ဘရိုက်တန်ကိုရှုံးခဲ့လို့ စိတ်ပျက်လက်ပျက်နဲ့ လူဝယ်ခိုင်းနေတဲ့ အာတီတာ

ဘရိုက်တန်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီမှာ ကစားသမားအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ မဖြစ်မနေကို

လိုအပ်နေပြီလို့ ငြီးတွားခဲ့ပါတယ်။ လက်ရှိအာဆင်နယ်အသင်းဟာ အရန်ကစားသမား လုံလောက်မှု အားနည်း တဲ့အတွက် ကစားသမားအပြောင်းအလဲတွေ အများကြီး ပြုလုပ်တဲ့အခါ

အားနည်းချက်တွေ အများကြီး ရှိလာတယ်လို့ အာတီတာက ယူဆနေပါတယ်။ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာတီတာဟာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ အသင်းလူစာရင်းအပေါ်

အပြောင်းအလဲ ၁၀ ခုအထိ ပြုလုပ်ခဲ့ပြီး အာဆင်နယ်ကို ပွဲထွက်စေခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းမှာတင် ဘရိုက်တန်အသင်းရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ပွဲချိန် ၁၁ မိနစ်မှာ အန်ကီတီယာရဲ့

သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမဲ့ အနိုင်ရဖို့အထိတော့ မလုံလောက်ခဲ့ပါဘူး။ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့အသင်းဖြစ်သလို

ယူရိုပါလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီဖြစ်ပေမဲ့ ဇန်နဝါ ရီမှာတော့ ကစားသမားအင်အား ဖြည့်တင်းမှု မဖြစ်မနေ လိုအပ်နေပြီဖြစ် တယ်လို့ အာတီတာက ဆိုပါတယ်။

‘’ဒါက ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ လူစာရင်းပဲ။ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး အကျိုးရှိရှိ အသုံးချရမှာပါ။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ လူစာရင်း နည်းနည်းလေးနဲ့ပဲ လာခဲ့ရတာ။

နိုင်ပွဲရဖို့အတွက် ပင်နယ်တီဧရိယာထဲမှာ ကျွန်တော်တို့ လုပ်ရမယ့်ဟာ တွေကို မလုပ်ခဲ့တာကြောင့် ဒီအတွက် ကျွန်တော်တို့ ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့တုန်းကလည်း

ဒီလူစာရင်းပါပဲ။ ကျွန် တော် အစကတည်းက ပြောခဲ့ပါတယ်။ အသင်းမှာ လူစာရင်းက နည်းနေတယ်လို့။ တစ်ဖက်မှာ ကျွန်တော်တို့ ကစားသမားတွေကို ထားခဲ့ရသေးတယ်။ ဒါက ကျွန်တော်တို့မှာ ရှိတာပဲ။

အကုန်လုံးက ဒဏ်ရာကင်းစင်ပြီး အဆင်သင့်ရှိနေတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီကာလက ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ။ ဒါကို ကျွန်တော် အပြောင်းအရွှေ့ဈေးကွက်

စဖွင့်ကတည်းက ပြောခဲ့တာပါ’’ လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ဘရိုက်တန်ကတော့ ခါရာဘောင်ဖလား ၁၆ သင်း အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

(Zawgyi)

ဘ႐ိုက္တန္ကိုရႈံးခဲ့လို႔ စိတ္ပ်က္လက္ပ်က္နဲ႔ လူဝယ္ခိုင္းေနတဲ့ အာတီတာ

ဘ႐ိုက္တန္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာက အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီမွာ ကစားသမားအင္အား ျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔

မျဖစ္မေနကို လိုအပ္ေနၿပီလို႔ ၿငီးတြားခဲ့ပါတယ္။ လက္ရွိအာဆင္နယ္အသင္းဟာ အရန္ကစားသမား လုံေလာက္မႈ အားနည္း တဲ့အတြက္ ကစားသမားအေျပာင္းအလဲေတြ

