ဘာစီလိုနာတိုက်စစ်ကို ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့ရင် ကလပ်မှာ ၂၄ နှစ်ကြာရပ်တည်ခဲ့တဲ့စံချိန်တစ်ခုနဲ့တန်းညှိနိုင်မယ့် ဒီဂီယာ

ယူနိုက်တက်ဂိုးသမား ဒီဂီယာအနေနဲ့ နူးကမ့်မှာကစားမယ့် ဘာစီလိုနာနဲ့

ယူရိုပါလိဂ်ပွဲစဉ်မှာ clean sheet ရအောင်စွမ်းဆောင်နိုင်မယ်ဆိုရင်တော့

ကလပ်အသင်းမှာ ၂၄ နှစ်ကြာတည်မြဲနေတဲ့စံချိန်တစ်ခုနဲ့ထပ်တူကျလိမ့်မယ်လို့

sportbible ကဖော်ပြခဲ့ပါတယ်။ သရဲနီတွေအနေနဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း

ဘာစီလိုနာနဲ့တွေ့ဆုံမှုတွေမှာ တစ်ကြိမ်မှအနိုင်မရခဲ့တဲ့မှတ်တမ်းဆိုးရှိနေတာဖြစ်တယ်။

လွန်ခဲ့တဲ့ ၁၅နှစ်မှာ ချန်ပီယံလိဂ်ဆုဖလားကိုပိုင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ

ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ကျင့်သားရနေပြီဖြစ်သလို နောက်ဆုံး ၁၂ရာသီအတွင်း

ယူရိုပါလိဂ်မှာ ၆ရာသီအထိကျင်လည်ခဲ့ရတာပါ။ လက်ရှိတွေ့ဆုံနေတဲ့နှစ်သင်းဟာ

တစ်ချိန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲပြိုင်ဘက်တွေဖြစ်ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ

အကျဘက်ကိုဦးတည်သွားခဲ့တာဖြစ်တယ်။ နူးကမ့်ကွင်းတွေ့ဆုံမှုမှာ

ဒီဂီယာပွဲထွက်ခွင့်ရမယ်ဆိုရင်တော့ စပိန်သားဟာ ၂၄ နှစ်ကြာရပ်တည်ခဲ့တဲ့

စံချိန်တစ်ခုနဲ့ထပ်တူကျဖို့ရှိပြီး သမိုင်းကြောင်းသစ်တစ်ခုကိုဖန်တီးနိုင်မှာပါ။

ဂိုးသမားကြီးပီတာရှမိုက်ကယ်ရဲ့ နှစ်ရှည်လများ clean sheets မှတ်တမ်းဟာ

အခုအချိန်မှာတော့ ဒီဂီယာလက်ထဲကိုရောက်လာတော့မှာဖြစ်တယ်။

ဒိန်းမတ်ဂန္တဝင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာရှိခဲ့စဉ်အတွင်း clean sheets ပွဲစဉ် ၁၈၀ အထိ

ရအောင်စွမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ကလပ်ကထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဒီဂီယာကတော့ ယူနိုက်တက်ကစားသမားဘ၀ ၁၂ နှစ်တာမှာ ၅၁၉ ပွဲကစားထားပြီး

ရှမိုက်ကယ်စံချိန်ကိုမီဖို့အတွက် တစ်ပွဲသာစွမ်းဆောင်ဖို့လိုအပ်တော့တာဖြစ်တယ်။

အချို့သောအချက်အလက်မှတ်တမ်းတွေမှာတော့ ဒီဂီယာဟာ ဒီစံချိန်နဲ့

ထပ်တူကျပြီးသွားခဲ့ပြီလို့ဖော်ပြနေကြပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း အာဆင်နယ်ကို

၁-၀ နဲ့အနိုင်ရတဲ့ပွဲစဉ်မှာ ဒီဂီယာက ပွဲချိန် ၆၄ မိနစ်မှာဒဏ်ရာရခဲ့ပြီး ဗစ်တာဗဲလ်ဒက်စ်နဲ့

လူစားလဲထိုးခဲ့ရတဲ့ပွဲစဉ်ကရှုပ်ထွေးမှုတွေဖြစ်ပေါ်စေခဲ့တာပါ။

ဘောလုံးသမားတွေနဲ့ပက်သတ်လို့ စာရင်းအင်းပိုင်းဆိုင်ရာကျွမ်းကျင်တဲ့

Opta ကတော့ အဲ့ဒီပွဲစဉ်ကိုစာရင်းမသွင်းခဲ့ပါဘူး။ ဂိုးသမားတစ်ယောက်ဟာ

တရားဝင်မှတ်တမ်းတွေမှာ clean sheet တောင်းဆိုဖို့အတွက် ပွဲတစ်ပွဲကို

အဆုံးသတ်တဲ့အထိကစားရမှာဖြစ်တယ်လို့ဆိုထားပါတယ်။

zawgyi

ဘာစီလိုနာတိုက္စစ္ကို ဂိုးမေပးရေအာင္ ကာကြယ္ႏိုင္ခဲ့ရင္ ကလပ္မွာ ၂၄ႏွစ္ၾကာရပ္တည္ခဲ့တဲ့စံခ်ိန္တစ္ခုနဲ႔တန္းညႇိႏိုင္မယ့္ ဒီဂီယာ

