ဘာစီလိုနာပြဿနာက လက်သည်မပေါ်တဲ့ အမှုလို ဖြစ်နေပြီလား

ဘာစီလိုနာမှာ အခုကြုံနေရတဲ့ ကပေါက်တိ ကပေါက်ချာ ဖရိုဖရဲ ဖြစ်စဉ်တွေ ကို ရင်ဆိုင်ကိုင်တွယ်နိုင်ဖို ဥက္ကဋ္ဌ လာပေါ်တာထက် ဘယ်သူက ပိုပြီး သင့် တော်မလဲ။ ‘’ကျွန်တော်တိုက ရောဂါကျွမ်းနေတဲ့ အဆင့်ကို ကျော်သွားခဲ့ပါပြီ။ အခုဆိုရင် ကျွန်တော်တိုက အထူးကြပ်မတ် ကုသဆောင်ထဲကို ရောက်နေ ပါပြီ။

သာမန် လူနာဆောင်အတွင်းထဲကို ပြန်ရောက်ဖိုနဲ ဆေးရုံကနေ ဆင်းလာနိုင်ဖိုအတွက် ကျွန်တော်တိုဟာ ငွေကြေးသြဇာအရှိန်အဝါတွေ အသက်သွင်းဖို လိုအပ်နေပြီဖြစ်ပါတယ်” လို အခုနွေရာသီ အစောပိုင်းမှာ ဘာစီလိုနာဥက္ကဋ္ဌ ဂျိုဟန် လာပေါ်တာတစ်ယောက် ပြောခဲ့တဲ့ အတိုင်းပါပဲ။

အခုဆိုရင် ဘာစီလိုနာဟာ ကြွေးမြီ ပေါင် ၁ ဒသမ ၄ ဘီလီယံတင်ရှိနေပြီး က စားသမားခေါ်ယူခွင့် မရတော့ပါဘူး။ ဥရောပမှာရှိတဲ့ အခြားသော အသင်း တွေအားလုံးထက် ငွေကို ပိုသုံးခဲ့တာကြောင့် ဘဏ္ဍာရေးအကျပ်အတည်းမှာ မီးနီပြသွားတဲ့အတွက် ဘာစီလိုနာဟာ အခုဆိုရင် အထူးကြပ်မတ် ကုသ ဆောင်ထဲကိုရောက်ပြီး အသက်ရှူစက် တပ်ထားရတဲ့ လူနာတစ်ယောက်လို ဖြစ်နေပါပြီ။

နူးကမ့်ကလပ်ဟာ ကြွေးမြီထူပြောနေပေမယ့် သူတိုလိုချင်တဲ့ ကစားသမားတိုင်းကို ခေါင်းခေါက်ဝယ်နေတဲ့ အတွက်ကြောင့် ဘိုင်ယန်မြူး နစ် နည်းပြ နာဂယ်စ်မန်းက ဘာစီလိုနာဟာ ငွေလုံး၀ မရှိဘဲနဲ့ သူတိုလိုချင် တဲ့ ကစားသမားကို ဝယ်ယူနိုင်တဲ့ တစ်ခုတည်းသော ကလပ်အသင်းဖြစ်ပြီး ဒါဟာ ရူးချင်စရာဖြစ်နေလို ထူးဆန်းထိတ်လန့်ဖွယ် ကောင်းပါတယ်လို ဆိုခဲ့ ဖူးပါတယ်။

အခုလိုမျိုး ဘာစီလိုနာအသင်း ကြွေးမြီ ထူပြောနေရတဲ့ အ ကြောင်းအရင်းတွေ အများကြီး ရှိနေပေမယ့် မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့ တစ်ချက်ကတော့ တိုက်စစ်မှူး မက်ဆီကို လုပ်ခလစာအများကြီး ပေးချေခဲ့ရ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ ရာသီကြာ ကာလအတွင်းမှာ မက်ဆီတစ်ယောက် တည်းကိုပဲ ဘာစီလိုနာ ပေးချေခဲ့ရတဲ့ ငွေကြေးပမာဏက ပေါင် သန်း ၄၆၀ ကျော် ရှိပါတယ်။

ဒါကြောင့် အဲဒီလို ကစားသမားမျိုးကို လုပ်ခလစာမပေးနိုင်တော့ တဲ့အတွက် အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါတောင် အသင်းနဲ့ ခွဲရလို သတင်းထောက်တွေရှေ့မှာ မျက်ရည်စက်လက်ဖြစ်နေတဲ့ မက်ဆီကို အားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ မက်ဆီရဲ့ လုပ်ခလစာ နှုန်း ထားဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၃ ဆအထိကို မြင့်တက်လာခဲ့တာပါ။

