
ယူနိုက်တက်ကြယ်ပွင့် ရက်ရှ်ဖို့ဒ်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို





အလည်ရောက်လာတဲ့ ဂန္တဝင် ဖာဒီနန်ကို သူ့ရဲ့အောင်ပွဲခံအမှတ်တံဆိပ်
နောက်ကွယ်က စစ်မှန်တဲ့အဓိပ္ပါယ်ကိုရှင်းပြသွားခဲ့ပါတယ်။





အင်္ဂလန်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားအပြီး တန်ဟတ်ရဲ့
ဦးဆောင်မှုအောက်မှာ ပေါက်ကွဲအားပြင်းတဲ့သွင်းဂိုးတွေရယူထားသလို
သူ့ရဲ့အောင်ပွဲခံပုံစံကလည်း ကမ္ဘာတစ်ဝှမ်းကိုကူးစက်ပျံ့နှံ့ခဲ့တာဖြစ်တယ်။





အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ကာတာကမ္ဘာ့ဖလား
နောက်ပိုင်းကစားခဲ့တဲ့ ၁၈ ပွဲမှာ သရဲနီတွေအတွက်





၁၇ ဂိုးသွင်းပြီးအံ့အားသင့်ဖွယ်ရာလုပ်ဆောင်ပြထားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့သွင်းဂိုးတိုင်းမှာ မတ်တပ်ရပ်ကာ နားထင်ကို
လက်ညှိုးထိုးပြီးအောင်ပွဲခံနေခဲ့တာဖြစ်တယ်။





ဖာဒီနန်ကတော့ ဘာစီလိုနာနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့
မတိုင်ခင်မှာ ကာရင်တန်လေ့ကျင့်ရေးကွင်းကိုအလည်အပတ်





သွားရောက်ခဲ့သလို အောင်ပွဲခံပုံစံနဲ့ပက်သတ်ပြီး ရက်ရှ်ဖို့ဒ်နဲ့
ပွင့်ပွင့်လင်းလင်းစကားပြောဆိုခဲ့ပါတယ်။ ဒီလိုအချိန်မှာ ရက်ရှ်ဖို့ဒ်က
“စိတ်ဓာတ်” ကိုအဓိကမီးမောင်းထိုးပြလိုတာကြောင့်ဖြစ်တယ်လို့





ရိုးရှင်းစွာအဖြေပေးခဲ့ပါတယ်။ သူ့ရဲ့ VIBE with FIVE ပေါ့ကာ့စ်ကတစ်ဆင့်
ဖာဒီနန်က “ရက်ရှ်ဖို့ဒ်၊ ဒီနေ့ ငါသိလိုက်ရတယ်၊ စကားမစပ်၊





ဒီနေ့ ဘရူနိုဖာနန်ဒက်စ်ကို အင်တာဗျူးဖို့ ကာရင်တန်ကိုသွားခဲ့ပြီး
ဒါကအရမ်းကောင်းပါတယ်။ ကလပ်အတွက် ကာလရှည်အမှုထမ်းခဲ့တဲ့
ဧည့်ခံရေးမှူး ကာ့သ် ကိုတွေ့ခဲ့ပြီး အဲ့ဒီအမျိုးသမီးက





အသက် ၅၆ နှစ်တောင်ရှိနေပြီ။ ရူးသွပ်စရာပဲ။
ဒါပေမယ့် အောင်ပွဲခံအခမ်းအနားကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ။





ကောင်းတယ်။ ရိုးရိုးရှင်းရှင်းပဲ။ ဒါပေမယ့် ကြီးကြီးမားမား
ခရီးထွက်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူတိုင်း အခုလိုက်လုပ်နေကြတယ်။
ငယ်ရွယ်တဲ့ ကလေးတွေအားလုံးဂိုးသွင်းနေကြတယ်၊





ဒါက ရက်ရှ်ဖို့ဒ်ရဲ့သက်ရောက်မှုပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
zawgyi





ဘ႐ူႏိုဖာနန္ဒက္စ္ကို အင္တာသြားဗ်ဴးရင္း ရက္ရွ္ဖို႔ဒ္ရဲ႕ေအာင္ပြဲခံပုံစံေနာက္ကြယ္က အေၾကာင္းအရင္းအမွန္ကို ဖာဒီနန္ သိခဲ့ရ
ယူႏိုက္တက္ၾကယ္ပြင့္ ရက္ရွ္ဖို႔ဒ္ဟာ ကာရင္တန္ေလ့က်င့္ေရးကြင္းကို
အလည္ေရာက္လာတဲ့ ဂႏၲဝင္ ဖာဒီနန္ကို သူ႔ရဲ႕ေအာင္ပြဲခံအမွတ္တံဆိပ္





