ဘရိူနိုမပါဝင်တဲ့ ကွင်းလယ်ဟာကွက်ကို ဗန်ဒီဘိခ် တာဝန်မယူနိုင်ခဲ့သလို ယူနိုက်တက်ဟာလည်း (၂၇)နှစ်အတွင်း ပရီးမီးယားလိဂ်အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့

ဘရူနိုဖာနန်ဒက်စ် မပါနိုင်တာက ကွင်းလယ်ပိုင်းကို အားနည်းစေပြီး ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးတဲ့အပိုင်းမှာ

ဗန်ဒီဘိခ်ကလည်း တာဝန်မကျေနိုင်ခဲ့ပါဘူး။ ယူနိုက်တက် ကစားသမားဘဝစတင်ကတည်းက

ပွဲထွက်ခွင့် မရဘဲ အရံခုံမှာသာ အချိန်ကုန်ခဲ့ရတဲ့ ဗန်ဒီဘိခ်အတွက်တော့

သူကစားခွင့်ရတဲ့ ပွဲစဉ်မှာလည်း အသင်းအတွက်ထိရောက်တဲ့ ပံ့ပိုးမှုတွေမလုပ်နိုင်တာက

စိတ်ပျက်စရာပါပဲ။ နည်းပြ တန်ဟက်အနေနဲ့လည်း ဒီပွဲမှာ သူ့တပည့် ဗန်ဒီဘိခ်ကို ပွဲထွက်သုံးခဲ့မိတဲ့အပေါ် နောင်တရနေလောက်ပါပြီ။

အေဂျက်စ်အသင်းက ဗန်ဒီဘိခ်ကို ယူနိုက်တက်မှာ ပြန်မြင်တွေ့ရဖို့က မဖြစ်နိုင်တော့ဘဲ အခုပွဲမှာလည်း ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။

ဗန်ဒီဘိခ် တာဝန်မကျေခဲ့တာကြောင့် အဲရစ်ဆင် ရှေ့တက်ကစားခဲ့ရတဲ့အတွက် ခံစစ်မှာ ကတ်စ်မဲရိုးတစ်ယောက်ပဲ ကျန်တော့လို့

ယူနိုက်တက်ကွင်းလယ်က နေရာလွတ်တွေ ဖြစ်ခဲ့တာကို အက်စ်တွန်ဗီလာတိုက်စစ်ကစားသမားတွေ ကောင်းကောင်းအသုံးချ သွားခဲ့တယ်လို့ ဆိုရမှာပါပဲ။

အူနိုင်းအမ်မရီကတော့ ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက ယူနိုက်တက်ကို ပယ်နယ်တီနဲ့အသည်းခွဲခဲ့သလို

သူ့ရဲ့ ပရီးမီးယားလိဂ်တစ်ကျော့ပြန် ခရီးအစမှာပဲ နောက်တစ်ကြိမ်အနိုင်ယူပြလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ကစားပုံအထနှေးမှုဟာ ပြိုင်ဘက်အသင်းတွေအတွက် သတိပြုမိစရာ အားနည်းချက်လိုဖြစ်နေပြီး

ဒီပွဲမှာ အက်စတွန်ဗီလာအသင်းဟာ ယူနိုက်တက်ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့ကာ

ဂိုးတွေကို ပထမပိုင်း၊ ဒုတိယပိုင်း ပွဲစစချင်းမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက် အတွက် အဓိက ကစားသမားတွေ မကစားနိုင်ချိန်မှာ အရံထဲ ကစားသမားကောင်းတွေမရှိတာက ဆိုးတဲ့အချက်ဖြစ်နေပြီး။

အန်တိုနီမပါဝင်တဲ့ ဝက်စ်ဟမ်းပွဲကစပီး တောင်ပံတိုက်စစ်ဟာလည်း အတော့ကို ညံ့ဖျင်းလွန်းလှပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား ဂါနာချိုဟာ အသင်းကြီးမှာ ပွဲထွက်ခွင့်တစ်နေရာရဖို့

အတွေ့အကြုံပိုင်း လိုအပ်နေသေးတယ်ဆိုတာ အခုပွဲက သက်သေခံနေပြီး ဘယ်ခြမ်းတိုက်စစ်မှာ အလုပ်မဖြစ်ခဲ့ပါဘူး။

