ဘလက်ဘန်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် အခွင့်အရေးတွေအသုံးမချနိုင်ခဲ့မှုအပေါ် ရွန်နီ စိတ်ပျက်

ယမန်နေ့က ဘလက်ဘန်းနဲ့ပွဲမှာ ဦးဆောင်ဂိုး

သွင်းယူနိုင်ခဲ့ပေမယ့် ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီေးနာက်
ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီက အခွင့်အရေးတွေ
လက်လွှတ်ခဲ့ရမှုအပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံပါတယ်။
ဒါဘီအသင်းဟာ ပွဲချိန် ၂၈မိနစ်မှာ မောရစ်ဆင်ရဲ့
ဂိုးနဲ့အတူ အဝေးကွင်းမှာ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့်

ပထမပိုင်းအတွင်း အိမ်ရှင်ပရိသတ်တွေရဲ့
လှောင်ပြောင်ခြင်း ခံခဲ့ရတဲ့ ဘလက်ဘန်းက
ဒုတိယပိုင်းပြန်စလို့ သိပ်မကြာခင် ၆မိနစ်အတွင်း
၂ဂိုးဆက်တိုက်သွင်းယူကာ ပွဲကို ပြန်လည်
ဦးဆောင်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ တစ်ဂိုး

ထပ်သွင်းနိုင်ခဲ့လို့ ဘလက်ဘန်းအသင်း
ဂိုးပြတ်အနိုင်နဲ့အတူ အဆင့် ၄ နေရာ ရောက်လာပါတယ်။
ရွန်နီက မိမိတို့အသင်းအနေနဲ့ ပထမပိုင်းမှာ
ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး
အသုံးမချနိုင်ခဲ့ဘူးလို့ ပွဲအပြီးမှာ ဝန်ခံပါတယ်။

”ဒီအရှုံးကို လက်သင့်ခံနိုင်ဖို့ ခက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်းဟာ
ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့လို့ပါ။
ဘလက်ဘန်အသင်း ဖိအားမပေးနိုင်ဖို့ ထိန်းချုပ်
ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

ကျွန်တော့်စိတ်ထင် ပထမပိုင်းမှာ ၂ဂိုး၊ ၃ဂိုးပြတ်လောက်နဲ့
ဦးဆောင်နိုင်ခဲ့သင့်တယ်လို့ထင်ပါတယ်။
အခွင့်အရေးကောင်းတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်”လို့
ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီက ပြောပါတယ်။
ဒါဘီအသင်းဟာ အဆိုပါရှုံးပွဲကြောင့်

တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်ဖို့
၆ မှတ်အထိ လိုအပ်သွားပေမယ့် ရွန်နီကတော့
ယုံကြည်မှုအပြည့်နဲ့ တန်းတင်ကျန်ရစ်ဖို့
ဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့
အသင်းသားတွေကို တိုက်တွန်းပါတယ်။

”ရလဒ်ပိုင်းက အသင်းအတွက် ခက်ခဲပါတယ်။
ဒါပေမဲ့ အဲဒီရလဒ်ကြောင့် ခေါင်းငိုက်စိုက်ကျ
စိတ်ဓာတ်ကျနေစရာတော့ မလိုပါဘူး။
ပြီးတော့ တန်းမဆင်းရရေးအတွက်
ယုံကြည်မှုအပြည့်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားရပါမယ်”လို့

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီက ပြောပါတယ်။

Zawgyi








