ဘရာဇီးအသင်းသားတွေကြားမှာ ဖရက်ဒ်အနိုင်ကျင့်ခံနေရတဲ့ ရုပ်သံမှတ်တမ်းတွေထွက်ပေါ်လာ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဘရာဇီးအသင်းသားတွေကတော့ ယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်ကို တစ်ကြိမ်မကအနိုင်ကျင့်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေထွက်ပေါ်လာခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ကာတာမသွားခင် အီတလီနိုင်ငံ၊ တူရင်မြို့မှာ ဘရာဇီးအသင်းကလေ့ကျင့်ရေးအတွက် အခြေစိုက်ခဲ့တာဖြစ်တယ်။ လေ့ကျင့်ရေးကွင်းထဲမှာ ဖရက်ဒ်က

အသင်းဖော်တွေကိုမလုပ်ဖို့အကြိမ်ကြိမ်တောင်းပန်နေပေမဲ့ ဝါရင့်ကစားသမားဒန်နီအဲလ်ဗက်စ်ဦးဆောင်တဲ့ဘရာဇီးအသင်းသားတွေက ဝိုင်းဝန်းထိုးကြိတ်နေခဲ့သလို

ဘာစီလိုနာကစားသမားရာဖင်ဟာက ယူနိုက်တက်ကွင်းလယ်လူရဲ့ခြေထောက်တွေကိုချုပ်ထားပြီး ရစ်ချာလီဆန်ကိုခေါင်းကို လက်နဲ့ရိုက်ခဲ့ပါတယ်။ ဖရက်ဒ်ဘယ်လိုပြုမူခဲ့လို့

အခုလိုဝိုင်းဆော်ခံရမှန်းမသိပေမဲ့ ဘရာဇီးအသင်းသားတွေကြားမှာတော့ ဒါဟာကောင်းတဲ့အရိပ်အယောင်တွေဖြစ်တယ်။ နောက်တော့ အသင်းသားတွေဟာ ကာတာမသွားခင်မှတ်တမ်းတင်

ဓာတ်ပုံအမြန်ရိုက်ဖို့စီစဉ်ခဲ့ပြီး ဖရက်ဒ်က နေမာထိုင်ရမယ့်နေရာမှာရောက်နေခဲ့ပါတယ်။ ဒီလိုအနေအထားမှာတော့ စပါးတိုက်စစ်မှူးရစ်ချာလီဆန်က ဖရက်ဒ်ကိုလက်ဆွဲခေါ်လိုက်ပြီး

အဝေးဆုံးတစ်နေရာမှာသွားထိုင်စေခဲ့ပါတယ်။ ပုံမှန်အားဖြင့်အသင်းလိုက်ဓာတ်ပုံတွေမှာ အသင်းခေါင်းဆောင်တွေနဲ့ ကြယ်ပွင့်ကစားသမားတွေဟာ နည်းပြချုပ်နဲ့အနီးဆုံးဖြစ်တဲ့

အလယ်တည့်တည့်မှာထိုင်လေ့ရှိကြပါတယ်။ ဒါကြောင့်ကြယ်ပွင့်မဟုတ်ဘဲ အလယ်ရောက်နေတဲ့ ဖရက်ဒ်ကို ရစ်ချာလီဆန်ကဆွဲခေါ်သွားခဲ့တဲ့ပုံစံဖြစ်တယ်။

နောက်ဆုံးမှတ်တမ်းတင်ပုံရိပ်မှာတော့ နေမာကအလယ်တည့်တည့်ရောက်သွားပြီး ဖရက်ဒ်ကတော့ အလယ်နဲ့ခပ်ဝေးဝေးနေရာကိုရောက်နေခဲ့ပါတယ်။

(Zawgyi)