ရပ်ရှ်ဖို့ဒ်ကတော့ ညာခြမ်းကစားရင် လူပိုကြီးဖြစ်သွားလေ့ရှိတဲ့အတိုင်းပဲ အက်စတွန်ဗီလာတိုက်စစ်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ဘဲ

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်နှစ်ခြမ်းစလုံးက အသက်မဲ့ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ မာစီယဲလ်၊ အီလန်ဂါတို့ ဝင်လာပေမယ့်

ယူနိုက်တက် တိုက်စစ် မတက်လာဘဲ နောက်ထပ်ချေပဂိုးတွေ မရတော့လို့ ပြိုင်ပွဲစုံ(၉)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်ခဲ့ရပါတယ်။

ဗီလာအသင်းအတွက်ဂိုးတွေကို ပွဲစလို့ (၇)မိနစ်မှာ ဘေလီ၊ (၁၁)မိနစ်မှာ ဒစ်ဂ်နေး၊ (၄၉)မိနစ်မှာ ဂျေကော့ဘ်ရမ်ဆေးတို့က သွင်းယူခဲ့ပြီး

ယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုးက လုခ်ရှောရဲ့ ကန်ချက်ကနေ ဂျေကော့ဘ်ရမ်ဆေးက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပါတယ်။

အက်စတွန်ဗီလာနည်းပြသစ် အူနိုင်းအမ်မရီကတော့ တာထွက်လှခဲ့ပြီး (၂၇)နှစ်အတွင်း ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ယူနိုက်တက်ကို ပထမဆုံးနိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

zawgyi

ဘ႐ိူႏိုမပါဝင္တဲ့ ကြင္းလယ္ဟာကြက္ကို ဗန္ဒီဘိခ္ တာဝန္မယူႏိုင္ခဲ့သလို

ယူႏိုက္တက္ဟာလည္း (၂၇)ႏွစ္အတြင္း ပရီးမီးယားလိဂ္အိမ္ကြင္းမွာ အက္စတြန္ဗီလာကို ပထမဆုံးအႀကိမ္ ရႈံးနိမ့္ခဲ့

ဘ႐ူႏိုဖာနန္ဒက္စ္ မပါႏိုင္တာက ကြင္းလယ္ပိုင္းကို အားနည္းေစၿပီး ကြင္းလယ္နဲ႔ တိုက္စစ္ကို ခ်ိတ္ဆက္ေပးတဲ့အပိုင္းမွာ

ဗန္ဒီဘိခ္ကလည္း တာဝန္မေက်ႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္ ကစားသမားဘဝစတင္ကတည္းက

ပြဲထြက္ခြင့္ မရဘဲ အရံခုံမွာသာ အခ်ိန္ကုန္ခဲ့ရတဲ့ ဗန္ဒီဘိခ္အတြက္ေတာ့

သူကစားခြင့္ရတဲ့ ပြဲစဥ္မွာလည္း အသင္းအတြက္ထိေရာက္တဲ့ ပံ့ပိုးမႈေတြမလုပ္ႏိုင္တာက

စိတ္ပ်က္စရာပါပဲ။ နည္းျပ တန္ဟက္အေနနဲ႔လည္း ဒီပြဲမွာ သူ႔တပည့္ ဗန္ဒီဘိခ္ကို ပြဲထြက္သုံးခဲ့မိတဲ့အေပၚ ေနာင္တရေနေလာက္ပါၿပီ။

ေအဂ်က္စ္အသင္းက ဗန္ဒီဘိခ္ကို ယူႏိုက္တက္မွာ ျပန္ျမင္ေတြ႕ရဖို႔က မျဖစ္ႏိုင္ေတာ့ဘဲ အခုပြဲမွာလည္း ဘာမွမလုပ္ျပႏိုင္ခဲ့ပါဘူး။

ဗန္ဒီဘိခ္ တာဝန္မေက်ခဲ့တာေၾကာင့္ အဲရစ္ဆင္ ေရွ႕တက္ကစားခဲ့ရတဲ့အတြက္ ခံစစ္မွာ ကတ္စ္မဲ႐ိုးတစ္ေယာက္ပဲ က်န္ေတာ့လို႔

ယူႏိုက္တက္ကြင္းလယ္က ေနရာလြတ္ေတြ ျဖစ္ခဲ့တာကို အက္စ္တြန္ဗီလာတိုက္စစ္ကစားသမားေတြ ေကာင္းေကာင္းအသုံးခ် သြားခဲ့တယ္လို႔ ဆိုရမွာပါပဲ။

