ဘာစီလိုနာနည်းပြရာထူးအတွက်  ဇာဗီကို ဆက်သွယ်ကမ်းလှမ်းထား

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ဗယ်လီကာနိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး

နာရီပိုင်းအကြာမှာပဲ နည်းပြရော်နယ်ကိုးမန်းကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ကိုးမန်းကိုထုတ်ပယ်ပြီးနောက် လစ်လပ်သွားတဲ့နည်းပြနေရာအတွက်

ဘာစီလိုနာဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ အသင်းဂန္ထဝင်ဇာဗီကို

ကမ်းလှမ်းမှုလုပ်ခဲ့ကြောင်း နာမည်ကြီးဘောလုံးသတင်းဌာတစ်ခုဖြစ်တဲ့

Goal က ဖော်ပြလိုက်ပါတယ်။ ဗယ်လီကာနိုကို ရှုံးနိမ့်မှုကြောင့် ဘာစီလိုနာဟာ

လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၉ နေရာဆင်းခဲ့ရပြီး သူတို့ရဲ့အမှတ်ပေးအဖွင့်

၁၀ ပွဲမှာ ၄ ပွဲသာ အနိုင်ရခဲ့တာပါ။ ဒါ့အပြင် ဘာစီလိုနာဟာ အခုရာသီချန်ပီယံလိဂ်မှာလည်း

ရုန်းကန်နေရတာကြောင့် ကိုးမန်းအနေနဲ့ နူးကမ့်မှာ တစ်ရာသီကျော်သာ ကိုင်တွယ်ခွင့်ရခဲ့တာပါ။

ဘာစီလိုနာက ဆက်သွယ်ကမ်းလှမ်းထားတဲ့ သူတို့ရဲ့ကစားသမားဟောင်းဇာဗီဟာ

လက်ရှိကိုင်တွယ်နေတဲ့ ကာတာကလပ်အယ်လ်ဆတ်မှာ အောင်မြင်နေသူ ဖြစ်ပါတယ်။

ဇာဗီဟာ အယ်လ်ဆတ်အသင်းကို ၂ နှစ်အတွင်းမှာ ဆုဖလားပေါင်း ၇ ခု

ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇာဗီအနေနဲ့ အဲဒီကာတာကလပ်နဲ့စာချုပ်ထဲမှာ

ထွက်ခွာလု့ိရမယ့်အချက်ကို ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်က ဘာစီလိုနာကို ပြောင်းချင်နေတယ်လို့ နားလည်ရပြီး

အဲဒီကာတာလန်ကလပ်ကလည်း ၄၁ နှစ်အရွယ် ဇာဗီကို ခေါ်ယူနိုင်ဖို့

လိုအပ်တဲ့ငွေကြေးပမာဏကို ပြင်ဆင်ထားပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်များစွာထဲက

ရာသီတာထွက်နှေးခဲ့တဲ့ကိုးမန်းအပေါ်မှာ ယုံကြည်မှု ပျောက်ဆုံးနေတာပါ။

အယ်ကလက်စီကိုရှုံးပွဲအပြီး ဗယ်လီကာနိုကို ထပ်ရှုံးခဲ့ပြီးနောက်မှာတော့

လာပေါ်တာဟာ အချိန်ဆွဲမနေတော့ဘဲ နည်းပြအပြောင်းအလဲလုပ်ခဲ့တာပါ။

zawgyi

ဘာစီလိုနာနည္းျပရာထူးအတြက္  ဇာဗီကို ဆက္သြယ္ကမ္းလွမ္းထား

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးညက ဗယ္လီကာႏိုအသင္းကို ရႈံးနိမ့္ခဲ့ၿပီး

နာရီပိုင္းအၾကာမွာပဲ နည္းျပေရာ္နယ္ကိုးမန္းကို ရာထူးက ထုတ္ပယ္လိုက္ပါတယ္။

ကိုးမန္းကိုထုတ္ပယ္ၿပီးေနာက္ လစ္လပ္သြားတဲ့နည္းျပေနရာအတြက္

ဘာစီလိုနာဟာ သူတို႔ရဲ႕ကစားသမားေဟာင္းျဖစ္တဲ့ အသင္းဂႏၴဝင္ဇာဗီကို

ကမ္းလွမ္းမႈလုပ္ခဲ့ေၾကာင္း နာမည္ႀကီးေဘာလုံးသတင္းဌာတစ္ခုျဖစ္တဲ့

Goal က ေဖာ္ျပလိုက္ပါတယ္။ ဗယ္လီကာႏိုကို ရႈံးနိမ့္မႈေၾကာင့္ ဘာစီလိုနာဟာ

လာလီဂါအမွတ္ေပးဇယားမွာ အဆင့္ ၉ ေနရာဆင္းခဲ့ရၿပီး သူတို႔ရဲ႕အမွတ္ေပးအဖြင့္

၁၀ ပြဲမွာ ၄ ပြဲသာ အႏိုင္ရခဲ့တာပါ။ ဒါ့အျပင္ ဘာစီလိုနာဟာ အခုရာသီခ်န္ပီယံလိဂ္မွာလည္း

႐ုန္းကန္ေနရတာေၾကာင့္ ကိုးမန္းအေနနဲ႔ ႏူးကမ့္မွာ တစ္ရာသီေက်ာ္သာ ကိုင္တြယ္ခြင့္ရခဲ့တာပါ။

ဘာစီလိုနာက ဆက္သြယ္ကမ္းလွမ္းထားတဲ့ သူတို႔ရဲ႕ကစားသမားေဟာင္းဇာဗီဟာ

လက္ရွိကိုင္တြယ္ေနတဲ့ ကာတာကလပ္အယ္လ္ဆတ္မွာ ေအာင္ျမင္ေနသူ ျဖစ္ပါတယ္။

ဇာဗီဟာ အယ္လ္ဆတ္အသင္းကို ၂ ႏွစ္အတြင္းမွာ ဆုဖလားေပါင္း ၇ ခု

ရယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဇာဗီအေနနဲ႔ အဲဒီကာတာကလပ္နဲ႔စာခ်ဳပ္ထဲမွာ

ထြက္ခြာလို႔ရမယ့္အခ်က္ကို ထည့္သြင္းထားပါတယ္။

ဒါေပမဲ့ သူကိုယ္တိုင္က ဘာစီလိုနာကို ေျပာင္းခ်င္ေနတယ္လို႔ နားလည္ရၿပီး

အဲဒီကာတာလန္ကလပ္ကလည္း ၄၁ ႏွစ္အ႐ြယ္ ဇာဗီကို ေခၚယူႏိုင္ဖို႔

လိုအပ္တဲ့ေငြေၾကးပမာဏကို ျပင္ဆင္ထားပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာဟာ လြန္ခဲ့တဲ့ရက္သတၱပတ္မ်ားစြာထဲက

ရာသီတာထြက္ေႏွးခဲ့တဲ့ကိုးမန္းအေပၚမွာ ယုံၾကည္မႈ ေပ်ာက္ဆုံးေနတာပါ။

အယ္ကလက္စီကိုရႈံးပြဲအၿပီး ဗယ္လီကာႏိုကို ထပ္ရႈံးခဲ့ၿပီးေနာက္မွာေတာ့

လာေပၚတာဟာ အခ်ိန္ဆြဲမေနေတာ့ဘဲ နည္းျပအေျပာင္းအလဲလုပ္ခဲ့တာပါ။