ဘရာဇီးအသင္းသားေတြၾကားမွာ ဖရက္ဒ္အႏိုင္က်င့္ခံေနရတဲ့ ႐ုပ္သံမွတ္တမ္းေတြထြက္ေပၚလာ

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ဘရာဇီးအသင္းသားေတြကေတာ့ ယူႏိုက္တက္ကြင္းလယ္လူဖရက္ဒ္ကို တစ္ႀကိမ္မကအႏိုင္က်င့္ခဲ့တဲ့ ဗီဒီယိုဖိုင္ေတြထြက္ေပၚလာခဲ့ပါတယ္။ ပထမဆုံးအေနနဲ႔

ကာတာမသြားခင္ အီတလီႏိုင္ငံ၊ တူရင္ၿမိဳ႕မွာ ဘရာဇီးအသင္းကေလ့က်င့္ေရးအတြက္အေျခစိုက္ခဲ့တာျဖစ္တယ္။ ေလ့က်င့္ေရးကြင္းထဲမွာ ဖရက္ဒ္ကအသင္းေဖာ္ေတြကိုမလုပ္ဖို႔

အႀကိမ္ႀကိမ္ေတာင္းပန္ေနေပမဲ့ ဝါရင့္ကစားသမားဒန္နီအဲလ္ဗက္စ္ဦးေဆာင္တဲ့ဘရာဇီးအသင္းသားေတြက ဝိုင္းဝန္းထိုးႀကိတ္ေနခဲ့သလို ဘာစီလိုနာကစားသမားရာဖင္ဟာက

ယူႏိုက္တက္ကြင္းလယ္လူရဲ႕ေျခေထာက္ေတြကိုခ်ဳပ္ထားၿပီး ရစ္ခ်ာလီဆန္ကိုေခါင္းကိုလက္နဲ႔႐ိုက္ခဲ့ပါတယ္။ ဖရက္ဒ္ဘယ္လိုျပဳမူခဲ့လို႔ အခုလိုဝိုင္းေဆာ္ခံရမွန္းမသိေပမဲ့

ဘရာဇီးအသင္းသားေတြၾကားမွာေတာ့ ဒါဟာေကာင္းတဲ့အရိပ္အေယာင္ေတြျဖစ္တယ္။ ေနာက္ေတာ့ အသင္းသားေတြဟာ ကာတာမသြားခင္မွတ္တမ္းတင္ဓာတ္ပုံအျမန္႐ိုက္ဖို႔စီစဥ္ခဲ့ၿပီး

ဖရက္ဒ္က ေနမာထိုင္ရမယ့္ေနရာမွာေရာက္ေနခဲ့ပါတယ္။ ဒီလိုအေနအထားမွာေတာ့ စပါးတိုက္စစ္မႉးရစ္ခ်ာလီဆန္က ဖရက္ဒ္ကိုလက္ဆြဲေခၚလိုက္ၿပီး အေဝးဆုံးတစ္ေနရာမွာသြားထိုင္ေစခဲ့ပါတယ္။

ပုံမွန္အားျဖင့္အသင္းလိုက္ဓာတ္ပုံေတြမွာ အသင္းေခါင္းေဆာင္ေတြနဲ႔ ၾကယ္ပြင့္ကစားသမားေတြဟာ နည္းျပခ်ဳပ္နဲ႔အနီးဆုံးျဖစ္တဲ့ အလယ္တည့္တည့္မွာထိုင္ေလ့ရွိၾကပါတယ္။

ဒါေၾကာင့္ၾကယ္ပြင့္မဟုတ္ဘဲ အလယ္ေရာက္ေနတဲ့ ဖရက္ဒ္ကို ရစ္ခ်ာလီဆန္ကဆြဲေခၚသြားခဲ့တဲ့ပုံစံျဖစ္တယ္။ ေနာက္ဆုံးမွတ္တမ္းတင္ပုံရိပ္မွာေတာ့

ေနမာကအလယ္တည့္တည့္ေရာက္သြားၿပီး ဖရက္ဒ္ကေတာ့ အလယ္နဲ႔ခပ္ေဝးေဝးေနရာကိုေရာက္ေနခဲ့ပါတယ္။