ဘရာဇီးအသင်းလူစာရင်းကချန်လှပ်ခံရပြီးနောက် ဆိုရှယ်မီဒီယာမှာ အမိုက်စားပို့စ်တင်ခဲ့တဲ့ ဖာမီနို

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလက်ရွေးစင်အသင်းအပြီးသတ်ကစားသမား ၂၆ ယောက်စာရင်းကနေချန်လှပ်ခံခဲ့ရတဲ့

လီဗာပူးတိုက်စစ်မှူးဖာမီနိုဟာ ဆိုရှယ်မီ ဒီယာမှာအမိုက်စားပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ဒီရာသီမှာပုံမှန်ကစားခွင့်ပြန်ရနေတဲ့ ဖာမီနိုမပါဝင်ခဲ့တာက

အနည်းငယ်တော့အံ့အားသင့်စရာဖြစ်ပေမဲ့ နည်းပြထီထီရဲ့လူ ရွေးချယ်မှုအပေါ် လီဗာပူးကြယ်ပွင့်က သံသယစိတ်လုံး၀မရှိခဲ့ပါဘူး။

ဖာမီနိုဟာ ဒီရာသီပရီးမီးယားလိဂ် ၁၂ပွဲ မှာ ၆ဂိုးသွင်း၊ ၃ ကြိမ် ဖန်တီးထားနိုင်ပြီး ဒါဟာအပြီးသတ် လူစာရင်းထဲပါဝင်ခဲ့တဲ့ ဂျီဆပ်စ်၊

အန်တိုနီ၊ မာတင်နယ်လီ၊ ရစ်ချာလီဆန်တို့ ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပါဝင် ခွင့်မရလို့ အသည်းကွဲခဲ့ပေမဲ့

ဖာမီနိုဟာသူ့ပရိသတ်တွေကိုလူမူကွန်ယက်မှာ အမိုက်စားမက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ “ချစ်စရာကောင်းတဲ့မက်ဆေ့ချ်တွေအတွက်

အားလုံးကိုကျေးဇူးတင်တယ်လို့ပြောရင်း ဖြတ်သွားချင်ပါတယ်။ ကမ္ဘာ့ဖလားဟာ ကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်ပြီး

ကျွန်တော့်အတွက်လည်းမခြားနားပါဘူး။ မနေ့ကတော့ ကျွန်တော့်ရဲ့စိတ်ကူးယဉ်အိပ်မက်အတိုင်းဖြစ်မလာခဲ့ပါဘူး။

ဒါပေမဲ့ ပြန်ကြည့်တဲ့အခါ ဘုရားသခင်ကကျွန်တော့်ကို အဲဒီအိပ်မက်အပြင် အခြားများစွာသော အိပ်မက်တွေအတွက် အသက်ရှင်ခွင့်ပေးထားပြီးဖြစ်လို့ ကျေးဇူးတင်ပါတယ်။

အရွေးခံရသူအားလုံးကို ဒီနေရာကနေ လေးစားမှုအပြည့်ပေးလိုက်သလို သူတို့အတွက်ဂုဏ်ယူပါတယ်။ အထူးသဖြင့် ဘုရားသခင်ပေးတဲ့လက်ဆောင်နဲ့

ကျွန်တော့်ရဲ့နိုင်ငံကိုကာကွယ်ခွင့်အတွက်အမြဲ တမ်းဂုဏ်ယူပါတယ်။ ဒီနေရာမှာ ဘုရားသခင်ကအကောင်းဆုံးရှိနေကြောင်းနဲ့ hexa လာမယ်ဆိုတာကိုယုံကြည်ချက်ရှိပါတယ်။

ထာ၀ရဘုရား မိန့်တော်မူတဲ့အတိုင်း သင့်အားမနစ်နာစေဘဲ ကြီးပွားစေဖို့အကြံအစည်နဲ့ မျှော်လင့်ခြင်းအနာဂါတ်ကိုပေးဆောင်မယ့်အကြံအစည်ကို ကျွန်တော်သိနေပါတယ်” လို့

ဖာမီနိုက ရေးသားခဲ့ပါတယ်။ ဘရာဇီးဟာ အသင်းသမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ရေးအတွက် ကြိုးစားရမှာဖြစ်ပြီး အုပ်စု-G မှာ

ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့အနဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်တယ်။

(Zawgyi)

ဘရာဇီးအသင္းလူစာရင္းကခ်န္လွပ္ခံရၿပီးေနာက္ ဆိုရွယ္မီဒီယာမွာ အမိုက္စားပို႔စ္တင္ခဲ့တဲ့ ဖာမီႏို