ဒါ ပေမဲ့ ဒါက အသင်းရဲ့ အဖိုးတန်ကစားသမားဖြစ်တဲ့ မက်ဆီရဲ့ အမှားတော့ လုံး၀ မဟုတ်ပါဘူး။ မက်ဆီကို အသင်းမှာ ဆက်ရှိနေစေလိုပြီး မက်ဆီမရှိရင် ဘာစီလိုနာ မရှိတော့ဘူးဆိုတဲ့ တစ်ယူသန် အစွဲမျိုးတွေကြောင့်သာ အခု လောက်အထိကို ပြဿနာတွေ ကြီးမားလာခဲ့တာပါပဲ။

ဒါကြောင့် ပြီးခဲ့တဲ့နှစ် မှာ အသင်းဥက္ကဋ္ဌ ရာထူးကို ဂျိုဟန်လာပေါ်တာ တစ်ကျော့ပြန်ရောက်လာပြီး တဲ့နောက် မက်ဆီအပါအဝင် အသင်းရဲ့ အဓိက ကစားသမား အတော်များ များကို ရောင်းထုတ်ပစ်ခဲ့တယ်။ နောက်ပြီး သူပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါ တယ်။ ‘’မဆီမဆိုင်ဖြစ်နေတာတွေကြောင့် အရောင်မှိန်သွားစေမလား။

အသင်းကို ရင်းနှီးမြုပ်နှံမှုလုပ်မလား’’ တဲ့။ လာပေါ်တာဟာ သူ့စကားအတိုင်း စိုက်လိုက်မတ်တပ် လုပ်ဆောင်နေတာမျိုးတွေ ရှိပေမယ့် လက်ရှိအချိန်အထိ တော့ အသင်းရဲ့ ပြဿနာပေါင်းများစွာကို ပြေလည်အောင် မဖြေရှင်းနိုင်သေး ပါဘူး။ ဒါကြောင့် ပြောရရင်တော့ ဘာစီလိုနာရဲ့ လက်ရှိအကျပ်အတည်းဟာ လက်သည်မပေါ်တဲ့ အမှုလို ဖြစ်နေလေရဲ့။

(zawgyi)

ဘာစီလိုနာမွာ အခုႀကဳံေနရတဲ့ ကေပါက္တိ ကေပါက္ခ်ာ ဖ႐ိုဖရဲ ျဖစ္စဥ္ေတြ ကို ရင္ဆိုင္ကိုင္တြယ္ႏိုင္ဖို ဥကၠ႒ လာေပၚတာထက္ ဘယ္သူက ပိုၿပီး သင့္ ေတာ္မလဲ။ ‘’ကြၽန္ေတာ္တိုက ေရာဂါကြၽမ္းေနတဲ့ အဆင့္ကို ေက်ာ္သြားခဲ့ပါၿပီ။ အခုဆိုရင္ ကြၽန္ေတာ္တိုက အထူးၾကပ္မတ္ ကုသေဆာင္ထဲကို ေရာက္ေန ပါၿပီ။

သာမန္ လူနာေဆာင္အတြင္းထဲကို ျပန္ေရာက္ဖိုနဲ ေဆး႐ုံကေန ဆင္းလာႏိုင္ဖိုအတြက္ ကြၽန္ေတာ္တိုဟာ ေငြေၾကးၾသဇာအရွိန္အဝါေတြ အသက္သြင္းဖို လိုအပ္ေနၿပီျဖစ္ပါတယ္” လို အခုေႏြရာသီ အေစာပိုင္းမွာ ဘာစီလိုနာဥကၠ႒ ဂ်ိဳဟန္ လာေပၚတာတစ္ေယာက္ ေျပာခဲ့တဲ့ အတိုင္းပါပဲ။ အခုဆိုရင္ ဘာစီလိုနာဟာ ေႂကြးၿမီ ေပါင္ ၁ ဒသမ ၄ ဘီလီယံတင္ရွိေနၿပီး က စားသမားေခၚယူခြင့္ မရေတာ့ပါဘူး။

ဥေရာပမွာရွိတဲ့ အျခားေသာ အသင္း ေတြအားလုံးထက္ ေငြကို ပိုသုံးခဲ့တာေၾကာင့္ ဘ႑ာေရးအက်ပ္အတည္းမွာ မီးနီျပသြားတဲ့အတြက္ ဘာစီလိုနာဟာ အခုဆိုရင္ အထူးၾကပ္မတ္ ကုသ ေဆာင္ထဲကိုေရာက္ၿပီး အသက္ရႉစက္ တပ္ထားရတဲ့ လူနာတစ္ေယာက္လို ျဖစ္ေနပါၿပီ။ ႏူးကမ့္ကလပ္ဟာ ေႂကြးၿမီထူေျပာေနေပမယ့္ သူတိုလိုခ်င္တဲ့ ကစားသမားတိုင္းကို ေခါင္းေခါက္ဝယ္ေနတဲ့ အတြက္ေၾကာင့္ ဘိုင္ယန္ျမဴး နစ္ နည္းျပ နာဂယ္စ္မန္းက