ယူႏိုက္တက္ဂိုးသမား ဒီဂီယာအေနနဲ႔ ႏူးကမ့္မွာကစားမယ့္ ဘာစီလိုနာနဲ႔

ယူ႐ိုပါလိဂ္ပြဲစဥ္မွာ clean sheet ရေအာင္စြမ္းေဆာင္ႏိုင္မယ္ဆိုရင္ေတာ့

ကလပ္အသင္းမွာ ၂၄ ႏွစ္ၾကာတည္ၿမဲေနတဲ့စံခ်ိန္တစ္ခုနဲ႔ထပ္တူက်လိမ့္မယ္လို႔

sportbible ကေဖာ္ျပခဲ့ပါတယ္။ သရဲနီေတြအေနနဲ႔ ၂၀၀၈ ခုႏွစ္ေနာက္ပိုင္း

ဘာစီလိုနာနဲ႔ေတြ႕ဆုံမႈေတြမွာ တစ္ႀကိမ္မွအႏိုင္မရခဲ့တဲ့မွတ္တမ္းဆိုးရွိေနတာျဖစ္တယ္။

လြန္ခဲ့တဲ့ ၁၅ႏွစ္မွာ ခ်န္ပီယံလိဂ္ဆုဖလားကိုပိုင္ဆိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ

ယူ႐ိုပါလိဂ္ၿပိဳင္ပြဲနဲ႔က်င့္သားရေနၿပီျဖစ္သလို ေနာက္ဆုံး ၁၂ရာသီအတြင္း

ယူ႐ိုပါလိဂ္မွာ ၆ရာသီအထိက်င္လည္ခဲ့ရတာပါ။ လက္ရွိေတြ႕ဆုံေနတဲ့ႏွစ္သင္းဟာ

တစ္ခ်ိန္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲၿပိဳင္ဘက္ေတြျဖစ္ေပမဲ့ ေနာက္ပိုင္းႏွစ္ေတြမွာ

အက်ဘက္ကိုဦးတည္သြားခဲ့တာျဖစ္တယ္။ ႏူးကမ့္ကြင္းေတြ႕ဆုံမႈမွာ

ဒီဂီယာပြဲထြက္ခြင့္ရမယ္ဆိုရင္ေတာ့ စပိန္သားဟာ ၂၄ ႏွစ္ၾကာရပ္တည္ခဲ့တဲ့

စံခ်ိန္တစ္ခုနဲ႔ထပ္တူက်ဖို႔ရွိၿပီး သမိုင္းေၾကာင္းသစ္တစ္ခုကိုဖန္တီးႏိုင္မွာပါ။

ဂိုးသမားႀကီးပီတာရွမိုက္ကယ္ရဲ႕ ႏွစ္ရွည္လမ်ား clean sheets မွတ္တမ္းဟာ

အခုအခ်ိန္မွာေတာ့ ဒီဂီယာလက္ထဲကိုေရာက္လာေတာ့မွာျဖစ္တယ္။

ဒိန္းမတ္ဂႏၲဝင္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာရွိခဲ့စဥ္အတြင္း clean sheets ပြဲစဥ္ ၁၈၀ အထိ

ရေအာင္စြမ္းေဆာင္ခဲ့ၿပီး ၁၉၉၉ ခုႏွစ္မွာ ကလပ္ကထြက္ခြာခဲ့တာျဖစ္ပါတယ္။

ဒီဂီယာကေတာ့ ယူႏိုက္တက္ကစားသမားဘ၀ ၁၂ ႏွစ္တာမွာ ၅၁၉ ပြဲကစားထားၿပီး

ရွမိုက္ကယ္စံခ်ိန္ကိုမီဖို႔အတြက္ တစ္ပြဲသာစြမ္းေဆာင္ဖို႔လိုအပ္ေတာ့တာျဖစ္တယ္။

အခ်ိဳ႕ေသာအခ်က္အလက္မွတ္တမ္းေတြမွာေတာ့ ဒီဂီယာဟာ ဒီစံခ်ိန္နဲ႔

ထပ္တူက်ၿပီးသြားခဲ့ၿပီလို႔ေဖာ္ျပေနၾကပါတယ္။ ၂၀၁၅ ခုႏွစ္အတြင္း အာဆင္နယ္ကို

၁-၀ နဲ႔အႏိုင္ရတဲ့ပြဲစဥ္မွာ ဒီဂီယာက ပြဲခ်ိန္ ၆၄ မိနစ္မွာဒဏ္ရာရခဲ့ၿပီး ဗစ္တာဗဲလ္ဒက္စ္နဲ႔

လူစားလဲထိုးခဲ့ရတဲ့ပြဲစဥ္ကရႈပ္ေထြးမႈေတြျဖစ္ေပၚေစခဲ့တာပါ။

ေဘာလုံးသမားေတြနဲ႔ပက္သတ္လို႔ စာရင္းအင္းပိုင္းဆိုင္ရာကြၽမ္းက်င္တဲ့

Opta ကေတာ့ အဲ့ဒီပြဲစဥ္ကိုစာရင္းမသြင္းခဲ့ပါဘူး။ ဂိုးသမားတစ္ေယာက္ဟာ

တရားဝင္မွတ္တမ္းေတြမွာ clean sheet ေတာင္းဆိုဖို႔အတြက္ ပြဲတစ္ပြဲကို

အဆုံးသတ္တဲ့အထိကစားရမွာျဖစ္တယ္လို႔ဆိုထားပါတယ္။