
ဘလွန်းဒီအောဆုအတွက် ဘောလုံးပိုင်းက ထိပ်တန်းဂုရုကြီးတွေဖြစ်တဲ့
ဇီဒန်း၊ အာစင်ဝင်းဂါး၊ ဒိုကြီး တို့ကတော့ ဘန်ဇီမာကို မဲပေးထားကြပါတယ်။
ဘန်ဇီမာဟာ ယခုနှစ် ဘလွန်းဒီအောဆုအတွက် ဆန်ခါတင် လူသုံးဆယ်စာရင်းတွင်
မက်ဆီ၊ ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်ထားပါတယ်။ မက်ဆီနှင့် ရော်နယ်ဒို
နှစ်ယောက်ပေါင်း ဘလွန်းဒီအောဆု စုစုပေါင်း ၁၁ ကြိမ် ရရှိထားပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းနှင့်အတူ ကိုပါအမေရိကဖလား
ရရှိထားပြီးနောက် ယခုနှစ် ဘလွန်းဒီအောဆုကို ဆွတ်ခူးရန် ရေပန်းစား နေပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး
ဘန်ဇီမာကသာ အဆိုပါဆုကို ရရှိသင့်တယ်လို့ ဘရာဇီးလက်ရွေးစင်
တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက ပြောဆိုထားပါတယ်။
“ကျွန်တော်သာ ဘလွန်းဒီအောဆုကို ရွေးချယ်ခွင့်ရရင် ဘန်ဇီမာကိုပဲ
သံသယကင်းကင်းနဲ့ ရွေးလိုက်မှာပါ။ ၁၀ နှစ်လောက် ကြောက်စရာကောင်းတဲ့
တိုက်စစ်မှူးဖြစ်ပြီး အားလုံးရှေ့မှာရှိတဲ့ ချန်ပီယံတစ်ယောက်လည်းဖြစ်ပါတယ်။”
ဆိုပြီး ဒိုကြီးက ပြောထားပါတယ်။
ဒါ့အပြင် ဇီဒန်းကလည်း”ဘန်ဇီမာက ဒီဆုနဲ့ထိုက်တန်သူဖြစ်ပါတယ်။
သူက မယုံနိုင်စရာကစားသမားတစ်ယောက်ပါ။ သူ့ကိုနည်းပြလုပ်ခဲ့ရတာက
ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ဂုဏ်ယူစရာမှတ်တမ်းတစ်ခုပါပဲ။”
“ကွင်းထဲရောက်တာနဲ့ ဘာတွေလုပ်ရမလဲဆိုတာအားလုံးကို သူသိတယ်။
သူကအားလုံးရဲ့အထက်မှာရှိနေတဲ့သူမျိုးပါ။ သူဒီနှစ်ဘလွန်းဒီအောဆုကို
ရရှိသွားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်နေပါတယ်။” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
အာစင်ဝင်းဂါးကလည်း ဘန်ဇီမာအပြင်ရွေးစရာလူ ဒီနှစ်အတွက်မရှိတော့ကြောင်း
အခုလိုပြောထားပါသေးတယ်။ “ဒီနှစ်ဘလွန်းဒီအောဆုအတွက် ချွန်ထွက်နေတဲ့
ဖေးဘရိတ်ကစားသမားမျိုးကရှိမနေဘူးဗျ။တသတ်မတ်တည်းသော
စွမ်းဆောင်ရည်ကိုထိန်းထားနိုင်တာနဲ့ တစ်ဦးချင်းအရည်အသွေးအနေနဲ့
ပြောရမယ်ဆိုရင်တော့ ဘန်ဇီမာက အမြင့်ဆုံးလယ်ဗယ်မှာရှိနေပါတယ်။ ”
ဆိုပြီး အာစင်ဝင်းဂါးက ပြောဆိုပါတယ်။
zawgyi
