
လာမယ့်ဒီဇင်ဘာ ၈ ရက်နေ့ကစားမယ့် သူတို့အသင်းရဲ့ချန်ပီယံလိဂ်အုပ်စု
နောက်ဆုံးပွဲမှာ ဘိုင်ယန်ကို အနိုင်ယူနိုင်မယ်လို့ ဘာစီလိုနာအသင်းဥက္ကဌ
လာပေါ်တာကလည်း အခိုင်အမာယုံကြည်နေပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခွင့်ရှိသေးပေ
မယ့် ဂျာမန်မြေမှာ ဘိုင်ယန်ကို အနိုင်ယူနိုင်ဖို့ လိုပါတယ်။
တစ်ဖက်က ဘင်ဖီကာနဲ့ဒိုင်နမိုကိဗ်ပွဲမှာ ဘယ်လိုရလဒ်ပဲထွက်ထွက် ဘိုင်ယန်ကို
နိုင်တာနဲ့ ဘာစီလိုနာဟာ နောက်တစ်ဆင့်တက်မှာပါ။
ဒါပေမဲ့ ဘိုင်ယန်ဟာ အဲဒီအုပ်စုမှာ ရာနှုန်းပြည့်နိုင်ထားတဲ့အသင်းဖြစ်ပြီး
ပထမအကျော့တုန်းကလည်း အိမ်ကွင်းနူးကမ့်မှာ ၃ ဂိုးပြတ်နဲ့ ဘာစီလိုနာမရှုမလှ
ရှုံးထားတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ ၂၀၂၀ တုန်းကလည်း ဘိုင်ယန်ကို ၈-၂ ဂိုးနဲ့ အရှက်တကွဲ
ရှုံးခဲ့ဖူးကာ အဲဒီအတိတ်ဆိုးက သူတို့အတွက် အခုချိန်ထိ အရိပ်လိုဖြစ်နေခဲ့တာပါ။
ဒါပေမဲ့လည်း အုပ်စုဗိုလ်သေချာသွားတဲ့ဘိုင်ယန်ဟာ အမှတ်မလိုတော့တာကြောင့်
အဲဒီပွဲမှာ အရန်တွေကို ထုတ်သုံးနိုင်ပါတယ်။
”ဘိုင်ယန်ကို အနိုင်ယူဖို့က ကျွန်တော်တို့အောင်မြင်နိုင်တဲ့တစ်စုံတစ်ခုပါ။
အလွန်အံ့အားသင့်ဖွယ်တစ်ခု ဖြစ်တော့မှာပါ။ ကျွန်တော်တို့နိုင်လိမ့်မယ်လို့
အခိုင်အမာယုံကြည်ပါတယ်။ ဇာဗီက အရမ်းကို စိတ်အားထက်သန်၊ စိတ်ဓာတ်
ခိုင်မာတဲ့ နည်းပြပါ။ ကျွန်တော်တို့အတွက် အရာအားလုံးအဆင်ပြေမယ်လို့
မျှော်လင့်ပါတယ်။ လောလောဆယ်တော့ ဇာဗီရောက်လာလို့ ပြိုင်ဘက်တွေက
နည်းနည်းရှိန်သွားမယ်ထင်တယ်။ ကျွန်တော်တို့ထပ်လုပ်ပြနိုင်တယ်ဆိုတာ
သူတို့သိပါတယ်”လို့ လာပေါ်တာက စပိန်သတင်းစာတစ်စောင်ကို ပြောခဲ့တာပါ။
ဘာစီလိုနာနည်းပြဇာဗီကလည်း အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်ကိုအနိုင်ရမယ်လို့
အကောင်းမြင်ထားကြောင်း ဘင်ဖီကာနဲ့သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောထားပါတယ်။
ဘာစီလိုနာဟာ ဘိုင်ယန်နဲ့ပွဲမှာ အနိုင်မရခဲ့ရင် တစ်ဖက်ကပွဲမှာ ဘင်ဖီကာ
အနိုင်မရမှ နောက်တစ်ဆင့်တက်နိုင်မှာပါ။
Zawgyi
