ဘာကာက ဘိုင်ယန်ကို ရင်ဆိုင်ဖို့.. ဒမ်ဘီလီရှိတယ်ဆိုပဲ

ဘာစီလိုနာအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ဘိုင်ယန်မြူးနစ်နဲ့

ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ရရှိပါက ရှုံးထွက်အဆင့်ကို

တက်‌ရောက်နိုင်မှာဖြစ်ပြီး အိုစမာနေ ဒမ်ဘီလီက အဆိုပါ ပွဲစဉ်အတွက်

အသင်းရဲ့ အဓိက မျှော်လင့်ချက်အဖြစ်ရှိနေတယ်လို့ စပိန်သတင်းစာ မာကာအရ သိရပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ လက်ရှိမှာ ပြင်သစ်တိုက်စစ်မှူးရဲ့

စွမ်းဆောင်ရည်အပေါ် သဘောကျလျက်ရှိပြီး ကတ်တလန်ကလပ်အနေနဲ့

လက်ရှိမှာ တိုက်စစ်ပိုင်း သိသိသာသာ တိုးတက်ဖို့ လိုအပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။

ဒမ်ဘီလီက ပြိုင်ဘက်ခံစစ်တွေကို မညီမမျှ ဖြစ်စေနိုင်ပြီး

ဒေါ့မွန်အသင်းမှာ ရှိနေစဉ် တစ်ဦးချင်း ဖြတ်ကျော်မှုတွေ အရမ်းကောင်းမွန်တဲ့

တောင်ပံကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စပိန်မှာတော့

အဆိုပါ အခြေအနေကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။

ဒမ်ဘီလီက နောက်ဆုံး ( ၃ ) ပွဲဆက် ကစားထားပြီးနောက်

ယခုလို အရေးပါတဲ့ ပွဲစဉ်မှာ သူ့ရဲ့ တစ်မူထူးခြားတဲ့ အရည်အချင်းတွေက

ဇာဗီအတွက် မျှော်လင့်ချက်အနေနဲ့ တည်ရှိနေတာဖြစ်ပါတယ်။

ဇာဗီက “ သူ( ဒမ်ဘီလီ) က ကစားသမားကောင်းတစ်ဦးဖြစ်ပြီး

စိတ်အားထက်သန်တဲ့သူပါ။”လို့ ဆိုခဲ့ပါတယ်။

“ သူက ယုံကြည်မှုရှိတယ် ၊ တက်ကြွတယ် ၊ ပွဲကို ပြောင်းလဲနိုင်စွမ်းရှိတယ်။

ကျွန်တော်တို့ သူ့ကို ဒဏ်ရာပြဿနာကနေ ကင်းလွတ်အောင်

ကြိုးစားခဲ့ရတယ်။ ဒါပေမယ့် သူက ကွဲပြားတဲ့ ကစားသမားပါ ။”

ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါ ( ၁၅ ) ပွဲမှာ ( ၂၃ ) ဂိုးသာ

သွင်းယူထားပြီး ( ၁၉ ) ဂိုး သွင်းယူခဲ့တဲ့ ( ၂၀၀၃/၀၄ )

ရာသီနောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းဖြစ်ပါတယ်။

ယခုလို တိုက်စစ်ပိုင်းအားနည်းမှုကြောင့် ဘာစီလိုနာဟာ

ချန်ပီယံလိဂ်မှာရော လာလီဂါမှာပါ အခက်အခဲရင်ဆိုင်နေရပြီး

ဇာဗီအနေနဲ့ သူ့ရဲ့ တိုက်စစ်ကစားသမားတွေထံကနေ အပြောင်းအလဲ

မြင်တွေ့ရဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီချန်ပီယံလိဂ်အတွင်း ဘင်ဖီကာနဲ့

ပွဲစဉ် ( ၂ ) ခု ၊ ဘိုင်ယန်မြူးနစ်နဲ့ ပထမအကျော့ပွဲစဉ်တွေမှာ

သွင်းဂိုးရယူနိုင်ခြင်းမရှိပဲ ဒိုင်နမိုကိဗ်တစ်သင်းတည်းကိုသာ

ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ဇာဗီအနေနဲ့ ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်ရောက်ဖို့

မသေချာတဲ့အတွက် ဒမ်ဘီလီကို ပွဲထွက်ခွင့်ပေးပြီး အသင်းမှာ

ဆက်နေဖို့ ဆွဲဆောင်တာလည်း ဖြစ်နိုင်ပါတယ်။

zawgyi

ဘာကာက ဘိုင္ယန္ကို ရင္ဆိုင္ဖို႔.. ဒမ္ဘီလီရွိတယ္ဆိုပဲ

ဘာစီလိုနာအသင္းဟာ လာမယ့္ ဗုဒၶဟူးေန႔ ဘိုင္ယန္ျမဴးနစ္နဲ႔

ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အႏိုင္ရရွိပါက ရႈံးထြက္အဆင့္ကို

