
ယူနိုက်တက်ကြယ်ပွင့်ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာအံ့အားသင့်ဖွယ်ရာ





စွမ်းဆောင်ရည်တွေဆက်တိုက်ထုတ်ပြခဲ့ပြီးနောက် ဘွတ်ကီတွေရဲ့
ဘလွန်းဒီအော်အလေးပေးချက်မှာ အံ့အားသင့်ဖို့ကောင်းလောက်အောင်





ရှေ့ထွက်လာနိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ဟာ
နည်းပြတန်ဟတ် လက်အောက်မှာ ဥရောပရဲ့အထွန်းတောက်ဆုံးကြယ်ပွင့်အဖြစ်
ရပ်တည်လာနိုင်တာဖြစ်တယ်။ ကာတာကမ္ဘာ့ဖလားအပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ





၁၇ ဂိုးသွင်းထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ အဆိုပါအချိန်အပိုင်းအခြားအတွင်း
ဥရောပထိပ်တန်းလိဂ် ၅ ရပ်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။





ပီအက်စ်ဂျီရဲ့စိတ်ဝင်စားမှုတွေရှိတဲ့ကြားမှာတော့ ယူနိုက်တက်ဟာ
သူ့ရဲ့ ၂၀၂၄ ခုနှစ်အတွင်းသက်တမ်းကုန်ဆုံးမယ့် ရက်ရှ်ဖို့ဒ်ရဲ့စာချုပ်ကို
သက်တမ်းတိုးဖို့ပြင်ဆင်နေတာဖြစ်တယ်။ ၂၀၂၃ ခုနှစ် ဘလွန်းဒီအော်စိန်ခေါ်မှုတွေအတွက်





အလေးပေးချက်မှာ ရက်ရှ်ဖို့ဒ်ရဲ့အနေအထားက သိသိသာသာတိုးတက်လာခဲ့ပြီး
Sky Bet ရဲ့ကြေးပေးမှုမှာတော့ ဟယ်ရီကိန်းနဲ့ နေမာတို့နည်းတူ ၃၃/၁ လေး





ဖြစ်လာခဲ့ပါတယ်။ ရေပန်းအစားဆုံးကတော့ မက်ဆီဖြစ်ပြီး အာဂျင်တိုင်းသားအတွက်
၂/၇ လေး ကြေးဖွင့်ထားသလို သူ့ရဲ့နောက်မှာတော့ အမ်ဘာပီက ၇/၂ လေးနဲ့
ရပ်တည်နေတာပါ။ လက်စတာကို ၃ဂိုးပြတ်အနိုင်ရပြီးတဲ့နောက် ရက်ရှ်ဖို့ဒ်က





“ခက်ခဲပေမယ့်တွန်းအားပေးရမှာပါပဲ၊ ကျွန်တော်တို့က ရာသီအစောပိုင်းမှာရှိနေဆဲဖြစ်ပြီး
မတူညီတဲ့အရာများစွာအတွက်တိုက်ပွဲဝင်နေပါတယ်။ ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်





တက်လှမ်းဖို့မျှော်လင့်ထားပြီး ကာရာဘောင်းဖလားဖိုင်နယ်ကလာတော့မှာဖြစ်လို့
နောက်ထပ်ပွဲကြီးကရှိနေပါသေးတယ်။ တွန်းအားပေးပြီးစောင့်မျှော်ရမယ့်
အရာတစ်ခုအမြဲရှိတယ်။ နှေးကွေးတယ်လို့မခံစားရပါဘူး။





အမြဲတမ်းတွန်းအားပေးပြီးတိုးတက်ဖို့ကြိုးစားနေပါတယ်” လို့ ဆိုခဲ့ပါတယ်။
zawgyi





ဘလြန္းဒီေအာ္ အားၿပိဳင္မႈမွာ ရက္ရွ္ဖို႔ဒ္ရဲ႕စြမ္းေဆာင္ရည္ေကာင္းေတြကို ဘြတ္ကီေတြမ်က္စိက်လာ
ယူႏိုက္တက္ၾကယ္ပြင့္ရက္ရွ္ဖို႔ဒ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာအံ့အားသင့္ဖြယ္ရာ
စြမ္းေဆာင္ရည္ေတြဆက္တိုက္ထုတ္ျပခဲ့ၿပီးေနာက္ ဘြတ္ကီေတြရဲ႕





