ဘာစီလိုနာနည်းပြရာထူးမှ ကိုးမန်းကို ထုတ်ပယ်လိုက်ရပြီဖြစ်

ရော်နယ်ကိုးမန်းဟာရာသီအစရလဒ်ဆိုးရွားမှုကြောင့်ဘာစီလိုနာနည်းပြရာထူးမှ

ထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ဒတ်ချ်လူမျိုးနည်းပြဟာရာယိုဗယ်လီကာနိုကို

ရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ထုတ်ပယ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။

ကိုးမန်းထွက်ခွာသွားချိန်တွင်ဘာစီလိုနာမှာလာလီဂါအမှတ်ပေးဇယား

အဆင့်၉နေရာတွင်ရပ်တည်နေပြီးချန်ပီယံလိဂ်တွင်လည်းအုပ်စုအဆင့်မှ

ထွက်ခွာရနိုင်တဲ့အခြေအနေမျိုးမှာရှိနေပါတယ်။

ဘာစီလိုနာဟာအယ်ကလက်စီကိုတွင်ရီးရဲလ်မက်ဒရစ်ကိုနူးကမ့်မှာရှုံးနိမ့်ပြီးနောက်

ဗယ်လီကာနိုကိုလည်း၁၉နှစ်အတွင်းပထမဆုံးအကြိမ်ရှုံးနိမ့်မှုနဲ့အတူ ကိုးမန်းကို

ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ကိုးမန်းဟာ၂၀၂၀ခုနှစ်၊

ဩဂုတ်လတုန်းကနယ်သာလန်နည်းပြရာထူးမှနုတ်ထွက်ကာဘာစီလိုနာ

နည်းပြရာထူးကိုရယူခဲ့သူဖြစ်ပါတယ်။သူဟာဘာစီလိုနာကိုကိုင်တွယ်တဲ့

၁၄လအတွင်းတွင်ကိုပါဒယ်ရေးဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင် ဘာစီလိုနာနည်းပြသစ်ဖြစ်လာရန်ဂန္ထဝင်ကစားသမားဟောင်း

ဇာဗီးကထိပ်ဆုံးမှရေပန်းစားနေပါတယ်။ဘာစီလိုနာနည်းပြအတွက်

နောက်ထပ်ရေပန်းစားသူကဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်ဖြစ်ပါတယ်။

zawgyi

ဘာစီလိုနာနည္းျပရာထူးမွ ကိုးမန္းကို ထုတ္ပယ္လိုက္ရၿပီျဖစ္

ေရာ္နယ္ကိုးမန္းဟာရာသီအစရလဒ္ဆိုး႐ြားမႈေၾကာင့္ဘာစီလိုနာနည္းျပရာထူးမွ

ထုတ္ပယ္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။ဒတ္ခ်္လူမ်ိဳးနည္းျပဟာရာယိုဗယ္လီကာႏိုကို

ရႈံးနိမ့္ၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ထုတ္ပယ္ျခင္းခံလိုက္ရတာျဖစ္ပါတယ္။

ကိုးမန္းထြက္ခြာသြားခ်ိန္တြင္ဘာစီလိုနာမွာလာလီဂါအမွတ္ေပးဇယား

အဆင့္၉ေနရာတြင္ရပ္တည္ေနၿပီးခ်န္ပီယံလိဂ္တြင္လည္းအုပ္စုအဆင့္မွ

ထြက္ခြာရႏိုင္တဲ့အေျခအေနမ်ိဳးမွာရွိေနပါတယ္။

ဘာစီလိုနာဟာအယ္ကလက္စီကိုတြင္ရီးရဲလ္မက္ဒရစ္ကိုႏူးကမ့္မွာရႈံးနိမ့္ၿပီးေနာက္

ဗယ္လီကာႏိုကိုလည္း၁၉ႏွစ္အတြင္းပထမဆုံးအႀကိမ္ရႈံးနိမ့္မႈနဲ႔အတူ ကိုးမန္းကို

ထုတ္ပယ္ရန္ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ကိုးမန္းဟာ၂၀၂၀ခုႏွစ္၊

ဩဂုတ္လတုန္းကနယ္သာလန္နည္းျပရာထူးမွႏုတ္ထြက္ကာဘာစီလိုနာ

နည္းျပရာထူးကိုရယူခဲ့သူျဖစ္ပါတယ္။သူဟာဘာစီလိုနာကိုကိုင္တြယ္တဲ့

၁၄လအတြင္းတြင္ကိုပါဒယ္ေရးဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။လက္ရွိအခ်ိန္တြင္

ဘာစီလိုနာနည္းျပသစ္ျဖစ္လာရန္ဂႏၴဝင္ကစားသမားေဟာင္း

ဇာဗီးကထိပ္ဆုံးမွေရပန္းစားေနပါတယ္။ဘာစီလိုနာနည္းျပအတြက္

ေနာက္ထပ္ေရပန္းစားသူကဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္ျဖစ္ပါတယ္။