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဘရာဇီးလက္ေ႐ြးစင္အသင္းအၿပီးသတ္ကစားသမား ၂၆ ေယာက္စာရင္းကေနခ်န္လွပ္ခံခဲ့ရတဲ့ လီဗာပူးတိုက္စစ္မႉးဖာမီႏိုဟာ ဆိုရွယ္မီဒီယာမွာအမိုက္စား

ပို႔စ္တစ္ခုတင္ခဲ့ပါတယ္။ ဒီရာသီမွာပုံမွန္ကစားခြင့္ျပန္ရေနတဲ့ ဖာမီႏိုမပါဝင္ခဲ့တာက အနည္းငယ္ေတာ့အံ့အားသင့္စရာျဖစ္ေပမဲ့ နည္းျပထီထီရဲ႕လူ ေ႐ြးခ်ယ္မႈအေပၚ

လီဗာပူးၾကယ္ပြင့္ကသံသယစိတ္လုံး၀မရွိခဲ့ပါဘူး။ ဖာမီႏိုဟာ ဒီရာသီပရီးမီးယားလိဂ္ ၁၂ပြဲ မွာ ၆ဂိုးသြင္း၊ ၃ႀကိမ္ ဖန္တီးထားႏိုင္ၿပီး ဒါဟာအၿပီးသတ္ လူစာရင္းထဲပါဝင္ခဲ့တဲ့

ဂ်ီဆပ္စ္၊ အန္တိုနီ၊ မာတင္နယ္လီ၊ ရစ္ခ်ာလီဆန္တို႔ထက္ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ကမာၻ႔ဖလားပါဝင္ ခြင့္မရလို႔ အသည္းကြဲခဲ့ေပမဲ့ ဖာမီႏိုဟာသူ႔

ပရိသတ္ေတြကိုလူမူကြန္ယက္မွာ အမိုက္စားမက္ေဆ့ခ်္ေပးပို႔ခဲ့ပါတယ္။ “ခ်စ္စရာေကာင္းတဲ့မက္ေဆ့ခ်္ေတြအတြက္ အားလုံးကိုေက်းဇူးတင္တယ္လို႔ေျပာရင္း ျဖတ္သြားခ်င္ပါတယ္။

ကမာၻ႔ဖလားဟာ ကစားသမားတိုင္းရဲ႕အိပ္မက္ျဖစ္ၿပီး ကြၽန္ေတာ့္အတြက္လည္းမျခားနားပါဘူး။ မေန႔ကေတာ့ ကြၽန္ေတာ့္ရဲ႕စိတ္ကူးယဥ္အိပ္မက္အတိုင္းျဖစ္မလာခဲ့ပါဘူး။

ဒါေပမဲ့ ျပန္ၾကည့္တဲ့အခါ ဘုရားသခင္ကကြၽန္ေတာ့္ကိုအဲဒီအိပ္မက္အျပင္ အျခားမ်ားစြာေသာ အိပ္မက္ေတြအတြက္အသက္ရွင္ခြင့္ေပးထားၿပီးျဖစ္လို႔ ေက်းဇူး တင္ပါတယ္။

အေ႐ြးခံရသူအားလုံးကို ဒီေနရာကေန ေလးစားမႈအျပည့္ေပးလိုက္သလို သူတို႔အတြက္ဂုဏ္ယူပါတယ္။ အထူးသျဖင့္

ဘုရားသခင္ေပးတဲ့လက္ေဆာင္နဲ႔ ကြၽန္ေတာ့္ရဲ႕ႏိုင္ငံကိုကာကြယ္ခြင့္အတြက္အၿမဲ တမ္းဂုဏ္ယူပါတယ္။

ဒီေနရာမွာ ဘုရားသခင္ကအေကာင္းဆုံးရွိေနေၾကာင္းနဲ႔ hexa လာမယ္ဆိုတာကိုယုံၾကည္ခ်က္ရွိပါတယ္။

ထာ၀ရဘုရားမိန႔္ေတာ္မူတဲ့အတိုင္း သင့္အားမနစ္နာေစဘဲ ႀကီးပြားေစဖို႔အႀကံအစည္နဲ႔ ေမွ်ာ္လင့္ျခင္းအနာဂါတ္ကိုေပးေဆာင္မယ့္အႀကံအစည္ကို

ကြၽန္ေတာ္သိေနပါတယ္” လို႔ ဖာမီႏိုက ေရးသားခဲ့ပါတယ္။ ဘရာဇီးဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ၆ႀကိမ္ေျမာက္ ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေရးအတြက္

ႀကိဳးစားရမွာျဖစ္ၿပီး အုပ္စု-G မွာ ဆားဘီးယား၊ ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔အနဲ႔တစ္အုပ္စုတည္းက်ေရာက္ေနတာျဖစ္တယ္။