်နေတဲ့ရောဂါထနေခဲ့တာပါ။
ဆုပေးပွဲအခမ်းအနားတစ်ခုမှာ အေးဂျင့်မန်ဒက်စ်က ဘာစီလိုနာ
ဥက္ကဌဘာတိုမြူကို မက်ဆီရဲ့လုပ်ခလစာဘယ်လောက်လဲ
မေးရတဲ့အထိအခြေအနေဆိုးခဲ့တာဖြစ်တယ်။ ဘာတိုမြူကတော့
“မပြောနိုင်ဘူး။ သေချာတာကတော့ သူ့ကို ရီးရဲလ်ပေးချေရတဲ့
လစာထက် ၂ဆ ပိုများတယ်” လို့ ဖွင့်ဟခဲ့တာဟာ ရော်နယ်ဒိုကို
နှာကစ်စရာဖြစ်သွားပါတယ်။ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား
၃ကြိမ်ဆက်ရယူပြီးတဲ့နောက် ရော်နယ်ဒိုက ဘာနေဗျူးကို
ချက်ချင်းစွန့်ခွာခဲ့ပြီး ဂျူဗင်တပ်ကို ပေါင်သန်း ၁၀၀ နဲ့
ပြောင်းရွှေ့ခဲ့သလို တူရင်ကလပ်မှာ တစ်ပတ်လုပ်ခ ပေါင် ၅သိန်းအထိ
ရယူခဲ့တာဖြစ်တယ်။ ဂျူဗီကထွက်ခွာစဉ်မှာလည်း မန်စီးတီးကို
ပြောင်းရွှေ့ဖို့ထပ်မံကြိုးစားခဲ့ပေမဲ့ စတာလင်းရဲ့ဘာစီလိုနာ
အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာကြောင့် ရော်နယ်ဒို အီတီဟတ်ကို
မရောက်ခဲ့တာပါ။ နောက်ဆုံးမှာတော့ အသင်းဟောင်း ယူနိုက်တက်ကို
ပြန်ရောက်ခဲ့ပြီး ပီးယာ့စ်မော်ဂန်နဲ့အင်တာဗျူးအပြီးမှာတော့
နှစ်ဦးသဘောတူလမ်းခွဲခဲ့သလို သူ့ရဲ့နောက်ထပ်အပြောင်းအရွှေ့က
အယ်လ်နက်ဆာဖြစ်ခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်းနဲ့သဘောတူခဲ့တာဖြစ်တယ်။
zawgyi
ဘာစီလိုနာမှာ မက်ဆီခံစားခွင့်ရနေတဲ့လစာနဲ့ပက်သတ်လို့ ရော်နယ်ဒို အရူးအမူးဖြစ်ပြီး ဂျူဗင်တပ်ကိုပြောင်းရွှေ့ခဲ့