ဘာကာဥကၠဌကေတာ့ ဘိုင္ယန္ကို ႏိုင္မယ္ဆိုပဲ
လာမယ့္ဒီဇင္ဘာ ၈ ရက္ေန႔ကစားမယ့္ သူတို႔အသင္းရဲ႕ခ်န္ပီယံလိဂ္အုပ္စု
ေနာက္ဆုံးပြဲမွာ ဘိုင္ယန္ကို အႏိုင္ယူႏိုင္မယ္လို႔ ဘာစီလိုနာအသင္းဥကၠဌ
လာေပၚတာကလည္း အခိုင္အမာယုံၾကည္ေနပါတယ္။
ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခြင့္ရွိေသးေပ
မယ့္ ဂ်ာမန္ေျမမွာ ဘိုင္ယန္ကို အႏိုင္ယူႏိုင္ဖို႔ လိုပါတယ္။
တစ္ဖက္က ဘင္ဖီကာနဲ႔ဒိုင္နမိုကိဗ္ပြဲမွာ ဘယ္လိုရလဒ္ပဲထြက္ထြက္ ဘိုင္ယန္ကို
ႏိုင္တာနဲ႔ ဘာစီလိုနာဟာ ေနာက္တစ္ဆင့္တက္မွာပါ။
ဒါေပမဲ့ ဘိုင္ယန္ဟာ အဲဒီအုပ္စုမွာ ရာႏႈန္းျပည့္ႏိုင္ထားတဲ့အသင္းျဖစ္ၿပီး
ပထမအေက်ာ့တုန္းကလည္း အိမ္ကြင္းႏူးကမ့္မွာ ၃ ဂိုးျပတ္နဲ႔ ဘာစီလိုနာမရႈမလွ
ရႈံးထားတဲ့အသင္းလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ဘာစီလိုနာဟာ ၂၀၂၀ တုန္းကလည္း ဘိုင္ယန္ကို ၈-၂ ဂိုးနဲ႔ အရွက္တကြဲ
ရႈံးခဲ့ဖူးကာ အဲဒီအတိတ္ဆိုးက သူတို႔အတြက္ အခုခ်ိန္ထိ အရိပ္လိုျဖစ္ေနခဲ့တာပါ။
ဒါေပမဲ့လည္း အုပ္စုဗိုလ္ေသခ်ာသြားတဲ့ဘိုင္ယန္ဟာ အမွတ္မလိုေတာ့တာေၾကာင့္
အဲဒီပြဲမွာ အရန္ေတြကို ထုတ္သုံးႏိုင္ပါတယ္။
”ဘိုင္ယန္ကို အႏိုင္ယူဖို႔က ကြၽန္ေတာ္တို႔ေအာင္ျမင္ႏိုင္တဲ့တစ္စုံတစ္ခုပါ။
အလြန္အံ့အားသင့္ဖြယ္တစ္ခု ျဖစ္ေတာ့မွာပါ။ ကြၽန္ေတာ္တို႔ႏိုင္လိမ့္မယ္လို႔
အခိုင္အမာယုံၾကည္ပါတယ္။ ဇာဗီက အရမ္းကို စိတ္အားထက္သန္၊ စိတ္ဓာတ္
ခိုင္မာတဲ့ နည္းျပပါ။ ကြၽန္ေတာ္တို႔အတြက္ အရာအားလုံးအဆင္ေျပမယ္လို႔
ေမွ်ာ္လင့္ပါတယ္။ ေလာေလာဆယ္ေတာ့ ဇာဗီေရာက္လာလို႔ ၿပိဳင္ဘက္ေတြက
နည္းနည္းရွိန္သြားမယ္ထင္တယ္။ ကြၽန္ေတာ္တို႔ထပ္လုပ္ျပႏိုင္တယ္ဆိုတာ
သူတို႔သိပါတယ္”လို႔ လာေပၚတာက စပိန္သတင္းစာတစ္ေစာင္ကို ေျပာခဲ့တာပါ။
ဘာစီလိုနာနည္းျပဇာဗီကလည္း အုပ္စုေနာက္ဆုံးပြဲမွာ ဘိုင္ယန္ကိုအႏိုင္ရမယ္လို႔
အေကာင္းျမင္ထားေၾကာင္း ဘင္ဖီကာနဲ႔သေရက်ခဲ့တဲ့ပြဲအၿပီးမွာ ေျပာထားပါတယ္။
ဘာစီလိုနာဟာ ဘိုင္ယန္နဲ႔ပြဲမွာ အႏိုင္မရခဲ့ရင္ တစ္ဖက္ကပြဲမွာ ဘင္ဖီကာ
အႏိုင္မရမွ ေနာက္တစ္ဆင့္တက္ႏိုင္မွာပါ။