
နည်းပြဘဝမှာ ချန်ပီယံလိဂ်ဆုဖလား ၄ကြိမ်အထိပိုင်ဆိုင်ထားတဲ့





အန်ဆလော့တီဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဘရာဇီးအသင်းရဲ့
ပထမဆုံးနိုင်ငံခြားသားနည်းပြဖြစ်လာဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ်။





နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အေစီမီလန်နဲ့
ရီးရဲလ်တိုက်စစ်မှူးဟောင်း ကာကာဟာ ဘရာဇီးအသင်းဒါရိုက်တာသစ်
ဖြစ်လာဖို့ရှိနေပြီး အန်ဆလော့တီကနည်းပြအဖြစ်တာဝန်ယူသွားဖို့





ရှိနေတာဖြစ်တယ်။ ဆမ်ဘာတွေဟာ ကာတာကမ္ဘာ့ဖလား
ကွာတားဖိုင်နယ်မှာ ခရိုအေးရှားက ပင်နယ်တီအဆုံးအဖြတ်နဲ့





မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြတီတီဟာ ရာထူးကနေ
နှုတ်ထွက်သွားခဲ့ပါတယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဘက်က
နည်းပြသစ်အပူတပြင်းရှာဖွေခဲ့ပြီး မော်ရင်ဟို၊ အင်းနရစ်၊ ဂွါဒီယိုလာတို့နဲ့





သတင်းတွေထွက်ခဲ့တာပါ။ လက်ရှိစိန်ခေါ်နိုင်သူစာရင်းကိုတော့
အန်ဆလော့တီက ဦးဆောင်ထားပြီး ကာကာနဲ့လက်တွဲဖို့အတွက်





ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အီတလီသားနဲ့
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကြားမှာ ပြီးပြည့်စုံတဲ့သဘောတူညီချက်
မရသေးပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအထိ ကိုင်တွယ်မယ့် ၃နှစ်စာချုပ်





တစ်ရပ်နဲ့ သဘောတူထားတယ်လို့ သတင်းထွက်နေတာဖြစ်တယ်။
ဒါပေမဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဘက်က ပယ်ချထားသလို





အန်ဆလော့တီကလည်း ရီးရဲလ်ကိုကျောခိုင်းဖို့အကြောင်းတစ်ခွန်းတောင်
မဟသေးပါဘူး။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ လက်ရှိ
ထွက်ပေါ်နေတဲ့ ကောလဟလတွေနဲ့ပက်သတ်ပြီး အန်ဆလော့တီက





“ကျွန်တော် ရီးရဲလ်နဲ့ ၂၀၂၄ အထိစာချုပ်သက်တမ်းရှိနေပါတယ်” လို့ ရိုးရိုးလေးဖြေရှင်းထားပါတယ်။
zawgyi





ဘရာဇီးအသင္း ဒါ႐ိုက္တာသစ္ျဖစ္လာဖို႔ရွိတဲ့ ကာကာနဲ႔လက္တြဲလုပ္ေဆာင္ဖို႔ အန္ဆေလာ့တီ ခ်ိတ္ဆက္ေန
နည္းျပဘဝမွာ ခ်န္ပီယံလိဂ္ဆုဖလား ၄ႀကိမ္အထိပိုင္ဆိုင္ထားတဲ့
အန္ဆေလာ့တီဟာ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ဘရာဇီးအသင္းရဲ႕





ပထမဆုံးႏိုင္ငံျခားသားနည္းျပျဖစ္လာဖို႔ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ ေအစီမီလန္နဲ႔





ရီးရဲလ္တိုက္စစ္မႉးေဟာင္း ကာကာဟာ ဘရာဇီးအသင္းဒါ႐ိုက္တာသစ္
ျဖစ္လာဖို႔ရွိေနၿပီး အန္ဆေလာ့တီကနည္းျပအျဖစ္တာဝန္ယူသြားဖို႔
ရွိေနတာျဖစ္တယ္။ ဆမ္ဘာေတြဟာ ကာတာကမာၻ႔ဖလား





ကြာတားဖိုင္နယ္မွာ ခ႐ိုေအးရွားက ပင္နယ္တီအဆုံးအျဖတ္နဲ႔
မထင္မွတ္ဘဲ အေရးနိမ့္ခဲ့ၿပီးေနာက္ နည္းျပတီတီဟာ ရာထူးကေန





ႏႈတ္ထြက္သြားခဲ့ပါတယ္။ ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္က
နည္းျပသစ္အပူတျပင္းရွာေဖြခဲ့ၿပီး ေမာ္ရင္ဟို၊ အင္းနရစ္၊ ဂြါဒီယိုလာတို႔နဲ႔
သတင္းေတြထြက္ခဲ့တာပါ။ လက္ရွိစိန္ေခၚႏိုင္သူစာရင္းကိုေတာ့





အန္ဆေလာ့တီက ဦးေဆာင္ထားၿပီး ကာကာနဲ႔လက္တြဲဖို႔အတြက္
ခ်ိတ္ဆက္မႈေတြျပဳလုပ္ေနတယ္လို႔သိရပါတယ္။ အီတလီသားနဲ႔





ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ၾကားမွာ ၿပီးျပည့္စုံတဲ့သေဘာတူညီခ်က္
မရေသးေပမဲ့ ၂၀၂၆ ကမာၻ႔ဖလားအထိ ကိုင္တြယ္မယ့္ ၃ႏွစ္စာခ်ဳပ္
တစ္ရပ္နဲ႔ သေဘာတူထားတယ္လို႔ သတင္းထြက္ေနတာျဖစ္တယ္။





ဒါေပမဲ့ ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္က ပယ္ခ်ထားသလို
အန္ဆေလာ့တီကလည္း ရီးရဲလ္ကိုေက်ာခိုင္းဖို႔အေၾကာင္းတစ္ခြန္းေတာင္





မဟေသးပါဘူး။ သတင္းစာရွင္းလင္းပြဲတစ္ခုမွာေတာ့ လက္ရွိ
ထြက္ေပၚေနတဲ့ ေကာလဟလေတြနဲ႔ပက္သတ္ၿပီး အန္ဆေလာ့တီက
“ကြၽန္ေတာ္ ရီးရဲလ္နဲ႔ ၂၀၂၄ အထိစာခ်ဳပ္သက္တမ္းရွိေနပါတယ္” လို႔ ႐ိုး႐ိုးေလးေျဖရွင္းထားပါတယ္။