အူႏိုင္းအမ္မရီကေတာ့ ၂၀၂၀-၂၁ ရာသီ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတုန္းက ယူႏိုက္တက္ကို ပယ္နယ္တီနဲ႔အသည္းခြဲခဲ့သလို

သူ႔ရဲ႕ ပရီးမီးယားလိဂ္တစ္ေက်ာ့ျပန္ ခရီးအစမွာပဲ ေနာက္တစ္ႀကိမ္အႏိုင္ယူျပလိုက္ပါတယ္။

ယူႏိုက္တက္ရဲ႕ ကစားပုံအထေႏွးမႈဟာ ၿပိဳင္ဘက္အသင္းေတြအတြက္ သတိျပဳမိစရာ အားနည္းခ်က္လိုျဖစ္ေနၿပီး

ဒီပြဲမွာ အက္စတြန္ဗီလာအသင္းဟာ ယူႏိုက္တက္ရဲ႕အားနည္းခ်က္ကို အခြင့္ေကာင္းယူႏိုင္ခဲ့ကာ

ဂိုးေတြကို ပထမပိုင္း၊ ဒုတိယပိုင္း ပြဲစစခ်င္းမွာပဲ သြင္းယူႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ အတြက္ အဓိက ကစားသမားေတြ မကစားႏိုင္ခ်ိန္မွာ အရံထဲ ကစားသမားေကာင္းေတြမရွိတာက ဆိုးတဲ့အခ်က္ျဖစ္ေနၿပီး။

အန္တိုနီမပါဝင္တဲ့ ဝက္စ္ဟမ္းပြဲကစပီး ေတာင္ပံတိုက္စစ္ဟာလည္း အေတာ့ကို ညံ့ဖ်င္းလြန္းလွပါတယ္။

ယူႏိုက္တက္ လူငယ္တိုက္စစ္ကစားသမား ဂါနာခ်ိဳဟာ အသင္းႀကီးမွာ ပြဲထြက္ခြင့္တစ္ေနရာရဖို႔

အေတြ႕အႀကဳံပိုင္း လိုအပ္ေနေသးတယ္ဆိုတာ အခုပြဲက သက္ေသခံေနၿပီး ဘယ္ျခမ္းတိုက္စစ္မွာ အလုပ္မျဖစ္ခဲ့ပါဘူး။

ရပ္ရွ္ဖို႔ဒ္ကေတာ့ ညာျခမ္းကစားရင္ လူပိုႀကီးျဖစ္သြားေလ့ရွိတဲ့အတိုင္းပဲ အက္စတြန္ဗီလာတိုက္စစ္ကို ထိေရာက္တဲ့ ထိုးေဖာက္မႈေတြ မလုပ္ႏိုင္ခဲ့ဘဲ

ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ႏွစ္ျခမ္းစလုံးက အသက္မဲ့ခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ မာစီယဲလ္၊ အီလန္ဂါတို႔ ဝင္လာေပမယ့္

ယူႏိုက္တက္ တိုက္စစ္ မတက္လာဘဲ ေနာက္ထပ္ေခ်ပဂိုးေတြ မရေတာ့လို႔ ၿပိဳင္ပြဲစုံ(၉)ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္း အဆုံးသတ္ခဲ့ရပါတယ္။

ဗီလာအသင္းအတြက္ဂိုးေတြကို ပြဲစလို႔ (၇)မိနစ္မွာ ေဘလီ၊ (၁၁)မိနစ္မွာ ဒစ္ဂ္ေနး၊ (၄၉)မိနစ္မွာ ေဂ်ေကာ့ဘ္ရမ္ေဆးတို႔က သြင္းယူခဲ့ၿပီး

ယူႏိုက္တက္အတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးက လုခ္ေရွာရဲ႕ ကန္ခ်က္ကေန ေဂ်ေကာ့ဘ္ရမ္ေဆးက ကိုယ့္ဂိုးကိုယ္ သြင္းယူခဲ့ပါတယ္။

အက္စတြန္ဗီလာနည္းျပသစ္ အူႏိုင္းအမ္မရီကေတာ့ တာထြက္လွခဲ့ၿပီး (၂၇)ႏွစ္အတြင္း ပရီးမီးယားလိဂ္အိမ္ကြင္းပြဲမွာ ယူႏိုက္တက္ကို ပထမဆုံးႏိုင္ပြဲရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။