ဘာက ပြဿနာဖြစ်နေလဲ ရက်ရှ်ဖို့ဒ်

အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ ယူနိုက်တက်အသင်းနဲ့

ဝုဗ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ ဧည့်သည်ဝုဗ်အသင်းက

ဝါရင့်ကွင်းလယ်ကစားသမားကြီး မော်တင်ဟိုရဲ့

တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာအဲ ဒီပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက်

ရော်နယ်ဒို ဆန်ချို ဂရင်းဝုဒ်တို့ကို အသုံးပြုလာခဲ့ပြီး မားကပ်ရက်ရှ်ဖိုဒ့်ကိုတော့

ဒုတိယပိုင်းမှသာ လူစားဝင် ကစားသမားအဖြစ်နဲ့ အသုံးပြုသွားခဲ့ပါတယ်။

ရက်ရှ်ဖိုဒ့် ဝင်ရောက်လာချိန်မှာ အသင်းအတွက် အကျိုးသက်ရောက်မှု

တစ်ခုခုကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့်

ရက်ရှ်ဖိုဒ့်ကိုယ်တိုင်လည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို

သူ့ရဲ့ Body Language ကလည်း ယူနိုက်တက် ပရိသတ်တွေ မမြင်ချင်တဲ့

ပုံစံမျိုး ဖြစ်နေတာဟာ ပြဿနာတစ်ခုလိုပဲလို့ ယူနိုက်တက်

ကစားသမားဟောင်း ရီယိုဖာဒီနန်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

“Body Language က ပြဿနာတစ်ခု ဖြစ်နေရတယ်။ ရက်ရှ်ဖို့ဒ် အရံခုံကနေ

ဝင်လာချိန် တစ်ခုခု လုပ်ပြလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။

တစ်ခါတလေမှာ သူက ဘောလုံးဆုံးရှုံးမှုတွေရှိပါတယ်။

အဲဒီအခါဖြစ်ပေါ်လာတဲ့သူ့ရဲ့ တုန့်ပြန်မှုက ခင်ဗျားတို့မြင်ချင်တဲ့ပုံစံ မဟုတ်ပါဘူး။”

“ ဒါက ကစားခွင့်မရလို့ မ‌ပျော်ရွှင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒီလိုကိစ္စတွေကို တခြားဖက်မှာပဲ ထားခဲ့ရမှာပါ။

သူက သူနဲ့ထိုက်တန်တဲ့ အခွင့်အရေးမရဘူးလို့ ခံစားနေရတာလည်း

ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း မသိနိုင်ပါဘူး ။”

“ ကစားသမားတစ်ဦးတည်းကိုပဲ ထောက်ပြဝေဖန်ဖို့ ခက်ပါတယ်။

ခရစ္စတီယာနိုကစလို့ အခြားကစားသမားအားလုံး

တာဝန်ယူဖို့ လိုပါတယ်”လို့ ဖာဒီနန်က ပြောပါတယ်။

zawgyi

ဘာက ျပႆနာျဖစ္ေနလဲ ရက္ရွ္ဖို႔ဒ္

အိုးထရက္ဖိုဒ့္ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားခဲ့ၾကတဲ့ ယူႏိုက္တက္အသင္းနဲ႔

ဝုဗ္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္အတြင္းမွာ ဧည့္သည္ဝုဗ္အသင္းက

ဝါရင့္ကြင္းလယ္ကစားသမားႀကီး ေမာ္တင္ဟိုရဲ႕

တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔အႏိုင္ရသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာအဲ ဒီပြဲစဥ္မွာ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္

ေရာ္နယ္ဒို ဆန္ခ်ိဳ ဂရင္းဝုဒ္တို႔ကို အသုံးျပဳလာခဲ့ၿပီး မားကပ္ရက္ရွ္ဖိုဒ့္ကိုေတာ့

ဒုတိယပိုင္းမွသာ လူစားဝင္ ကစားသမားအျဖစ္နဲ႔ အသုံးျပဳသြားခဲ့ပါတယ္။

ရက္ရွ္ဖိုဒ့္ ဝင္ေရာက္လာခ်ိန္မွာ အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ

တစ္ခုခုကို လုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ရေပမယ့္

ရက္ရွ္ဖိုဒ့္ကိုယ္တိုင္လည္း ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရသလို

သူ႔ရဲ႕ Body Language ကလည္း ယူႏိုက္တက္ ပရိသတ္ေတြ မျမင္ခ်င္တဲ့

ပုံစံမ်ိဳး ျဖစ္ေနတာဟာ ျပႆနာတစ္ခုလိုပဲလို႔ ယူႏိုက္တက္

ကစားသမားေဟာင္း ရီယိုဖာဒီနန္က မွတ္ခ်က္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။

“Body Language က ျပႆနာတစ္ခု ျဖစ္ေနရတယ္။ ရက္ရွ္ဖို႔ဒ္ အရံခုံကေန

ဝင္လာခ်ိန္ တစ္ခုခု လုပ္ျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ပါတယ္။

တစ္ခါတေလမွာ သူက ေဘာလုံးဆုံးရႈံးမႈေတြရွိပါတယ္။

အဲဒီအခါျဖစ္ေပၚလာတဲ့သူ႔ရဲ႕ တုန႔္ျပန္မႈက ခင္ဗ်ားတို႔ျမင္ခ်င္တဲ့ပုံစံ မဟုတ္ပါဘူး။”

“ ဒါက ကစားခြင့္မရလို႔ မ‌ေပ်ာ္႐ႊင္တာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ ဒီလိုကိစၥေတြကို တျခားဖက္မွာပဲ ထားခဲ့ရမွာပါ။

သူက သူနဲ႔ထိုက္တန္တဲ့ အခြင့္အေရးမရဘူးလို႔ ခံစားေနရတာလည္း

ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္လည္း မသိႏိုင္ပါဘူး ။”

“ ကစားသမားတစ္ဦးတည္းကိုပဲ ေထာက္ျပေဝဖန္ဖို႔ ခက္ပါတယ္။

ခရစၥတီယာႏိုကစလို႔ အျခားကစားသမားအားလုံး

တာဝန္ယူဖို႔ လိုပါတယ္”လို႔ ဖာဒီနန္က ေျပာပါတယ္။