
အယ်လ်နက်ဆာအသင်းပိုပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့





လူသားဆန်တဲ့လုပ်ရပ်တစ်ခုကို စပိန်သတင်းစာ Marca က
ဖော်ပြလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက်





ဘလွန်းဒီအော်ကို ၅ကြိမ်ဆွတ်ခူးထားသူဖြစ်ပြီး ပုံတူတွေထဲက
တစ်ခုကိုတော့ ၂၀၁၇ မှာ ရောင်းချဖို့ရွေးချယ်ခဲ့တာဖြစ်တယ်။
ဘလွန်းဒီအော်ရရှိကြသူတွေဟာ သူတို့ရဲ့သက်ဆိုင်ရာ





ကလပ်တွေဆီမှာအပ်နှံထားလေ့ရှိသလို အများအားဖြင့်
သူတို့ကိုယ်ပိုင်အောင်မြင်မှုကို ဆုဆောင်းခြင်း သို့မဟုတ်





ပြတိုက်တွေမှာသာထားရှိကြပါတယ်။ Marca သတင်းစာရဲ့
အဆိုအရတော့ ရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်ကပိုင်ဆိုင်ခဲ့တဲ့
ဘလွန်းဒီအော်ဆုကို ပရဟိတအဖွဲ့တစ်ခုဆီလှူဒါန်းခဲ့တယ်လို့





သိရပါတယ်။ ဒါကို ရောင်းချပြီးရရှိတဲ့ငွေကြေးကို နာမကျန်း
ကလေးငယ်တွေကူညီပေးတဲ့ Make-A-Wish အဖွဲ့အစည်းထံကို





လှူဒါန်းစေခဲ့တာဖြစ်တယ်။ ဘလွန်းဒီအော်ဆုလေလံတင်
ရောင်းချပွဲကို လန်ဒန်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အေးဂျင့်မန်ဒက်စ်က
တာဝန်ယူလုပ်ဆောင်ပေးခဲ့တာပါ။ ဒီလေလံပွဲမှာ အစ္စရေး





အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဟာ ရော်နယ်ဒိုရဲ့
ဘလွန်းဒီအော်ဆုကို ယူရို ၆၀၀၀၀၀ နဲ့လေလံအောင်မြင်ခဲ့တာ





ဖြစ်တယ်။ အီဒန်အိုဖာ လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ
သူပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဘလွန်းဒီအော်ဆုကို ကိုင်မြှောက်ပြီး
အေးဂျင့်မန်ဒက်စ်နဲ့အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။





အဲ့ဒီအခမ်းအနားကို နာမည်ကျော်နည်းပြတွေဖြစ်တဲ့
မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့တက်ရောက်ခဲ့ကြပြီး





သူတို့နှစ်ယောက်ကလည်း ရော်နယ်ဒိုရဲ့ ဘလွန်းဒီအော်ဆုကို
ယူရို ၃၀၀၀၀ ပမာဏအထိလိုက်ပေးခဲ့ပြီးမှ နှုတ်ထွက်သွားခဲ့ကြတာ
ဖြစ်တယ်။ ရော်နယ်ဒိုရဲ့ လူသားဆန်တဲ့အပြုအမှုတစ်ခုကတော့





ဆော်ဒီကလပ်ကိုပြောင်းရွှေ့ပြီးမှ တကျော့ပြန်ထွက်ပေါ်လာခဲ့တာပါ။
zawgyi





ဘလြန္းဒီေအာ္ ၅ ဆုထဲက တစ္ခုကို အစၥေရးအခ်မ္းသာဆုံးပုဂၢိဳလ္ထံေရာင္းခ်ၿပီး နာမက်န္းကေလးငယ္ေတြအတြက္ ေရာ္နယ္ဒို လႈဒါန္းခဲ့
အယ္လ္နက္ဆာအသင္းပိုေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕
လူသားဆန္တဲ့လုပ္ရပ္တစ္ခုကို စပိန္သတင္းစာ Marca က