ဘာစီလိုနာဟာ ေငြလုံး၀ မရွိဘဲနဲ႔ သူတိုလိုခ်င္ တဲ့ ကစားသမားကို ဝယ္ယူႏိုင္တဲ့ တစ္ခုတည္းေသာ ကလပ္အသင္းျဖစ္ၿပီး ဒါဟာ ႐ူးခ်င္စရာျဖစ္ေနလို ထူးဆန္းထိတ္လန႔္ဖြယ္ ေကာင္းပါတယ္လို ဆိုခဲ့ ဖူးပါတယ္။ အခုလိုမ်ိဳး ဘာစီလိုနာအသင္း ေႂကြးၿမီ ထူေျပာေနရတဲ့ အ ေၾကာင္းအရင္းေတြ အမ်ားႀကီး ရွိေနေပမယ့္ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရတဲ့ တစ္ခ်က္ကေတာ့ တိုက္စစ္မႉး မက္ဆီကို လုပ္ခလစာအမ်ားႀကီး ေပးေခ်ခဲ့ရ တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၄ ရာသီၾကာ ကာလအတြင္းမွာ မက္ဆီတစ္ေယာက္ တည္းကိုပဲ ဘာစီလိုနာ ေပးေခ်ခဲ့ရတဲ့ ေငြေၾကးပမာဏက ေပါင္ သန္း ၄၆၀ ေက်ာ္ ရွိပါတယ္။ ဒါေၾကာင့္ အဲဒီလို ကစားသမားမ်ိဳးကို လုပ္ခလစာမေပးႏိုင္ေတာ့ တဲ့အတြက္ အသင္းကေန ထြက္ခြာခြင့္ေပးလိုက္တာျဖစ္ပါတယ္။ ဒါေတာင္ အသင္းနဲ႔ ခြဲရလို သတင္းေထာက္ေတြေရွ႕မွာ မ်က္ရည္စက္လက္ျဖစ္ေနတဲ့ မက္ဆီကို အားလုံး မွတ္မိၾကဦးမယ္ ထင္ပါတယ္။

မက္ဆီရဲ႕ လုပ္ခလစာ ႏႈန္း ထားဟာ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ ၃ ဆအထိကို ျမင့္တက္လာခဲ့တာပါ။ ဒါ ေပမဲ့ ဒါက အသင္းရဲ႕ အဖိုးတန္ကစားသမားျဖစ္တဲ့ မက္ဆီရဲ႕ အမွားေတာ့ လုံး၀ မဟုတ္ပါဘူး။ မက္ဆီကို အသင္းမွာ ဆက္ရွိေနေစလိုၿပီး မက္ဆီမရွိရင္ ဘာစီလိုနာ မရွိေတာ့ဘူးဆိုတဲ့ တစ္ယူသန္ အစြဲမ်ိဳးေတြေၾကာင့္သာ အခု ေလာက္အထိကို ျပႆနာေတြ ႀကီးမားလာခဲ့တာပါပဲ။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ မွာ အသင္းဥကၠ႒ ရာထူးကို ဂ်ိဳဟန္လာေပၚတာ တစ္ေက်ာ့ျပန္ေရာက္လာၿပီး တဲ့ေနာက္ မက္ဆီအပါအဝင္ အသင္းရဲ႕ အဓိက ကစားသမား အေတာ္မ်ား မ်ားကို ေရာင္းထုတ္ပစ္ခဲ့တယ္။ ေနာက္ၿပီး သူေျပာခဲ့တဲ့ စကားတစ္ခြန္းရွိပါ တယ္။ ‘’မဆီမဆိုင္ျဖစ္ေနတာေတြေၾကာင့္ အေရာင္မွိန္သြားေစမလား။

အသင္းကို ရင္းႏွီးျမဳပ္ႏွံမႈလုပ္မလား’’ တဲ့။ လာေပၚတာဟာ သူ႔စကားအတိုင္း စိုက္လိုက္မတ္တပ္ လုပ္ေဆာင္ေနတာမ်ိဳးေတြ ရွိေပမယ့္ လက္ရွိအခ်ိန္အထိ ေတာ့ အသင္းရဲ႕ ျပႆနာေပါင္းမ်ားစြာကို ေျပလည္ေအာင္ မေျဖရွင္းႏိုင္ေသး ပါဘူး။ ဒါေၾကာင့္ ေျပာရရင္ေတာ့ ဘာစီလိုနာရဲ႕ လက္ရွိအက်ပ္အတည္းဟာ လက္သည္မေပၚတဲ့ အမႈလို ျဖစ္ေနေလရဲ႕။