
ကနဦးအစီအစဉ်အရ ထရာအိုရေးဟာ ဒီတစ်ပတ်ထဲမှာ
စပါးကိုပြောင်းရွှေ့ဖို့ဖြစ်ပေမဲ့ အန်တိုနီယိုကွန်တီလက်အောက်မှာ
ဝင်းဘက်အဖြစ်ကစားရမယ့်အိုင်ဒီယာကို မနှစ်သက်လက်မခံနိုင်ခဲ့ပါဘူး။
အခုတော့ သူ့ရဲ့နောက်ခြေလှမ်းဖြစ်တဲ့ ဘာကာတို့နဲ့
ဆွေးနွေးပြောဆိုမှုတွေက ပြီးစီးခဲ့ပြီဖြစ်ပါတယ်။
ဘာကာတို့က ရာသီကုန်အထိအငှားနဲ့ခေါ်ယူမှာဖြစ်ပြီး
အငှားကုန်ရင် ပေါင်သန်း ၃၀ + ဘောနပ်စ်နဲ့ မဖြစ်မနေမဟုတ်တဲ့
ဝယ်ယူဖို့ရွေးချယ်ခွင့် ပါဝင်ပါတယ်။
အငှားကာလအတွင်း ကစားသမားရဲ့လစာကို
ဘာကာတို့ကတစ်ရာရာခိုင်နှုန်းပေးမှာဖြစ်ပါတယ်။
ထရာအိုရေးဟာ ၂၀၁၅ မှာ ဘာဆီလိုနာကထွက်လာပြီး
အက်စ်တန်ဗီလာကိုရောက်ရှိခဲ့ပါတယ်။ ၂၀၁၈ ဝုဗ်ကိုမပြောင်းခင်ကြား
မစ်ဒယ်ဘရော့မှာလည်း ကစားခဲ့ပါသေးတယ်။
ထရာအိုရေးဟာ ဘာစီလိုနာအသင်းကြီးအတွက် 4-ပွဲကစား၊ 1-ဂိုးသွင်းယူခဲ့ဖူးပါတယ်။
ဝုဗ်အသင်းအတွက် 154-ပွဲကစား၊ 11-ဂိုးသာသွင်းယူထားနိုင်တာကြောင့်
ဂိုးသွင်းကောင်းတဲ့ကစားသမားတော့မဟုတ်ပေမယ့်
သူ့ရဲ့မာကြောတဲ့ကစားဟန်၊ ခန္ဓာကိုယ်နဲ့မလိုက်အောင်
လျင်မြန်တဲ့အတိုးအလှုပ်တွေကြောင့် အခြားကစားသမားတွေကို
နေရာလွတ်တွေအများအပြားရရှိစေတာကတော့ သူ့ရဲ့အားသာချက်ဖြစ်ပါတယ်။
စပါးတို့က သူ့အတွက် ပေါင် ၁၅သန်းနဲ့ ပြီးခဲ့တဲ့အပတ်ထဲမှာ
ပထမအကြိမ်ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် လူအင်အားဖြည့်တင်းဖို့
အသည်းအသန်ဖြစ်နေတဲ့ ကွန်တီအတွက်တော့
ထရာအိုရေးရဲ့ရွေးချယ်မှုက ထိုးနှက်ချက်တစ်ခုဖြစ်မှာပါ။
စပိန်နိုင်ငံသားဖြစ်တဲ့ထရာအိုရေးဟာ ဒီရာသီမှာ
ကလပ်နဲ့နိုင်ငံအသင်းအတွက် ၂၅ ပွဲကစားပြီး
တစ်ဂိုးတည်းသွင်းထားပါသေးတယ်။ ဘာစီလိုနာတို့ကတော့
လာလီဂါအဆင့်လေးထဲဝင်ပြီး နောက်ရာသီချန်ပီယံလိဂ်ကန်ခွင့်ရအောင်
ကြိုးစားရုန်းကန်နေရတာဖြစ်ပါတယ်။
zawgyi
ဘာေၾကာင့္ ဘာစီလိုနာကို ေ႐ြးခ်ယ္လိုက္တာလဲ ထရာအိုေရး