ဘလြန္းဒီေအာ္အေလးေပးခ်က္မွာ အံ့အားသင့္ဖို႔ေကာင္းေလာက္ေအာင္
ေရွ႕ထြက္လာႏိုင္ခဲ့ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္ၾကယ္ပြင့္ဟာ





နည္းျပတန္ဟတ္ လက္ေအာက္မွာ ဥေရာပရဲ႕အထြန္းေတာက္ဆုံးၾကယ္ပြင့္အျဖစ္
ရပ္တည္လာႏိုင္တာျဖစ္တယ္။ ကာတာကမာၻ႔ဖလားအၿပီး ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ
၁၇ ဂိုးသြင္းထားတဲ့ ရက္ရွ္ဖို႔ဒ္ဟာ အဆိုပါအခ်ိန္အပိုင္းအျခားအတြင္း





ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္မွာ စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္လာခဲ့ပါတယ္။
ပီအက္စ္ဂ်ီရဲ႕စိတ္ဝင္စားမႈေတြရွိတဲ့ၾကားမွာေတာ့ ယူႏိုက္တက္ဟာ





သူ႔ရဲ႕ ၂၀၂၄ ခုႏွစ္အတြင္းသက္တမ္းကုန္ဆုံးမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕စာခ်ဳပ္ကို
သက္တမ္းတိုးဖို႔ျပင္ဆင္ေနတာျဖစ္တယ္။ ၂၀၂၃ ခုႏွစ္ ဘလြန္းဒီေအာ္စိန္ေခၚမႈေတြအတြက္
အေလးေပးခ်က္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕အေနအထားက သိသိသာသာတိုးတက္လာခဲ့ၿပီး





Sky Bet ရဲ႕ေၾကးေပးမႈမွာေတာ့ ဟယ္ရီကိန္းနဲ႔ ေနမာတို႔နည္းတူ ၃၃/၁ ေလး
ျဖစ္လာခဲ့ပါတယ္။ ေရပန္းအစားဆုံးကေတာ့ မက္ဆီျဖစ္ၿပီး အာဂ်င္တိုင္းသားအတြက္





၂/၇ ေလး ေၾကးဖြင့္ထားသလို သူ႔ရဲ႕ေနာက္မွာေတာ့ အမ္ဘာပီက ၇/၂ ေလးနဲ႔
ရပ္တည္ေနတာပါ။ လက္စတာကို ၃ဂိုးျပတ္အႏိုင္ရၿပီးတဲ့ေနာက္ ရက္ရွ္ဖို႔ဒ္က
“ခက္ခဲေပမယ့္တြန္းအားေပးရမွာပါပဲ၊ ကြၽန္ေတာ္တို႔က ရာသီအေစာပိုင္းမွာရွိေနဆဲျဖစ္ၿပီး





မတူညီတဲ့အရာမ်ားစြာအတြက္တိုက္ပြဲဝင္ေနပါတယ္။ ယူ႐ိုပါလိဂ္မွာ ေနာက္တစ္ဆင့္
တက္လွမ္းဖို႔ေမွ်ာ္လင့္ထားၿပီး ကာရာေဘာင္းဖလားဖိုင္နယ္ကလာေတာ့မွာျဖစ္လို႔





ေနာက္ထပ္ပြဲႀကီးကရွိေနပါေသးတယ္။ တြန္းအားေပးၿပီးေစာင့္ေမွ်ာ္ရမယ့္
အရာတစ္ခုအၿမဲရွိတယ္။ ေႏွးေကြးတယ္လို႔မခံစားရပါဘူး။
အၿမဲတမ္းတြန္းအားေပးၿပီးတိုးတက္ဖို႔ႀကိဳးစားေနပါတယ္” လို႔ ဆိုခဲ့ပါတယ္။