တက္‌ေရာက္ႏိုင္မွာျဖစ္ၿပီး အိုစမာေန ဒမ္ဘီလီက အဆိုပါ ပြဲစဥ္အတြက္

အသင္းရဲ႕ အဓိက ေမွ်ာ္လင့္ခ်က္အျဖစ္ရွိေနတယ္လို႔ စပိန္သတင္းစာ မာကာအရ သိရပါတယ္။

ဘာစီလိုနာနည္းျပ ဇာဗီဟာ လက္ရွိမွာ ျပင္သစ္တိုက္စစ္မႉးရဲ႕

စြမ္းေဆာင္ရည္အေပၚ သေဘာက်လ်က္ရွိၿပီး ကတ္တလန္ကလပ္အေနနဲ႔

လက္ရွိမွာ တိုက္စစ္ပိုင္း သိသိသာသာ တိုးတက္ဖို႔ လိုအပ္ေနတယ္ဆိုတာ ထင္ရွားပါတယ္။

ဒမ္ဘီလီက ၿပိဳင္ဘက္ခံစစ္ေတြကို မညီမမွ် ျဖစ္ေစႏိုင္ၿပီး

ေဒါ့မြန္အသင္းမွာ ရွိေနစဥ္ တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈေတြ အရမ္းေကာင္းမြန္တဲ့

ေတာင္ပံကစားသမားျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ စပိန္မွာေတာ့

အဆိုပါ အေျခအေနကို ဘယ္ေတာ့မွ ပိုင္ဆိုင္ႏိုင္ျခင္း မရွိေသးတာေတြ႕ရပါတယ္။

ဒမ္ဘီလီက ေနာက္ဆုံး ( ၃ ) ပြဲဆက္ ကစားထားၿပီးေနာက္

ယခုလို အေရးပါတဲ့ ပြဲစဥ္မွာ သူ႔ရဲ႕ တစ္မူထူးျခားတဲ့ အရည္အခ်င္းေတြက

ဇာဗီအတြက္ ေမွ်ာ္လင့္ခ်က္အေနနဲ႔ တည္ရွိေနတာျဖစ္ပါတယ္။

ဇာဗီက “ သူ( ဒမ္ဘီလီ) က ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး

စိတ္အားထက္သန္တဲ့သူပါ။”လို႔ ဆိုခဲ့ပါတယ္။

“ သူက ယုံၾကည္မႈရွိတယ္ ၊ တက္ႂကြတယ္ ၊ ပြဲကို ေျပာင္းလဲႏိုင္စြမ္းရွိတယ္။

ကြၽန္ေတာ္တို႔ သူ႔ကို ဒဏ္ရာျပႆနာကေန ကင္းလြတ္ေအာင္

ႀကိဳးစားခဲ့ရတယ္။ ဒါေပမယ့္ သူက ကြဲျပားတဲ့ ကစားသမားပါ ။”

ဘာစီလိုနာအသင္းဟာ ဒီရာသီ လာလီဂါ ( ၁၅ ) ပြဲမွာ ( ၂၃ ) ဂိုးသာ

သြင္းယူထားၿပီး ( ၁၉ ) ဂိုး သြင္းယူခဲ့တဲ့ ( ၂၀၀၃/၀၄ )

ရာသီေနာက္ပိုင္း အဆိုး႐ြားဆုံး မွတ္တမ္းျဖစ္ပါတယ္။

ယခုလို တိုက္စစ္ပိုင္းအားနည္းမႈေၾကာင့္ ဘာစီလိုနာဟာ

ခ်န္ပီယံလိဂ္မွာေရာ လာလီဂါမွာပါ အခက္အခဲရင္ဆိုင္ေနရၿပီး

ဇာဗီအေနနဲ႔ သူ႔ရဲ႕ တိုက္စစ္ကစားသမားေတြထံကေန အေျပာင္းအလဲ

ျမင္ေတြ႕ရဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္အတြင္း ဘင္ဖီကာနဲ႔

ပြဲစဥ္ ( ၂ ) ခု ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ပထမအေက်ာ့ပြဲစဥ္ေတြမွာ

သြင္းဂိုးရယူႏိုင္ျခင္းမရွိပဲ ဒိုင္နမိုကိဗ္တစ္သင္းတည္းကိုသာ

ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ၿပီး ဇာဗီအေနနဲ႔ ခ်န္ပီယံလိဂ္ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔

မေသခ်ာတဲ့အတြက္ ဒမ္ဘီလီကို ပြဲထြက္ခြင့္ေပးၿပီး အသင္းမွာ

ဆက္ေနဖို႔ ဆြဲေဆာင္တာလည္း ျဖစ္ႏိုင္ပါတယ္။