ကနဦးအစီအစဥ္အရ ထရာအိုေရးဟာ ဒီတစ္ပတ္ထဲမွာ
စပါးကိုေျပာင္းေ႐ႊ႕ဖို႔ျဖစ္ေပမဲ့ အန္တိုနီယိုကြန္တီလက္ေအာက္မွာ
ဝင္းဘက္အျဖစ္ကစားရမယ့္အိုင္ဒီယာကို မႏွစ္သက္လက္မခံႏိုင္ခဲ့ပါဘူး။
အခုေတာ့ သူ႔ရဲ႕ေနာက္ေျခလွမ္းျဖစ္တဲ့ ဘာကာတို႔နဲ႔
ေဆြးေႏြးေျပာဆိုမႈေတြက ၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။
ဘာကာတို႔က ရာသီကုန္အထိအငွားနဲ႔ေခၚယူမွာျဖစ္ၿပီး
အငွားကုန္ရင္ ေပါင္သန္း ၃၀ + ေဘာနပ္စ္နဲ႔ မျဖစ္မေနမဟုတ္တဲ့
ဝယ္ယူဖို႔ေ႐ြးခ်ယ္ခြင့္ ပါဝင္ပါတယ္။
အငွားကာလအတြင္း ကစားသမားရဲ႕လစာကို
ဘာကာတို႔ကတစ္ရာရာခိုင္ႏႈန္းေပးမွာျဖစ္ပါတယ္။
ထရာအိုေရးဟာ ၂၀၁၅ မွာ ဘာဆီလိုနာကထြက္လာၿပီး
အက္စ္တန္ဗီလာကိုေရာက္ရွိခဲ့ပါတယ္။ ၂၀၁၈ ဝုဗ္ကိုမေျပာင္းခင္ၾကား
မစ္ဒယ္ဘေရာ့မွာလည္း ကစားခဲ့ပါေသးတယ္။
ထရာအိုေရးဟာ ဘာစီလိုနာအသင္းႀကီးအတြက္ 4-ပြဲကစား၊ 1-ဂိုးသြင္းယူခဲ့ဖူးပါတယ္။
ဝုဗ္အသင္းအတြက္ 154-ပြဲကစား၊ 11-ဂိုးသာသြင္းယူထားႏိုင္တာေၾကာင့္
ဂိုးသြင္းေကာင္းတဲ့ကစားသမားေတာ့မဟုတ္ေပမယ့္
သူ႔ရဲ႕မာေၾကာတဲ့ကစားဟန္၊ ခႏၶာကိုယ္နဲ႔မလိုက္ေအာင္
လ်င္ျမန္တဲ့အတိုးအလႈပ္ေတြေၾကာင့္ အျခားကစားသမားေတြကို
ေနရာလြတ္ေတြအမ်ားအျပားရရွိေစတာကေတာ့ သူ႔ရဲ႕အားသာခ်က္ျဖစ္ပါတယ္။
စပါးတို႔က သူ႔အတြက္ ေပါင္ ၁၅သန္းနဲ႔ ၿပီးခဲ့တဲ့အပတ္ထဲမွာ
ပထမအႀကိမ္ကမ္းလွမ္းခဲ့ၿပီး ပယ္ခ်ခံခဲ့ရပါတယ္။
ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ လူအင္အားျဖည့္တင္းဖို႔
အသည္းအသန္ျဖစ္ေနတဲ့ ကြန္တီအတြက္ေတာ့
ထရာအိုေရးရဲ႕ေ႐ြးခ်ယ္မႈက ထိုးႏွက္ခ်က္တစ္ခုျဖစ္မွာပါ။
စပိန္ႏိုင္ငံသားျဖစ္တဲ့ထရာအိုေရးဟာ ဒီရာသီမွာ
ကလပ္နဲ႔ႏိုင္ငံအသင္းအတြက္ ၂၅ ပြဲကစားၿပီး
တစ္ဂိုးတည္းသြင္းထားပါေသးတယ္။ ဘာစီလိုနာတို႔ကေတာ့
လာလီဂါအဆင့္ေလးထဲဝင္ၿပီး ေနာက္ရာသီခ်န္ပီယံလိဂ္ကန္ခြင့္ရေအာင္
ႀကိဳးစား႐ုန္းကန္ေနရတာျဖစ္ပါတယ္။