ဘရူနိုဖာနန်ဒက်စ်ရဲ့ နာမည်ကိုမေ့နေခဲ့တဲ့ ဇာဗီကို မင်းကြိုက်ရင် ဗင်းနစ်မြို့ကမူးမတ်တစ်ယောက်လို့ခေါ်နိုင်တယ်လို့ သရဲနီပရိသတ်တွေ လှောင်ပြောင်

အိုးလ်ထရက်ဖို့ဒ်မှာရှုံးပွဲကြုံပြီး ဒဏ်ရာရသွားတဲ့ ဇာဗီကိုတော့

သရဲနီပရိသတ်တွေက ဆားထပ်ပွတ်ပေးလိုက်ပါတယ်။

ဘာစီလိုနာဂန္တဝင်ဟာ ပွဲမတိုင်အင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့

နာမည်ကိုမေ့နေခဲ့တာကြောင့် ‘ပေါ်တူဂီသား’ လို့သုံးသွားခဲ့တာဖြစ်တယ်။

ဒါကို ယူနိုက်တက်ပရိသတ်တွေက သိပ်ပြီးအစာကြေပုံမရပါဘူး။

ဘာကြောင့်လဲဆိုတော့ ဘရူနိုက သူ့တို့ရဲ့အသင်းခေါင်းဆောင်ဖြစ်နေလို့ပါ။

ပွဲချိန်အတွင်းမှာတော့ ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ကြောင့်

ပင်နယ်တီခွင့်ပြုခဲ့ရပြီး လီဝန်ဒေါစကီးက ဦးဆောင်ဂိုးရယူသွားပေမယ့်

ဖရက်ဒ်ရဲ့ချေပဂိုးမှာ ပေါ်တူဂီကြယ်ပွင့်က ဖန်တီးမှုပြုလုပ်ပေးခဲ့သလို

အန်တိုနီရဲ့ ဒုတိယဂိုးကတော့ ဘာစီလိုနာကို ယူရိုပါလိဂ် ၃၂ သင်း

အဆင့်ကနေအပြီးသတ်ကန်ထုတ်နိုင်ခဲ့ပါတယ်။ တန်ဟတ်ကိုတော့

ဖာဂူဆန်နောက်ပိုင်း နည်းစနစ်ကြွယ်ဝသူအဖြစ်ချီးကျူးခဲ့ကြပေမယ့်

ဇာဗီကိုတော့ သရဲနီပရိသတ်တွေက ဝိုင်းလှောင်ခဲ့ကြတာဖြစ်တယ်။

ပွဲမတိုင်ခင်မှာ စပိန်သားက “တန်ဟတ်ဟာ ကစားသမားတွေဆီက

အရည်အသွေးအားလုံးကိုရယူနေတယ်။ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ ပေါ်တူဂီသားနဲ့

ဖရက်ဒ်တို့ကစားနေတာက မင်းတို့မြင်တဲ့အတိုင်းပဲ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပွဲအပြီးမှာတော့ ပရိသတ်တစ်ယောက်က “မင်္ဂလာပါ ဇာဗီ၊ သူ့အမည်က

ဘရူနိုဖာနန်ဒက်စ်ပါ၊ မင်းကြိုက်ရင် သူ့ကို ဗင်းနစ်မြို့ကမူးမတ်

တစ်ယောက်လို့ခေါ်နိုင်တယ်။ သူက ငါတို့အသင်းခေါင်းဆောင်။

သူ့ကိုလေးစားပါ” လို့ လှောင်ပြောင်ခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ “ဇာဗီကတော့ ဘရူနိုဖာနန်ဒက်စ်ဆိုတဲ့

နာမည်ကိုဘယ်တော့မှမေ့နိုင်မှာမဟုတ်တော့ဘူး” လို့ တုံ့ပြန်ခဲ့ပြီး

တတိယတစ်ယောက်က “ဇာဗီရေ မှတ်ထားလိုက်၊

ဘရူနိုဖာနန်ဒက်စ်” လို့ မှတ်ချက်ပေးသွားခဲ့တာဖြစ်တယ်။

zawgyi

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ နာမည္ကိုေမ့ေနခဲ့တဲ့ ဇာဗီကို မင္းႀကိဳက္ရင္ ဗင္းနစ္ၿမိဳ႕ကမူးမတ္တစ္ေယာက္လို႔ေခၚႏိုင္တယ္လို႔ သရဲနီပရိသတ္ေတြ ေလွာင္ေျပာင္

