ဘာစီလိုနာတာဝန်ရှိသူတစ်ဦးရဲ့ဖုန်းခေါ်ဆိုမှုကိုငြင်းဆန်ခဲ့ပြီး အသင်းဟောင်းကို အဆက်အသွယ်ဖြတ်ထားတဲ့ မက်ဆီ

စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရတော့ မက်ဆီဟာ ဘာစီလိုနာဥက္ကဌလာပေါ်တာနဲ့နီးစပ်တဲ့ ညှိနှိုင်းရေးမှုတစ်ဦးရဲ့ ဖုန်းခေါ်ဆိုမှုကို

ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာပြီးခဲ့တဲ့နွေစျေးကွက်မှာ ကစားသမားသစ် ၅ဦးအတွက် ပေါင်သန်း ၂၀၀ အထိသုံးစွဲခဲ့ပေမဲ့

ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်မကျော်နိုင်ခဲ့သလို ဥရောပမှာအရှိန်အဝါ ကျဆင်းလာမှုကြောင့် ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့စာချုပ်ပြည့်မယ့် မက်ဆီကိုနူးကမ့်ပြန်လာဖို့ဆွဲဆောင်နေပါတယ်။

စပိန်ကလပ်ဘက်က GOAT ဖြစ်တဲ့ မက်ဆီကိုပြန်ခေါ်ရေးကိစ္စရပ်တွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေပေမဲ့ ကစားသမားဘက်ကတော့ လက်ရှိအခြေအနေမှာ

အကြောင်းပြန်ချင်စိတ်မရှိပုံရပါတယ်။ အာဂျင်တိုင်းသားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာအနာဂါတ်အတွက်ဆုံးဖြတ်ချက်ချဖွယ်ရှိနေပြီး နူးကမ့်ပြန်ဖို့ထက်

အမေရိကကိုပြောင်းရွှေ့ဖို့ပိုပြီးစိတ်အားထက်သန်နေပါတယ်။ ပီအက်စ်ဂျီနဲ့စာချုပ်သစ်အဆင်မပြေဖြစ်ခဲ့ရင်တော့ မက်ဆီဟာ ဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကိုပြောင်း ရွှေ့ဖို့ရှိနေတယ်လို့ သတင်းထွက်ထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန်မှာတော့

မက်ဆီအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်ပါဝင်ကစား နိုင်ဖို့ကိုသာပစ်မှတ်ထားနေပြီး ဘာစီလိုနာဘက်က ဆက်သွယ်မှုတွေကို လျစ်လျူရှု ထားတာဖြစ်တယ်။

(Zawgyi)

ဘာစီလိုနာတာဝန္ရွိသူတစ္ဦးရဲ႕ဖုန္းေခၚဆိုမႈကိုျငင္းဆန္ခဲ့ၿပီး အသင္းေဟာင္းကို အဆက္အသြယ္ျဖတ္ထားတဲ့ မက္ဆီ

စပိန္သတင္းစာ Sport ရဲ႕ေဖာ္ျပခ်က္အရေတာ့ မက္ဆီဟာ ဘာစီလိုနာဥကၠဌလာေပၚတာနဲ႔နီးစပ္တဲ့ ညႇိႏႈိင္းေရးမႈတစ္ဦးရဲ႕ ဖုန္းေခၚဆိုမႈကို ျငင္းဆိုခဲ့တယ္လို႔

သိရပါတယ္။ ဘာစီလိုနာအသင္းဟာၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ ကစားသမားသစ္ ၅ဦးအတြက္ ေပါင္သန္း ၂၀၀ အထိသုံးစြဲခဲ့ေပမဲ့ ခ်န္ပီယံလိဂ္မွာ အုပ္စုအဆင့္မေက်ာ္ႏိုင္ခဲ့သလို

ဥေရာပမွာအရွိန္အဝါက်ဆင္းလာမႈေၾကာင့္ ရာသီကုန္မွာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္ျပည့္မယ့္ မက္ဆီကိုႏူးကမ့္ျပန္လာဖို႔ဆြဲေဆာင္ေန ပါတယ္။

စပိန္ကလပ္ဘက္က GOAT ျဖစ္တဲ့ မက္ဆီကိုျပန္ေခၚေရးကိစၥရပ္ေတြကို ပြင့္လင္းျမင္သာစြာေဆာင္႐ြက္ေနေပမဲ့ ကစားသမားဘက္ကေတာ့ လက္ရွိအေျခအေနမွာ

အေၾကာင္းျပန္ခ်င္စိတ္မရွိပုံရပါတယ္။ အာဂ်င္တိုင္းသားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွသာအနာဂါတ္အတြက္ဆုံးျဖတ္ခ်က္ခ်ဖြယ္ရွိေနၿပီး ႏူးကမ့္ျပန္ဖို႔ထက္

အေမရိကကိုေျပာင္းေ႐ႊ႕ဖို႔ပိုၿပီးစိတ္အားထက္သန္ေနပါတယ္။ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သစ္အဆင္မေျပျဖစ္ခဲ့ရင္ေတာ့ မက္ဆီဟာ ေဒးဗစ္ဘက္ဟမ္းပိုင္ဆိုင္တဲ့ ေမဂ်ာလိဂ္ကလပ္

အင္တာမိုင္ယာမီအသင္းကိုေျပာင္း ေ႐ႊ႕ဖို႔ရွိေနတယ္လို႔ သတင္းထြက္ထားပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲနီးကပ္လာခ်ိန္မွာ ေတာ့

မက္ဆီအေနနဲ႔ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ႀကံ့ခိုင္မႈအျပည့္ပါဝင္ကစား ႏိုင္ဖို႔ကိုသာပစ္မွတ္ထားေနၿပီး ဘာစီလိုနာဘက္ကဆက္သြယ္မႈေတြကို လ်စ္လ်ဴရႈ ထားတာျဖစ္တယ္။