ဘရိုက်တန်နဲ့ဆက်ဆံရေးထိခိုက်မှာစိုးတာကြောင့် ဂျော်ဂျင်ဟိုဘက်ကို ဂန်းနားတွေ မြှားဦးလှည့်လာ

အာဆင်နယ်အသင်းဟာ ကွင်းလယ်တစ်နေရာစာအတွက် ချဲလ်ဆီး

ကြယ်ပွင့်ဂျော်ဂျင်ဟိုကို အာရုံစိုက်လာခဲ့တယ်လို့ Dailymail သတင်းစာက

ဖော်ပြလိုက်ပါတယ်။ အီတလီလက်ရွေးစင်ကိုခေါ်ယူရေးနဲ့ပက်သတ်လို့တော့

အစောပိုင်းအဆင့်မှာသာရှိသေးပေမဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်

မတိုင်ခင်မှာ သဘောတူညီမှုရယူနိုင်တဲ့အရိပ်အယောင်တွေရှိနေတာ

ဖြစ်တယ်။ ချဲလ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်နောက်ကို

အကြိတ်အနယ်လိုက်နေသလို အာဆင်နယ်ရဲ့မွိုက်ဆက်ကိုင်စီဒိုအပေါ်

ကြိုးစားမှုတွေကလည်း အကြိမ်ကြိမ်ပယ်ချခံထားရပါတယ်။

ဂန်နားတွေဟာ ကိုင်စီဒိုအတွက် ဘရိုက်တန်ထံကို တတိယအကြိမ်မြောက်

ကမ်းလှမ်းဖို့ပြင်ဆင်နေချိန်မှာ ဂျော်ဂျင်ဟိုနဲ့သတင်းထွက်လာတာဖြစ်တယ်။

တနည်းအားဖြင့်တော့ အာဆင်နယ်ဘက်က ဘရိုက်တန်နဲ့ဆက်ဆံရေး

ပျက်စီးသွားမှာကို မလိုလားတော့ပါဘူး။ နှစ်သင်းကြားဆက်ဆံရေးကောင်း

ရှိသလို ရာသီအစမှာ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ဂန်းနားတွေက

ပေါင်သန်း ၅၀ နဲ့ခေါ်ယူခဲ့ဖူးတာဖြစ်တယ်။ ကိုင်စီဒိုကိုလိုချင်ပေမဲ့

အတင်းအကြပ်လုပ်ဆောင်တာမျိုးဟာ တောင်ကမ်းရိုးတန်းကလပ်ကို

မလေးစားရာကျနေတယ်လို့ အာဆင်နယ်ဘက်ကခံယူလိုက်တာပါ။

ဒါကြောင့် ဇန်နဝါရီဈေးကွက်မပိတ်သိမ်းခင်မှာ သူတို့လိုချင်တဲ့

ကွင်းလယ်တစ်နေရာစာအတွက် ချဲလ်ဆီးရဲ့ဂျော်ဂျင်ဟိုကို

အဓိကအာရုံစိုက်လာခဲ့သလို လက်စတာရဲ့ တိုင်လီမန်းစ်နဲ့

အဲဗာတန်ရဲ့ အိုနာနာတို့ကလည်း ဖြစ်နိုင်ခြေစာရင်းထဲပါဝင်နေပါတယ်။

zawgyi

ဘ႐ိုက္တန္နဲ႔ဆက္ဆံေရးထိခိုက္မွာစိုးတာေၾကာင့္ ေဂ်ာ္ဂ်င္ဟိုဘက္ကို ဂန္းနားေတြ ျမႇားဦးလွည့္လာ

အာဆင္နယ္အသင္းဟာ ကြင္းလယ္တစ္ေနရာစာအတြက္ ခ်ဲလ္ဆီး

ၾကယ္ပြင့္ေဂ်ာ္ဂ်င္ဟိုကို အာ႐ုံစိုက္လာခဲ့တယ္လို႔ Dailymail သတင္းစာက

ေဖာ္ျပလိုက္ပါတယ္။ အီတလီလက္ေ႐ြးစင္ကိုေခၚယူေရးနဲ႔ပက္သတ္လို႔ေတာ့

အေစာပိုင္းအဆင့္မွာသာရွိေသးေပမဲ့ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္

မတိုင္ခင္မွာ သေဘာတူညီမႈရယူႏိုင္တဲ့အရိပ္အေယာင္ေတြရွိေနတာ

ျဖစ္တယ္။ ခ်ဲလ္ဆီးအသင္းဟာ အန္ဇိုဖာနန္ဒက္ဇ္ေနာက္ကို

အႀကိတ္အနယ္လိုက္ေနသလို အာဆင္နယ္ရဲ႕မြိဳက္ဆက္ကိုင္စီဒိုအေပၚ

ႀကိဳးစားမႈေတြကလည္း အႀကိမ္ႀကိမ္ပယ္ခ်ခံထားရပါတယ္။

ဂန္နားေတြဟာ ကိုင္စီဒိုအတြက္ ဘ႐ိုက္တန္ထံကို တတိယအႀကိမ္ေျမာက္

ကမ္းလွမ္းဖို႔ျပင္ဆင္ေနခ်ိန္မွာ ေဂ်ာ္ဂ်င္ဟိုနဲ႔သတင္းထြက္လာတာျဖစ္တယ္။

တနည္းအားျဖင့္ေတာ့ အာဆင္နယ္ဘက္က ဘ႐ိုက္တန္နဲ႔ဆက္ဆံေရး

ပ်က္စီးသြားမွာကို မလိုလားေတာ့ပါဘူး။ ႏွစ္သင္းၾကားဆက္ဆံေရးေကာင္း

ရွိသလို ရာသီအစမွာ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ဂန္းနားေတြက

ေပါင္သန္း ၅၀ နဲ႔ေခၚယူခဲ့ဖူးတာျဖစ္တယ္။ ကိုင္စီဒိုကိုလိုခ်င္ေပမဲ့

အတင္းအၾကပ္လုပ္ေဆာင္တာမ်ိဳးဟာ ေတာင္ကမ္း႐ိုးတန္းကလပ္ကို

မေလးစားရာက်ေနတယ္လို႔ အာဆင္နယ္ဘက္ကခံယူလိုက္တာပါ။

ဒါေၾကာင့္ ဇန္နဝါရီေဈးကြက္မပိတ္သိမ္းခင္မွာ သူတို႔လိုခ်င္တဲ့

ကြင္းလယ္တစ္ေနရာစာအတြက္ ခ်ဲလ္ဆီးရဲ႕ေဂ်ာ္ဂ်င္ဟိုကို

အဓိကအာ႐ုံစိုက္လာခဲ့သလို လက္စတာရဲ႕ တိုင္လီမန္းစ္နဲ႔

အဲဗာတန္ရဲ႕ အိုနာနာတို႔ကလည္း ျဖစ္ႏိုင္ေျခစာရင္းထဲပါဝင္ေနပါတယ္။