အမ်ားႀကီး ျပဳလုပ္တဲ့အခါ အား နည္းခ်က္ေတြ အမ်ားႀကီး ရွိလာတယ္လို႔ အာတီတာက ယူဆေနပါတယ္။ ဘ႐ိုက္တန္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အာတီတာဟာ ခ်ဲလ္ဆီးကို အႏိုင္ရခဲ့တဲ့

အသင္းလူစာရင္းအေပၚ အေျပာင္းအလဲ ၁၀ ခုအထိ ျပဳလုပ္ခဲ့ၿပီး အာဆင္နယ္ကို ပြဲထြက္ေစခဲ့တာပါ။ ဒါေၾကာင့္ ပထမပိုင္းမွာတင္ ဘ႐ိုက္တန္အသင္းရဲ႕ လႊမ္းမိုးမႈကို ခံခဲ့ရၿပီး

ပြဲခ်ိန္ ၁၁ မိနစ္မွာ အန္ကီတီယာရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ ႏိုင္ခဲ့ေပမဲ့ အႏိုင္ရဖို႔အထိေတာ့ မလုံေလာက္ခဲ့ပါဘူး။ အာဆင္နယ္ဟာ လက္ ရွိ ပရီးမီးယားလိဂ္

အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့အသင္းျဖစ္သလို ယူ႐ိုပါလိဂ္မွာလည္း ၁၆ သင္းအဆင့္ကို တက္ေရာက္ထားၿပီျဖစ္ေပမဲ့ ဇန္နဝါ ရီမွာေတာ့

ကစားသမားအင္အား ျဖည့္တင္းမႈ မျဖစ္မေန လိုအပ္ေနၿပီျဖစ္ တယ္လို႔ အာတီတာက ဆိုပါတယ္။ ‘’ဒါက ကြၽန္ေတာ္တို႔အသင္းမွာ ရွိေနတဲ့ လူစာရင္းပဲ။

အေကာင္းဆုံးျဖစ္ေအာင္ အတတ္ႏိုင္ဆုံး အက်ိဳးရွိရွိ အသုံးခ်ရ မွာပါ။ ဒီေန႔ပြဲမွာေတာ့ ကြၽန္ေတာ္တို႔ လူစာရင္း နည္းနည္းေလးနဲ႔ပဲ လာခဲ့ရ တာ။

ႏိုင္ပြဲရဖို႔အတြက္ ပင္နယ္တီဧရိယာထဲမွာ ကြၽန္ေတာ္တို႔ လုပ္ရမယ့္ဟာ ေတြကို မလုပ္ခဲ့တာေၾကာင့္ ဒီအတြက္ ကြၽန္ေတာ္တို႔ ေပးဆပ္လိုက္ရတာ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တုန္းကလည္း ဒီလူစာရင္းပါပဲ။ ကြၽန္ ေတာ္ အစကတည္းက ေျပာခဲ့ပါတယ္။ အသင္းမွာ လူစာရင္းက နည္း ေနတယ္လို႔။

တစ္ဖက္မွာ ကြၽန္ေတာ္တို႔ ကစားသမားေတြကို ထားခဲ့ရေသး တယ္။ ဒါက ကြၽန္ေတာ္တို႔မွာ ရွိတာပဲ။ အကုန္လုံးက ဒဏ္ရာကင္းစင္ၿပီး အ ဆင္သင့္ရွိေနတယ္ဆိုရင္ေတာ့

ေကာင္းတာေပါ့။ ဒါေပမဲ့ ဒီကာလက ခင္ဗ်ား တို႔ သိတဲ့အတိုင္းပဲေလ။ ဒါကို ကြၽန္ေတာ္ အေျပာင္းအေ႐ႊ႕ေဈးကြက္ စဖြင့္က တည္းက ေျပာခဲ့တာပါ’’

လို႔ အာတီတာက ေျပာဆိုသြားခဲ့ပါတယ္။ အာဆင္ နယ္ကို အႏိုင္ရခဲ့တဲ့ ဘ႐ိုက္တန္ကေတာ့ ခါရာေဘာင္ဖလား ၁၆ သင္း အဆင့္ကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။