အိုးလ္ထရက္ဖို႔ဒ္မွာရႈံးပြဲႀကဳံၿပီး ဒဏ္ရာရသြားတဲ့ ဇာဗီကိုေတာ့

သရဲနီပရိသတ္ေတြက ဆားထပ္ပြတ္ေပးလိုက္ပါတယ္။

ဘာစီလိုနာဂႏၲဝင္ဟာ ပြဲမတိုင္အင္တာဗ်ဴးမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕

နာမည္ကိုေမ့ေနခဲ့တာေၾကာင့္ ‘ေပၚတူဂီသား’ လို႔သုံးသြားခဲ့တာျဖစ္တယ္။

ဒါကို ယူႏိုက္တက္ပရိသတ္ေတြက သိပ္ၿပီးအစာေၾကပုံမရပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ဘ႐ူႏိုက သူ႔တို႔ရဲ႕အသင္းေခါင္းေဆာင္ျဖစ္ေနလို႔ပါ။

ပြဲခ်ိန္အတြင္းမွာေတာ့ ယူႏိုက္တက္ဟာ ဘ႐ူႏိုဖာနန္ဒက္စ္ေၾကာင့္

ပင္နယ္တီခြင့္ျပဳခဲ့ရၿပီး လီဝန္ေဒါစကီးက ဦးေဆာင္ဂိုးရယူသြားေပမယ့္

ဖရက္ဒ္ရဲ႕ေခ်ပဂိုးမွာ ေပၚတူဂီၾကယ္ပြင့္က ဖန္တီးမႈျပဳလုပ္ေပးခဲ့သလို

အန္တိုနီရဲ႕ ဒုတိယဂိုးကေတာ့ ဘာစီလိုနာကို ယူ႐ိုပါလိဂ္ ၃၂ သင္း

အဆင့္ကေနအၿပီးသတ္ကန္ထုတ္ႏိုင္ခဲ့ပါတယ္။ တန္ဟတ္ကိုေတာ့

ဖာဂူဆန္ေနာက္ပိုင္း နည္းစနစ္ႂကြယ္ဝသူအျဖစ္ခ်ီးက်ဴးခဲ့ၾကေပမယ့္

ဇာဗီကိုေတာ့ သရဲနီပရိသတ္ေတြက ဝိုင္းေလွာင္ခဲ့ၾကတာျဖစ္တယ္။

ပြဲမတိုင္ခင္မွာ စပိန္သားက “တန္ဟတ္ဟာ ကစားသမားေတြဆီက

အရည္အေသြးအားလုံးကိုရယူေနတယ္။ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္၊ ေပၚတူဂီသားနဲ႔

ဖရက္ဒ္တို႔ကစားေနတာက မင္းတို႔ျမင္တဲ့အတိုင္းပဲ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ပြဲအၿပီးမွာေတာ့ ပရိသတ္တစ္ေယာက္က “မဂၤလာပါ ဇာဗီ၊ သူ႔အမည္က

ဘ႐ူႏိုဖာနန္ဒက္စ္ပါ၊ မင္းႀကိဳက္ရင္ သူ႔ကို ဗင္းနစ္ၿမိဳ႕ကမူးမတ္

တစ္ေယာက္လို႔ေခၚႏိုင္တယ္။ သူက ငါတို႔အသင္းေခါင္းေဆာင္။

သူ႔ကိုေလးစားပါ” လို႔ ေလွာင္ေျပာင္ခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ “ဇာဗီကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ဆိုတဲ့

နာမည္ကိုဘယ္ေတာ့မွေမ့ႏိုင္မွာမဟုတ္ေတာ့ဘူး” လို႔ တုံ႔ျပန္ခဲ့ၿပီး

တတိယတစ္ေယာက္က “ဇာဗီေရ မွတ္ထားလိုက္၊

ဘ႐ူႏိုဖာနန္ဒက္စ္” လို႔ မွတ္ခ်က္ေပးသြားခဲ့တာျဖစ္တယ္။