ေနာက္ကြယ္က စစ္မွန္တဲ့အဓိပၸါယ္ကိုရွင္းျပသြားခဲ့ပါတယ္။
အဂၤလန္တိုက္စစ္မႉးဟာ ကမာၻ႔ဖလားအၿပီး တန္ဟတ္ရဲ႕





ဦးေဆာင္မႈေအာက္မွာ ေပါက္ကြဲအားျပင္းတဲ့သြင္းဂိုးေတြရယူထားသလို
သူ႔ရဲ႕ေအာင္ပြဲခံပုံစံကလည္း ကမာၻတစ္ဝွမ္းကိုကူးစက္ပ်ံ႕ႏွံ႔ခဲ့တာျဖစ္တယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားဟာ ကာတာကမာၻ႔ဖလား





ေနာက္ပိုင္းကစားခဲ့တဲ့ ၁၈ ပြဲမွာ သရဲနီေတြအတြက္
၁၇ ဂိုးသြင္းၿပီးအံ့အားသင့္ဖြယ္ရာလုပ္ေဆာင္ျပထားပါတယ္။





ရက္ရွ္ဖို႔ဒ္ဟာ သူ႔ရဲ႕သြင္းဂိုးတိုင္းမွာ မတ္တပ္ရပ္ကာ နားထင္ကို
လက္ညႇိဳးထိုးၿပီးေအာင္ပြဲခံေနခဲ့တာျဖစ္တယ္။
ဖာဒီနန္ကေတာ့ ဘာစီလိုနာနဲ႔ ယူ႐ိုပါလိဂ္ ဒုတိယအေက်ာ့





မတိုင္ခင္မွာ ကာရင္တန္ေလ့က်င့္ေရးကြင္းကိုအလည္အပတ္
သြားေရာက္ခဲ့သလို ေအာင္ပြဲခံပုံစံနဲ႔ပက္သတ္ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔





ပြင့္ပြင့္လင္းလင္းစကားေျပာဆိုခဲ့ပါတယ္။ ဒီလိုအခ်ိန္မွာ ရက္ရွ္ဖို႔ဒ္က
“စိတ္ဓာတ္” ကိုအဓိကမီးေမာင္းထိုးျပလိုတာေၾကာင့္ျဖစ္တယ္လို႔
႐ိုးရွင္းစြာအေျဖေပးခဲ့ပါတယ္။ သူ႔ရဲ႕ VIBE with FIVE ေပါ့ကာ့စ္ကတစ္ဆင့္





ဖာဒီနန္က “ရက္ရွ္ဖို႔ဒ္၊ ဒီေန႔ ငါသိလိုက္ရတယ္၊ စကားမစပ္၊
ဒီေန႔ ဘ႐ူႏိုဖာနန္ဒက္စ္ကို အင္တာဗ်ဴးဖို႔ ကာရင္တန္ကိုသြားခဲ့ၿပီး





ဒါကအရမ္းေကာင္းပါတယ္။ ကလပ္အတြက္ ကာလရွည္အမႈထမ္းခဲ့တဲ့
ဧည့္ခံေရးမႉး ကာ့သ္ ကိုေတြ႕ခဲ့ၿပီး အဲ့ဒီအမ်ိဳးသမီးက
အသက္ ၅၆ ႏွစ္ေတာင္ရွိေနၿပီ။ ႐ူးသြပ္စရာပဲ။





ဒါေပမယ့္ ေအာင္ပြဲခံအခမ္းအနားကေတာ့ စိတ္ဓာတ္ပိုင္းဆိုင္ရာပါ။
ေကာင္းတယ္။ ႐ိုး႐ိုးရွင္းရွင္းပဲ။ ဒါေပမယ့္ ႀကီးႀကီးမားမား





ခရီးထြက္ခဲ့ပါတယ္။ ကမာၻတစ္ဝွမ္းက လူတိုင္း အခုလိုက္လုပ္ေနၾကတယ္။
ငယ္႐ြယ္တဲ့ ကေလးေတြအားလုံးဂိုးသြင္းေနၾကတယ္၊
ဒါက ရက္ရွ္ဖို႔ဒ္ရဲ႕သက္ေရာက္မႈပါပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။