ဘလြန္းဒီေအာဆုအတြက္ ဇီဒန္း၊ အာစင္ဝင္းဂါး၊ ဒိုႀကီးတို႔ကေတာ့ ဘန္ဇီမာကို မဲေပးထားၾက
ဘလြန္းဒီေအာဆုအတြက္ ေဘာလုံးပိုင္းက ထိပ္တန္းဂု႐ုႀကီးေတြျဖစ္တဲ့
ဇီဒန္း၊ အာစင္ဝင္းဂါး၊ ဒိုႀကီး တို႔ကေတာ့ ဘန္ဇီမာကို မဲေပးထားၾကပါတယ္။
ဘန္ဇီမာဟာ ယခုႏွစ္ ဘလြန္းဒီေအာဆုအတြက္ ဆန္ခါတင္ လူသုံးဆယ္စာရင္းတြင္
မက္ဆီ၊ ေရာ္နယ္ဒိုတို႔ႏွင့္အတူ ပါဝင္ထားပါတယ္။ မက္ဆီႏွင့္ ေရာ္နယ္ဒို
ႏွစ္ေယာက္ေပါင္း ဘလြန္းဒီေအာဆု စုစုေပါင္း ၁၁ ႀကိမ္ ရရွိထားပါတယ္။
မက္ဆီဟာ အာဂ်င္တီးနားအသင္းႏွင့္အတူ ကိုပါအေမရိကဖလား
ရရွိထားၿပီးေနာက္ ယခုႏွစ္ ဘလြန္းဒီေအာဆုကို ဆြတ္ခူးရန္ ေရပန္းစား
ေနပါတယ္။ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္း၏ ျပင္သစ္တိုက္စစ္မႉး
ဘန္ဇီမာကသာ အဆိုပါဆုကို ရရွိသင့္တယ္လို႔ ဘရာဇီးလက္ေ႐ြးစင္
တိုက္စစ္မႉးေဟာင္း ေရာ္နယ္ဒိုက ေျပာဆိုထားပါတယ္။
“ကြၽန္ေတာ္သာ ဘလြန္းဒီေအာဆုကို ေ႐ြးခ်ယ္ခြင့္ရရင္ ဘန္ဇီမာကိုပဲ
သံသယကင္းကင္းနဲ႔ ေ႐ြးလိုက္မွာပါ။ ၁၀ ႏွစ္ေလာက္ ေၾကာက္စရာေကာင္းတဲ့
တိုက္စစ္မႉးျဖစ္ၿပီး အားလုံးေရွ႕မွာရွိတဲ့ ခ်န္ပီယံတစ္ေယာက္လည္းျဖစ္ပါတယ္။”
ဆိုၿပီး ဒိုႀကီးက ေျပာထားပါတယ္။
ဒါ့အျပင္ ဇီဒန္းကလည္း”ဘန္ဇီမာက ဒီဆုနဲ႔ထိုက္တန္သူျဖစ္ပါတယ္။
သူက မယုံႏိုင္စရာကစားသမားတစ္ေယာက္ပါ။ သူ႔ကိုနည္းျပလုပ္ခဲ့ရတာက
ကြၽန္ေတာ့္အတြက္ ႀကီးက်ယ္ခမ္းနားတဲ့ဂုဏ္ယူစရာမွတ္တမ္းတစ္ခုပါပဲ။”
“ကြင္းထဲေရာက္တာနဲ႔ ဘာေတြလုပ္ရမလဲဆိုတာအားလုံးကို သူသိတယ္။
သူကအားလုံးရဲ႕အထက္မွာရွိေနတဲ့သူမ်ိဳးပါ။ သူဒီႏွစ္ဘလြန္းဒီေအာဆုကို
ရရွိသြားႏိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ေနပါတယ္။” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။
အာစင္ဝင္းဂါးကလည္း ဘန္ဇီမာအျပင္ေ႐ြးစရာလူ ဒီႏွစ္အတြက္မရွိေတာ့ေၾကာင္း
အခုလိုေျပာထားပါေသးတယ္။ “ဒီႏွစ္ဘလြန္းဒီေအာဆုအတြက္ ခြၽန္ထြက္ေနတဲ့
ေဖးဘရိတ္ကစားသမားမ်ိဳးကရွိမေနဘူးဗ်။တသတ္မတ္တည္းေသ
ာစြမ္းေဆာင္ရည္ကိုထိန္းထားႏိုင္တာနဲ႔ တစ္ဦးခ်င္းအရည္အေသြးအေနနဲ႔
ေျပာရမယ္ဆိုရင္ေတာ့ ဘန္ဇီမာက အျမင့္ဆုံးလယ္ဗယ္မွာရွိေနပါတယ္။ ”
ဆိုၿပီး အာစင္ဝင္းဂါးက ေျပာဆိုပါတယ္။