ဘာကာမှာတုန်းက ဖရီးကစ်နဲ့ပက်သတ်လို့ စီနီယာ ၃ယောက်ဆီကနေ မက်ဆီ ကောင်းကောင်းကြီးလေ့လာခဲ့တယ်လို့ အန်ဇွဲ ဖွင့်ဟ

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ဖြတ်သန်းစဉ်ကာလအတွင်းလှပတဲ့

ဖရီးကစ်သွင်းဂိုးတွေရယူနိုင်ခဲ့သူဖြစ်ပေမဲ့ စီနီယာအသင်းကိုစတင်

ရောက်ရှိလာချိန်မှာတော့ လေ့ကျင့်မှုတိုင်းကိုထိုင်ကြည့်နေခဲ့တယ်လို့

လက်ထောက်နည်းပြဟောင်း အန်ဇွဲက ဖွင့်ဟလိုက်ပါတယ်။

လာမာစီယာကနေ ပထမအသင်းကိုရောက်လာချိန်မှာ ဖရီးကစ်နဲ့ပက်သတ်လို့

မက်ဆီဘက်ကနှိမ်ချနေထိုင်ခဲ့တဲ့အကြောင်းကို Sportskeeda နဲ့တွေ့ဆုံမှုမှာ

အန်ဇွဲက ဖောက်သည်ချခဲ့တာဖြစ်တယ်။ ဘာစီလိုနာအသင်းမှာ ရော်နယ်ဒင်ဟို၊

ဒေကိုနဲ့ မားကွက်ဇ်တို့လို ဖရီးကစ်ထူးချွန်သူတွေရှိနေတာကြောင့် မက်ဆီဟာ

သူတို့ရဲ့လေ့ကျင့်မှုတွေကိုသာထိုင်ကြည့်နေခဲ့တာပါ။ ဒါနဲ့ပက်သတ်လို့ အန်ဇွဲက

“သူ စီနီယာအသင်းကိုရောက်လာချိန်မှာ ရော်နယ်ဒင်ဟို၊ ဒေကိုနဲ့ မားကွက်ဇ်တို့လို

ဖရီးကစ်ထူးချွန်သူတွေရှိနေပြီး လေ့ကျင့်မှုပြီးတဲ့အထိဆက်နေခဲ့ပါတယ်။

ဒါပေမဲ့ မက်ဆီက ဘောလုံးပေါ်မှာထိုင်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေကိုသာကြည့်နေခဲ့တာပါ” လို့ ဆိုပါတယ်။

လာမာစီယာမှာ ဖရီးကစ်ဂိုးတွေသွင်းပြခဲ့တဲ့ မက်ဆီတစ်ယောက် ဘာကြောင့်ဝင်ပြီး

မလေ့ကျင့်သလဲဆိုတာနဲ့ပက်သတ်လို့ အန်ဇွဲက “ကျွန်တော်မေးကြည့်တယ်

‘မင်းဘာလို့မလေ့ကျင့်တာလဲ၊ လာမာစီယာမှာတုန်းက မင်း ဖရီးကစ်ဂိုးတွေ ငါမြင်ဖူးပါတယ်’။

‘ဒါက ကျွန်တော့်အခိုက်အတန့် မဟုတ်သေးဘူး ရော်နယ်ဒင်ဟို၊ ဒေကိုနဲ့

မားကွက်ဇ်တို့အခိုက်အတန့်ပါ’ လို့ ပြန်ဖြေပါတယ်။ အသက် ၁၆နှစ်အရွယ်

မက်ဆီက စီနီယာတွေကိုလေးစားမှုအပြည့်ရှိခဲ့တယ်” လို့ ရှင်းပြသွားခဲ့တာဖြစ်တယ်။

zawgyi

ဘာကာမွာတုန္းက ဖရီးကစ္နဲ႔ပက္သတ္လို႔ စီနီယာ ၃ေယာက္ဆီကေန မက္ဆီ ေကာင္းေကာင္းႀကီးေလ့လာခဲ့တယ္လို႔ အန္ဇြဲ ဖြင့္ဟ

မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ျဖတ္သန္းစဥ္ကာလအတြင္းလွပတဲ့

ဖရီးကစ္သြင္းဂိုးေတြရယူႏိုင္ခဲ့သူျဖစ္ေပမဲ့ စီနီယာအသင္းကိုစတင္

ေရာက္ရွိလာခ်ိန္မွာေတာ့ ေလ့က်င့္မႈတိုင္းကိုထိုင္ၾကည့္ေနခဲ့တယ္လို႔

လက္ေထာက္နည္းျပေဟာင္း အန္ဇြဲက ဖြင့္ဟလိုက္ပါတယ္။

လာမာစီယာကေန ပထမအသင္းကိုေရာက္လာခ်ိန္မွာ ဖရီးကစ္နဲ႔ပက္သတ္လို႔

မက္ဆီဘက္ကႏွိမ္ခ်ေနထိုင္ခဲ့တဲ့အေၾကာင္းကို Sportskeeda နဲ႔ေတြ႕ဆုံမႈမွာ

အန္ဇြဲက ေဖာက္သည္ခ်ခဲ့တာျဖစ္တယ္။ ဘာစီလိုနာအသင္းမွာ ေရာ္နယ္ဒင္ဟို၊

ေဒကိုနဲ႔ မားကြက္ဇ္တို႔လို ဖရီးကစ္ထူးခြၽန္သူေတြရွိေနတာေၾကာင့္ မက္ဆီဟာ

သူတို႔ရဲ႕ေလ့က်င့္မႈေတြကိုသာထိုင္ၾကည့္ေနခဲ့တာပါ။ ဒါနဲ႔ပက္သတ္လို႔ အန္ဇြဲက

“သူ စီနီယာအသင္းကိုေရာက္လာခ်ိန္မွာ ေရာ္နယ္ဒင္ဟို၊ ေဒကိုနဲ႔ မားကြက္ဇ္တို႔လို

ဖရီးကစ္ထူးခြၽန္သူေတြရွိေနၿပီး ေလ့က်င့္မႈၿပီးတဲ့အထိဆက္ေနခဲ့ပါတယ္။

ဒါေပမဲ့ မက္ဆီက ေဘာလုံးေပၚမွာထိုင္ၿပီး သူတို႔ရဲ႕ေလ့က်င့္မႈေတြကိုသာၾကည့္ေနခဲ့တာပါ” လို႔ ဆိုပါတယ္။

လာမာစီယာမွာ ဖရီးကစ္ဂိုးေတြသြင္းျပခဲ့တဲ့ မက္ဆီတစ္ေယာက္ ဘာေၾကာင့္ဝင္ၿပီး

မေလ့က်င့္သလဲဆိုတာနဲ႔ပက္သတ္လို႔ အန္ဇြဲက “ကြၽန္ေတာ္ေမးၾကည့္တယ္

‘မင္းဘာလို႔မေလ့က်င့္တာလဲ၊ လာမာစီယာမွာတုန္းက မင္း ဖရီးကစ္ဂိုးေတြ ငါျမင္ဖူးပါတယ္’။

‘ဒါက ကြၽန္ေတာ့္အခိုက္အတန႔္ မဟုတ္ေသးဘူး ေရာ္နယ္ဒင္ဟို၊ ေဒကိုနဲ႔

မားကြက္ဇ္တို႔အခိုက္အတန႔္ပါ’ လို႔ ျပန္ေျဖပါတယ္။ အသက္ ၁၆ႏွစ္အ႐ြယ္

မက္ဆီက စီနီယာေတြကိုေလးစားမႈအျပည့္ရွိခဲ့တယ္” လို႔ ရွင္းျပသြားခဲ့တာျဖစ္တယ္။