ေဖာ္ျပလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္
ဘလြန္းဒီေအာ္ကို ၅ႀကိမ္ဆြတ္ခူးထားသူျဖစ္ၿပီး ပုံတူေတြထဲက





တစ္ခုကိုေတာ့ ၂၀၁၇ မွာ ေရာင္းခ်ဖို႔ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။
ဘလြန္းဒီေအာ္ရရွိၾကသူေတြဟာ သူတို႔ရဲ႕သက္ဆိုင္ရာ
ကလပ္ေတြဆီမွာအပ္ႏွံထားေလ့ရွိသလို အမ်ားအားျဖင့္





သူတို႔ကိုယ္ပိုင္ေအာင္ျမင္မႈကို ဆုေဆာင္းျခင္း သို႔မဟုတ္
ျပတိုက္ေတြမွာသာထားရွိၾကပါတယ္။ Marca သတင္းစာရဲ႕





အဆိုအရေတာ့ ေရာ္နယ္ဒိုဟာ ၂၀၁၃ ခုႏွစ္ကပိုင္ဆိုင္ခဲ့တဲ့
ဘလြန္းဒီေအာ္ဆုကို ပရဟိတအဖြဲ႕တစ္ခုဆီလႉဒါန္းခဲ့တယ္လို႔
သိရပါတယ္။ ဒါကို ေရာင္းခ်ၿပီးရရွိတဲ့ေငြေၾကးကို နာမက်န္း





ကေလးငယ္ေတြကူညီေပးတဲ့ Make-A-Wish အဖြဲ႕အစည္းထံကို
လႉဒါန္းေစခဲ့တာျဖစ္တယ္။ ဘလြန္းဒီေအာ္ဆုေလလံတင္





ေရာင္းခ်ပြဲကို လန္ဒန္မွာျပဳလုပ္ခဲ့တာျဖစ္ၿပီး ေအးဂ်င့္မန္ဒက္စ္က
တာဝန္ယူလုပ္ေဆာင္ေပးခဲ့တာပါ။ ဒီေလလံပြဲမွာ အစၥေရး
အခ်မ္းသာဆုံးပုဂၢိဳလ္တစ္ေယာက္ဟာ ေရာ္နယ္ဒိုရဲ႕





ဘလြန္းဒီေအာ္ဆုကို ယူ႐ို ၆၀၀၀၀၀ နဲ႔ေလလံေအာင္ျမင္ခဲ့တာ
ျဖစ္တယ္။ အီဒန္အိုဖာ လို႔အမည္ရတဲ့ ပုဂၢိဳလ္ဟာ





သူပိုင္ဆိုင္ခြင့္ရခဲ့တဲ့ ဘလြန္းဒီေအာ္ဆုကို ကိုင္ေျမႇာက္ၿပီး
ေအးဂ်င့္မန္ဒက္စ္နဲ႔အတူ မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ခဲ့ပါေသးတယ္။
အဲ့ဒီအခမ္းအနားကို နာမည္ေက်ာ္နည္းျပေတြျဖစ္တဲ့





ေမာ္ရင္ဟိုနဲ႔ ဂြါဒီယိုလာတို႔တက္ေရာက္ခဲ့ၾကၿပီး
သူတို႔ႏွစ္ေယာက္ကလည္း ေရာ္နယ္ဒိုရဲ႕ ဘလြန္းဒီေအာ္ဆုကို





ယူ႐ို ၃၀၀၀၀ ပမာဏအထိလိုက္ေပးခဲ့ၿပီးမွ ႏႈတ္ထြက္သြားခဲ့ၾကတာ
ျဖစ္တယ္။ ေရာ္နယ္ဒိုရဲ႕ လူသားဆန္တဲ့အျပဳအမႈတစ္ခုကေတာ့
ေဆာ္ဒီကလပ္ကိုေျပာင္းေ႐ႊ႕ၿပီးမွ တေက်ာ့ျပန္ထြက္ေပၚလာခဲ့တာပါ။




