ဘရာဇီးအသင်းအတွက်ပွဲထွက်ကစားခွင့်ရနိုင်တဲ့ အင်္ဂလန်ကစားသမားနှစ်ယောက်သာ ရှိတယ်လို့ ကားလို့စ် ဆွဲထုတ်ပြလိုက်

ဘရာဇီးဂန္တဝင်ဘယ်နောက်ခံလူဟောင်း ရောဘတ်တိုကားလို့စ်က လက်ရှိအင်္ဂလန်အသင်းလူစာရင်းထဲမှာ ဆမ်ဘာတွေအတွက် ပွဲထွက်ကစားခွင့်ရနိုင်သူ ၂ဦး သာရှိတယ်လို့အခိုင်အမာပြောဆိုလိုက်ပါတယ်။

ကားလို့စ်ဟာ ၂၀၀၂ ကမ္ဘာ့ချန်ပီယံ ဘရာဇီးအသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံတကာအမြင့်ဆုံးပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် အဓိကအချက် ၂ချက် လောက်ကိုသိရှိထားတယ်လို့ဆိုပါတယ်။

ကမ္ဘာ့ချန်ပီယံ ၅ကြိမ်ဖြစ်ထားတဲ့ ဘရာဇီးအသင်းဟာ ပထမဆုံးအကြိမ်ဆောင်းရာသီမှာကျင်းပမဲ့ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းထဲပါဝင်နေတာဖြစ်တယ်။ ကားလို့စ်က

ဘရာဇီးအတွက်ပွဲထွက်ကစားခွင့်ရနိုင်တဲ့ ကစားသမားနှစ်ဦးအဖြစ် ဟယ်ရီကိန်းနဲ့ အာနိုးကိုရွေးချယ်ခဲ့တာဖြစ်တယ်။ “အာနိုးရှိနေမှာပါ။ သူက အကောင်းဆုံးတွေထဲပါ ပါတယ်။

ဟယ်ရီကိန်းလည်း ကစားသမားကောင်းပါ။ နာမည်ကြီးရုံတင်မဟုတ်ဘဲ ကမ္ဘာ့ဖလားမှာပါဝင်ဖို့အဆင်သင့်ဖြစ်နေတဲ့ ကစားသမားတွေနဲ့ မင်းမှာအသင်းကောင်းတစ်သင်းရှိတယ်၊

ဒါမှမဟုတ် ဘရာဇီးအသင်းအတွက် ကစားပေးဖို့အတွက်ဆိုပါတော့။ ကျွန်တော် ကိန်းနဲ့ အာနိုးကိုပဲပြောမိမှာဖြစ်ပေမဲ့ ဒီထက်ပိုရှိနိုင်ပါသေးတယ်။

အင်္ဂလန်အသင်းမှာအရည်အသွေးတွေအများကြီးရှိတယ်။ မင်းမှာလည်း အရည်အသွေးတွေအများကြီးရှိတယ်” လို့ Daily Telegraph သတင်းစာနဲ့တွေ့ဆုံမှုမှာ

ကားလို့စ်ကဖွင့်ဟခဲ့တာဖြစ်တယ်။ ဆက်လက်ပြီး ကားလို့စ်က နည်းပြထီထီရဲ့ ဘရာဇီးအသင်းချန်ပီယံဖြစ်ခွင့်ရှိနေတယ်လို့ ဆိုပါတယ်။ “ဘရာဇီးလက်ရွေးစင်အမျိုးသားရော၊

အမျိုးသမီးအသင်းပါ ပျော်ရွှင်ဖွယ်ရာအငွေ့အသက်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ လူတွေကိုပျော်အောင်နဲ့ ကြီးကျယ်ခမ်းနားတဲ့

ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာပျော်ရွှင်မှုတွေကိုအိမ်ပြန်သယ်လာနိုင်ဖို့ပဲဖြစ်တယ်။ ဘရာဇီး၊ ဘောလုံးတိုင်းပြည်။ ငါတို့မရတာကြာပြီ…အခုရဖို့အချိန်တန်ပြီ။

ဒါဟာဘောလုံးအတွက် အရမ်းထူးခြားတဲ့အခိုက်အတန့်ပါပဲ” လို့ ကာလို့စ်က ပြောဆိုလိုက်ပါတယ်။

(Zawgyi)

ဘရာဇီးအသင္းအတြက္ပြဲထြက္ကစားခြင့္ရႏိုင္တဲ့ အဂၤလန္ကစားသမားႏွစ္ေယာက္သာ ရွိတယ္လို႔ ကားလို႔စ္ ဆြဲထုတ္ျပလိုက္

