ဘာစီလိုနာကြယ်ပွင့် ဒီဂျောင်ကို ယူရိုသန်း ၈၀နဲ့ ခေါ်ယူဖို့ ယူနိုက်တက် အလွန်နီးစပ်နေပြီဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ

ဘာစီလိုနာကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို
ယူရိုသန်း ၈၀နဲ့ ခေါ်ယူဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။
ယူနိုက်တက်အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူမယ့်
လက်ရှိအေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟတ်က
ဒီဂျောင်ကို ထိပ်တန်းပစ်မှတ်အဖြစ် ခေါ်ယူလိုနေပြီး

သူ့ရဲ့ရီဗော်လူးရှင်းမှာ ဒီဂျောင်ကို အဓိကနေရာကနေထားဖို့ ပြင်ဆင်နေပါတယ်။
ဒီဂျောင်ဟာ တန်ဟတ်ရဲ့လက်အောက်မှာ ကစားခဲ့ဖူးပြီး
၂၀၁၈-၁၉ ရာသီက ရီးရဲလ်နဲ့ ဂျူဗင်တပ်စ်တို့ကို
ကျော်ဖြတ်ကာ အေဂျက်စ်အသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်
တက်ရောက်နိုင်ခဲ့ရာမှာ အဓိကနေရာကနေ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

နာမည်ကျော် ဂျာနယ်လစ် ဂျရတ်ရိုမီရိုရဲ့ သတင်းပေးပို့ချက်အရ
တန်ဟတ်နဲ့ ဒီဂျောင်တို့ဟာ ယူနိုက်တက်မှာ ပြန်လည်
လက်တွဲဖို့ များနေပြီး ဘာစီလိုနာအသင်း ဘဏ္ဍာရေး
အားနည်းနေမှုကြောင့် အဲဒီအပြောင်းအရွှေ့က
၉၅% ပြည့်စုံနေပြီလို့ အတည်ပြုနိုင်ကြောင်း သိရပါတယ်။

နောက်ထပ် အံ့အားသင့်စရာကောင်းတဲ့သတင်းကတော့
ဘာစီလိုနာဟာ ဒီဂျောင်ရဲ့အပြောင်းအရွှေ့မှာ ကစားသမား
အလိုက်ပေးဖို့ ကမ်းလှမ်းဖွယ်ရှိနေပြီး အသင်းခေါင်းဆောင်
မက်ဂွိုင်းယား၊ ဘယ်နောက်ခံလူ တယ်လက်စ်နဲ့ တိုက်စစ်မှူး
မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ထဲက တစ်ဦးဦးကို လိုချင်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ လက်ရှိအနေအထားအရတော့ ဒီဂျောင်ရဲ့
အပြောင်းအရွှေ့မှာ ငွေသားပဲ ပေးချေဖွယ်ရှိနေပါတယ်။
ဒီဂျောင်ဟာ ၂၀၁၉ နွေရာသီမှာ အေဂျက်စ်ကနေ
ဘာစီလိုနာကို ယူရို ၇၅သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပြီး
အသင်းအတွက် စုစုပေါင်း ၁၃၉ ပွဲ ကစားပေးထားပါတယ်။

Zawgyi

ဘာစီလုိနာၾကယ္ပြင့္ ဒီေဂ်ာင္ကို ယူရိုသန္း ၈၀နဲ႔ ေခၚယူဖို႔ ယူႏုိက္တက္ အလြန္နီးစပ္ေနၿပီဟုဆုိ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူနုိက္တက္အသင္းဟာ

ဘာစီလုိနာၾကယ္ပြင့္ ဖရန္ကီဒီေဂ်ာင္ကို
ယူရိုသန္း ၈၀နဲ႔ ေခၚယူဖို႔ အလြန္နီးစပ္ေနၿပီလုိ႔ သိရပါတယ္။
ယူႏုိက္တက္အသင္းရဲ႕အၿမဲတမ္းနည္းျပအျဖစ္ တာ၀န္ယူမယ့္
လက္ရွိေအဂ်က္စ္အသင္းနည္းျပ အဲရစ္တန္ဟတ္က
ဒီေဂ်ာင္ကို ထိပ္တန္းပစ္မွတ္အျဖစ္ ေခၚယူလုိေနၿပီး

သူ႕ရဲ႕ရီေဗာ္လူးရွင္းမွာ ဒီေဂ်ာင္ကို အဓိကေနရာကေနထားဖို႔ ျပင္ဆင္ေနပါတယ္။
ဒီေဂ်ာင္ဟာ တန္ဟတ္ရဲ႕လက္ေအာက္မွာ ကစားခဲ့ဖူးၿပီး
၂၀၁၈-၁၉ ရာသီက ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္စ္တုိ႔ကို
ေက်ာ္ျဖတ္ကာ ေအဂ်က္စ္အသင္း ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္
တက္ေရာက္ႏုိင္ခဲ့ရာမွာ အဓိကေနရာကေန ေျခစြမ္းျပနိုင္ခဲ့ပါတယ္။

နာမည္ေက်ာ္ ဂ်ာနယ္လစ္ ဂ်ရတ္ရိုမီရိုရဲ႕ သတင္းေပးပို႔ခ်က္အရ
တန္ဟတ္နဲ႔ ဒီေဂ်ာင္တုိ႔ဟာ ယူနုိက္တက္မွာ ျပန္လည္
လက္တြဲဖို႔ မ်ားေနၿပီး ဘာစီလုိနာအသင္း ဘ႑ာေရး
အားနည္းေနမႈေၾကာင့္ အဲဒီအေျပာင္းအေရႊ႕က
၉၅% ျပည့္စုံေနၿပီလုိ႔ အတည္ျပဳႏုိင္ေၾကာင္း သိရပါတယ္။

ေနာက္ထပ္ အံ့အားသင့္စရာေကာင္းတဲ့သတင္းကေတာ့
ဘာစီလုိနာဟာ ဒီေဂ်ာင္ရဲ႕အေျပာင္းအေရႊ႕မွာ ကစားသမား
အလုိက္ေပးဖို႔ ကမ္းလွမ္းဖြယ္ရွိေနၿပီး အသင္းေခါင္းေဆာင္
မက္ဂြိဳင္းယား၊ ဘယ္ေနာက္ခံလူ တယ္လက္စ္နဲ႔ တိုက္စစ္မွဴး
မားကပ္စ္ရက္ရွ္ဖို႔ဒ္တို႔ထဲက တစ္ဦးဦးကို လိုခ်င္ေနတယ္လုိ႔ သိရပါတယ္။

ဒါေပမဲ့ လက္ရွိအေနအထားအရေတာ့ ဒီေဂ်ာင္ရဲ႕
အေျပာင္းအေရႊ႕မွာ ေငြသားပဲ ေပးေခ်ဖြယ္ရွိေနပါတယ္။
ဒီေဂ်ာင္ဟာ ၂၀၁၉ ေႏြရာသီမွာ ေအဂ်က္စ္ကေန
ဘာစီလုိနာကို ယူရို ၇၅သန္းနဲ႔ ေရာက္လာခဲ့သူျဖစ္ၿပီး
အသင္းအတြက္ စုစုေပါင္း ၁၃၉ ပြဲ ကစားေပးထားပါတယ္။