ဘရာဇီးဂႏၲဝင္ဘယ္ေနာက္ခံလူေဟာင္း ေရာဘတ္တိုကားလို႔စ္က လက္ရွိအဂၤလန္အသင္းလူစာရင္းထဲမွာ ဆမ္ဘာေတြအတြက္ပြဲထြက္ကစားခြင့္ရႏိုင္သူ ၂ဦး သာရွိတယ္လို႔

အခိုင္အမာေျပာဆိုလိုက္ပါတယ္။ ကားလို႔စ္ဟာ ၂၀၀၂ ကမာၻ႔ခ်န္ပီယံ ဘရာဇီးအသင္းမွာပါဝင္ခဲ့သူျဖစ္ၿပီး ႏိုင္ငံတကာအျမင့္ဆုံးၿပိဳင္ပြဲမွာေအာင္ျမင္မႈရဖို႔အတြက္

အဓိကအခ်က္ ၂ခ်က္ ေလာက္ကိုသိရွိထားတယ္လို႔ဆိုပါတယ္။ ကမာၻ႔ခ်န္ပီယံ ၅ႀကိမ္ျဖစ္ထားတဲ့ ဘရာဇီးအသင္းဟာ ပထမဆုံးအႀကိမ္ေဆာင္းရာသီမွာက်င္းပမဲ့ၿပိဳင္ပြဲမွာလည္း ဗိုလ္စြဲဖို႔

ေရပန္းစားတဲ့အသင္းထဲပါဝင္ေနတာျဖစ္တယ္။ ကားလို႔စ္က ဘရာဇီးအတြက္ပြဲထြက္ကစားခြင့္ရႏိုင္တဲ့ ကစားသမားႏွစ္ဦးအျဖစ္ ဟယ္ရီကိန္းနဲ႔ အာႏိုးကိုေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။

“အာႏိုးရွိေနမွာပါ။ သူက အေကာင္းဆုံးေတြထဲပါ ပါတယ္။ ဟယ္ရီကိန္းလည္း ကစားသမားေကာင္းပါ။ နာမည္ႀကီး႐ုံတင္မဟုတ္ဘဲ ကမာၻ႔ဖလားမွာပါဝင္ဖို႔အဆင္သင့္ျဖစ္ေနတဲ့

ကစားသမားေတြနဲ႔ မင္းမွာအသင္းေကာင္းတစ္သင္းရွိတယ္၊ ဒါမွမဟုတ္ ဘရာဇီးအသင္းအတြက္ကစားေပးဖို႔အတြက္ဆိုပါေတာ့။ ကြၽန္ေတာ္ ကိန္းနဲ႔

အာႏိုးကိုပဲေျပာမိမွာျဖစ္ေပမဲ့ ဒီထက္ပိုရွိႏိုင္ပါေသးတယ္။ အဂၤလန္အသင္းမွာအရည္အေသြးေတြအမ်ားႀကီးရွိတယ္။ မင္းမွာလည္း အရည္အေသြးေတြအမ်ားႀကီးရွိတယ္” လို႔

Daily Telegraph သတင္းစာနဲ႔ေတြ႕ဆုံမႈမွာ ကားလို႔စ္ကဖြင့္ဟခဲ့တာျဖစ္တယ္။ ဆက္လက္ၿပီး ကားလို႔စ္က နည္းျပထီထီရဲ႕ ဘရာဇီးအသင္းခ်န္ပီယံျဖစ္ခြင့္ရွိေနတယ္လို႔ ဆိုပါတယ္။

“ဘရာဇီးလက္ေ႐ြးစင္အမ်ိဳးသားေရာ၊ အမ်ိဳးသမီးအသင္းပါ ေပ်ာ္႐ႊင္ဖြယ္ရာအေငြ႕အသက္ကိုထိန္းသိမ္းထားႏိုင္ပါတယ္။ တစ္ခုတည္းေသာနည္းလမ္းကေတာ့

လူေတြကိုေပ်ာ္ေအာင္နဲ႔ ႀကီးက်ယ္ခမ္းနားတဲ့ ဒီကမာၻ႔ဖလားၿပိဳင္ပြဲမွာေပ်ာ္႐ႊင္မႈေတြကိုအိမ္ျပန္သယ္လာႏိုင္ဖို႔ပဲျဖစ္တယ္။ ဘရာဇီး၊ ေဘာလုံးတိုင္းျပည္။

ငါတို႔မရတာၾကာၿပီ…အခုရဖို႔အခ်ိန္တန္ၿပီ။ ဒါဟာေဘာလုံးအတြက္ အရမ္းထူးျခားတဲ့အခိုက္အတန႔္ပါပဲ” လို႔ ကာလို႔စ္က ေျပာဆိုလိုက္ပါတယ္။